Related Posts Plugin for WordPress, Blogger...

Sunday, November 24, 2013

၁၂ တန်းပညာရေး စနစ် ၂၀၁၄ - ၂၀၁၅ ပညာသင် နှစ်တွင် အကောင် အထည်ဖော်နိုင်မည်မဟုတ်


၁၂ တန်း ပညာရေးစနစ်အားလာမည့် ပညာသင်နှစ်၂၀၁၄-၂၀၁၅ ခုနှစ် တွင် အကောင်အထည်ဖော်နိုင် မည်မဟုတ်သေးကြောင်း ပညာ ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အ ရာရှိတစ်ဦးက ပြောကြားခဲ့သည်။

လာမည့်ပညာသင်နှစ် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် စတင် အကောင် အထည်ဖော် နိုင်မည် ဟုရည်မှန်းထားခဲ့သော ၁၂တန်း ပညာရေး စနစ်အတွက် ပြည့်စုံလုံ လောက်သည့်အခြေအနေမရှိ သေးသည့်အတွက် အကောင် အ ထည်ဖော်နိုင်မည်မဟုတ်ကြောင်း အဆိုပါ အဆင့်မြင့် အရာရှိတစ် ဦး က ပြောသည်။

ယင်းက ''လာမယ့်ပညာသင် နှစ်အတွက် ဆောင်ရွက်ရမယ့်ကိစ္စ တွေ အများကြီးရှိပါသေးတယ်။ သင်ရိုးတွေလဲ ပြည့်စုံမှုမရှိသေး ဘူး။ အခုဆွေးနွေးညှိနှိုင်းနေဆဲ အဆင့်ပဲ ရှိပါသေးတယ်။

ပညာ ရေးဝန်ကြီးဌာနအနေနဲ့ အပြောင်း အလဲတွေ လုပ်နေချိန်မှာ အပြင် မှာ သတင်းတွေထွက်နေတာ အစုံပါပဲ။ ဖြည်းဖြည်းချင်းနဲ့ တစ် ဆင့်ချင်း လုပ်ဆောင်သွားမယ့် အပိုင်းတွေအများကြီးရှိတာမို့လို့ အချိန်ယူရဦး မှာပါ''ဟုဆိုသည်။

အဆိုပါပညာရေးစနစ်ကို အကောင်အထည်ဖော်ရန် လာ မည့်၂၀၁၄-၁၅ ပညာသင်နှစ် တွင်စတင်သင်ကြားမည့် မူကြို

တန်းအတွက်သင်ရိုးများကို ယခု ပညာသင်နှစ်တွင် စတင်ရေးဆွဲ နေပြီဖြစ်ကာ အလယ်တန်းနှင့် အထက်တန်းသင်ရိုးများကိုလည်း ပြောင်းလဲရေးဆွဲရန်စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။

ပညာရေးစီမံကိန်းနှင့် လေ့ ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးကိုကိုတင်က ''အ ရင်နှစ်တွေတုန်းက စာသင်နှစ် ကို သူငယ်တန်း (Grade-1)+ 4 -4-2 ပညာရေးစနစ်ကိုကျင့်သုံး ခဲ့ပေမယ့် လာမယ့်နှစ်ကစပြီး မူ ကြိုတန်း +၅-၄-၃စနစ်ကို ပြောင်း လဲကျင့်သုံးသွားမှာပါ။ အခုလို ပြောင်းလဲလိုက်တဲ့အတွက် နိုင်ငံ တကာနဲ့လဲညီသွားမယ်''ဟု ပြော သည်။

မြန်မာနိုင်ငံ၏ပညာရေး စနစ်အား စံချိန်စံညွှန်းနှင့်ကိုက် ညီစေရန် အခြေခံပညာစာသင် နှစ်များအား တိုးမြှင့်သင်ကြားနိုင် ရန် ငါးနှစ်စီမံကိန်းချမှတ်ဆောင် ရွက်၍လည်းကောင်း၊ နှစ် ၃၀ ရေ ရှည်စီမံကိန်းချမှတ်ဆောင်ရွက် ခြင်းဖြင့်လည်းကောင်း အကောင် အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ အာဆီယံအိမ်နီး ချင်းနိုင်ငံများတွင် အခြေခံပညာ သင်နှစ်အား ၁၃ နှစ်အထိ သတ် မှတ်ထားပြီး တစ်နှစ်လျှင် တစ် တန်းတက်ရကာ ၁၃ တန်းပြီးဆုံး မှ တက္ကသိုလ်သို့ စတင်တက် ရောက်ရကြောင်း သိရသည်။ စင်ကာပူ၊ မလေးရှားနှင့် ထိုင်း နိုင်ငံတို့တွင် ယင်းစနစ်ကိုကျင့်သုံး ထားကြောင်း သိရသည်။

၎င်း ၁၂တန်းပညာရေးစနစ်အား လက်ရှိခေတ်ကာလ အ ခြေအနေနှင့် သင့်တော်မည့် သင် ရိုးညွှန်းတမ်းများရေးဆွဲ သွားမည် ဖြစ်ကာ ယင်းကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် စတင်အကောင် အထည်ဖော်နိုင်ရန်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U