Related Posts Plugin for WordPress, Blogger...

Saturday, November 30, 2013

အာဆီယံ စီးပွားရေး အကြံပေးကောင်စီ ဥက္ကဋ္ဌရာထူး မြန်မာနိုင်ငံ လွှဲပြောင်းလက်ခံ

မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်မှ စတင်၍ အာဆီယံ စီးပွားရေး အကြံပေးကောင်စီ ဥက္ကဋ္ဌ ရာထူးကို ဘရူနိုင်းနိုင်ငံထံမှ လွှဲပြောင်းရယူ လက်ခံလိုက်ကြောင်း အဆိုပါ ကောင်စီ၏ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

အဆိုပါ ရာထူးလွှဲပြောင်းပွဲကို နိုဝင်ဘာလ ၂၉ ရက် ညနေ ၅ နာရီ အချိန်တွင် ရန်ကုန်မြို့တော် Park Royal ဟိုတယ်၌ ကျင်းပစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေက အရမ်းကို စိန်ခေါ်မှု ပြင်းထန်တဲ့ အချိန်ကို ရောက်နေပြီ ဖြစ်တဲ့အတွက် ဒီအချိန်မှာ ကျရှုံးသွားနိုင်သလို၊ နိုင်လည်း နိုင်သွားနိုင်ပါတယ်” ဟု ဦးဝင်းအောင်က မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေကို မှတ်ချက်ပြု ပြောကြားသည်။

အဆိုပါ ရာထူးသည် တစ်နှစ်လျှင် တစ်နိုင်ငံ ထမ်းဆောင်ရခြင်း ဖြစ်ပြီး ယခုနှစ် ယင်းရာထူးကို ထမ်းဆောင်ခွင့်ရသည့် မြန်မာနိုင်ငံက အာဆီယံ ဒေသတွင်းရှိ ထိပ်သီး စီးပွားရေး လုပ်ငန်းရှင်ကြီး များကို စီးပွားရေးဆိုင်ရာ အကြံပြုချက်များ ပေးရမည် ဖြစ်ကြောင်း ဦးဝေဖြိုးက ပြောသည်။

အဆိုပါ ရာထူးကို ဘရူနိုင်း နိုင်ငံထံမှ လွှဲပြောင်းရယူခြင်း ဖြစ်ပြီး ၂၀၁၄ ခုနှစ်ထိ ထမ်းဆောင်ရမည် ဖြစ်ကြောင်း ယင်းရာထူးကို အာဆီယံ ၁၀ နိုင်ငံမှ စီးပွားရေး အကြံပေးအနေဖြင့် ၃ ဦးစီ ထမ်းဆောင်ရမည် ဖြစ်ပြီး မြန်မာနိုင်ငံမှ ဦးဝင်းအောင်၊ ဦးခင်မောင်ကျော်နှင့် ဦးဝေဖြိုးတို့က ယင်းတာဝန်ကို ထမ်းဆောင်မည် ဖြစ်ကြောင်း UMFCCI ထံမှ သိရသည်။

၂၀၁၄ ခုနှစ်အတွင်း ပထမဆုံး ထမ်းဆောင်ရမည့် အာဆီယံဥက္ကဋ္ဌ ရာထူးကို ဘရူနိုင်း ဒါရူဆလန် နိုင်ငံထံမှ မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်က အောက်တိုဘာလ ၁၀ ရက်နေ့က အခမ်းအနားဖြင့် လွှဲပြောင်း ရယူခဲ့ပြီး အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ထမ်းဆောင်ရမည် ဖြစ်သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U