"မန္တလေး"
______
ရွှေခြေကျင်းမ၀တ်တော့တဲ့
ခြေသလုံးအဖွေးသားနဲ့ မန္တလေး.. ။ ။
အလိုမတူပဲအပျိုရည်ပျက်ခဲ့ရတယ်...
"အမေ"မချစ်တဲ့သူတွေ အခြေကျလာတဲ့
"အမေ"ချစ်တဲ့မန္တလေး
မြို့မသီချင်းတွေ မပီကလာ လိုက်ဆိုနေကြတယ်
အမေ......
မသေသောမြို့ က မသေသောအမေ
တောင်သမန်တောင်လေးလုံးမှာ
နိုဝင်ဘာနှင်းတွေဝေတိုင်း
ကဗျာဆရာတွေညလုံးပေါက်
ကဗျာတွေပျိုးနေကြတုန်း.. ။ ။
မယ်ဇယ်တွေလဲ မွေးတုံးပေါ့.. ။
အမေချစ်တဲ့ မန္တလေးကိုတော့
အမေလူထု တစ်လက်မ ခြင်းပဲ
ဆုံးရှုံးလိုက်ရပြီ........။ ။ ။ ။
နိုဝင်ဘာ(29)
98 နှစ်မြှောက် အမေလူထုဒေါ်အမာမွေးနေ့အမှတ်တရ.. ။ ။
စာရေးဆရာ၊ သတင်းစာဆရာမကြီး အမေလူထုဒေါ်အမာ၏အသက်(၉၈)နှစ် ပြည့်မွေးနေ့အမှတ်တရပွဲကို မန္တလေး ဦးပိန်တံတားအနီးရှိတောင်လေးလုံးကျောင်းတိုက်တွင် နိုဝင်ဘာ၂၉ရက်နေ့က ကျင်းပခဲ့.....
မိမိကွန်ပြုတာမှာ USB ပေါက်တွေကနေလာတဲ့ ဗိုင်းရပ်ကို ကာကွယ်ကြမယ်
-
*USB DISK SECURITY 6.2.0.125 WITH KEYGEN*
*မိမိတို့ကွန်ပြူတာကို နေရာအမျိုးမျိုးကနေ ပြီးတော့ virus
အမျိုးမျိုးဝင်နိုင်ပါတယ်*
*အခုပေးချင်တာလေးကတော့ မိ...
9 years ago
0 comments:
Post a Comment