Related Posts Plugin for WordPress, Blogger...

Saturday, November 30, 2013

ပိတ်ပင်ထားတဲ့ နိုင်ငံခြားဖြစ် အရက်၊ဘီယာ အဖျော်ယမကာ တင်သွင်းမှုကို ခွင့်ပြုပေးနိုင်ဖို့ ရှိတယ်လို့ စီးပွား-ကူးသန်း ၀န်ကြီးဌာန တာဝန်ရှိသူတစ်ယောက်က ပြော

အခုဘဏ္ဍာရေးနှစ်မကုန်ခင်အထိ ပိတ်ပင်ထားတဲ့ နိုင်ငံခြားဖြစ် အရက်၊ဘီယာ အဖျော်ယမကာ တင်သွင်းမှုကို ခွင့်ပြုပေးနိုင်ဖို့ ရှိတယ်လို့ စီးပွား-ကူးသန်း ၀န်ကြီးဌာန တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ လောလောဆယ် နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင် သိုလှောင်ထားတဲ့ ဂိုဒေါင်တွေကို ၀င်ရောက် ဖမ်းဆီးတာ၊၊ ကားနဲ့ သယ်ယူတာကို ဖမ်းဆီးတာ အပြင် တိုင်ကြားရင် ဖမ်းဆီးပေးမယ်လို့ Mobile Team အဖွဲ့ရဲ့ ပြောကြားချက်တွေကြောင့် ကုန်တိုက်နဲ့ လစ်ကွာဟောက်စ် အတော်များများ ဟာ အရောင်းစင်တွေပေါ်ကနေ အရက်၊ ဘီယာ၊ ၀ိုင်တွေကို ဖယ်ရှားထားကြပါတယ်။ ဒါကြောင့် နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင် တွေ ၀ယ်ယူရခက်လာတဲ့အပြင် ဈေးနှုန်းလည်း မြင့်တက်လာတဲ့ အခြေအနေ ဘယ်လို ဖြေရှင်းမလဲ ဒီဗွီဘီ က မေးတာကို စီးပွား- ကူးသန်း တာဝန်ရှိသူက ခုလို ဖြေကြားလိုက်တာဖြစ်ပါတယ်။ အရင် စစ်အစိုးရခေတ်ကနေ ခုချိန်အထိ အစိုးရဟာ နိုင်ငံခြားကနေ အရက်၊ ဘီယာ၊ ၀ိုင် တင်သွင်းခွင့် လုံးဝ ပိတ်ပင်ထားပြီး ဟော်တယ်တွေ၊ နိုင်ငံခြားသားတွေ သွားတတ်တဲ့ စားသောက်ဆိုင်နဲ့ ကုန်စုံဆိုင် တစ်ချို့ကို သီးသန့်ပါမစ်နဲ့ တင်သွင်းခွင့်ပေးပြီး ဈေးကွက်ထဲမှာ ရောင်းချဖို့တော့ ခွင့်ပြမထားပါဘူး၊

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U