Related Posts Plugin for WordPress, Blogger...

Sunday, November 24, 2013

" ဖုန်းခေါ်ဆိုခလျှော့ချပေးစေချင် "


(အယ်ဒီတာထံ ပေးစာ)

သို့
အယ်ဒီတာခင်ဗျား

ကျွန်တော်က မြောက်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ ကျောင်းသားတစ်ဦးပါ။ ယခင်တစ်ပတ် ပေါ်ပြူလာနယူးစ်ဂျာနယ်မှာ Telenor Myanmar အမှုဆောင်အရာရှိချုပ်နဲ့ အင် တာဗျူးမေးတာကို ဖတ်လိုက်ရပါတယ်။ အဲဒီမှာ ဖုန်းခေါ်ဆိုခနှုန်းထားကို ၂၅ ကျပ်နှုန်းထားထက်မပိုတဲ့ နှုန်းနဲ့သာ ကောက် ခံမယ်လို့ ပြောထားတာ တွေ့ရပါတယ်။

၂၅ ကျပ်ဆိုတာ အမြင့်ဆုံးလို့လည်း ပြောသွားပါသေးတယ်။ အဲဒါဆို ကျွန်တော်တို့လို မြန်မာ့ဆက်သွယ်ရေးကနေ ဝယ်ယူထားခဲ့တဲ့ မိုဘိုင်းဖုန်းတွေရဲ့ခေါ် ဆိုခ နှုန်းထားေ တွရော ကျဆင်းပေးဖို့ ရှိသေးလားဆိုတာ သိချင်ပါတယ်။ အခု အသုံးပြုနေတဲ့ ပြည်တွင်း မိုဘိုင်းဖုန်းရဲ့ခေါ်ဆိုခ တစ်မိနစ် ၅ဝ ကျပ်ဟာ မများလွန်းဘူး လားလို့ လည်း မေး ချင်ပါတယ်။ လွှတ်တော်အစည်းအဝေး တစ်ခုမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ မိုဘိုင်းဖုန်းခေါ်ဆိုခ လျှော့ချပေးဖို့ အစီအစဉ်ရှိ မရှိ ဆိုတဲ့အပေါ် ဆက်သွ ယ်ရေးဒု ဝန်ကြီးဦးသောင်း တင်က လျှော့ချပေးဖို့ရှိ တယ်လို့လည်း ဖြေကြားဖူးပါတယ်။

ဒုဝန်ကြီးပြော တဲ့အထဲမှာ ၁၅ ကျပ်ကနေ ၂၅ ကျပ်အကြား ဖြစ်စေရမယ်လို့တောင် အတိအ ကျပါပါသေးတယ်။

ဒါပေမဲ့ အဲဒါက အခုချိန်အထိ ဖြစ်မလာ သေးပါဘူး။ ဘယ်အချိန်မှာများ မိုဘိုင်းဖုန်းပြောခတွေ သက်သက်သာသာ ဖြစ်ပါမလဲ။ ခုဆို ပြည်ပအော်ပရေ တာတွေက လည်း နောက်နှစ်အတွင်း မှာတင်ပဲ ဖုန်းကတ်တွေ ရောင်းချပေးဖို့ လုပ်သွားမယ်ဆိုတာ သိရတဲ့အခါ ကျွန်တော်တို့လို အစိုးရဆီကနေ ဈေးကြီးပေး ဝယ်ထားရတဲ့ ဖုန်းတွေ အတွက် ဘယ်လိုများဆောင်ရွက်ပေးမှာပါလဲဆိုတာ ပိုသိချင်လာပါတယ်။ နိုင်ငံတ ကာဖုန်းခေါ်ဆိုခနှုန်းတွေ ထက်လည်း များတဲ့အပြင် တစ်ခါတစ်ခါ ဖုန်းပြော ခဖြတ် တောက်လိုက်တာတွေကလည်း ပိုဖြတ်သလားလို့တောင် ထင်ရပါတယ်။

ငါးထောင်ကျပ်တန်တစ်ကတ်ဟာ ခဏလေးပဲသုံးလိုက်ရ သလိုပါပဲ။ ဒီအတွက် ပြည်ပ တင်ဒါအောင်တဲ့ ကုမ္ပဏီတွေ ဝန်ဆောင်မှုမစ သေးခင် ကျွန်တော်တို့ ပြည်တွင်းဖုန်းတွေအတွက် ဝန်ဆောင်ခ၊ ဖုန်းခေါ် ဆိုခ အမြန်ဆုံးပြောင်း လဲပေးဖို့ ပေါ်ပြူလာ ယူးစ်က တစ်ဆင့် တင်ပြတောင်း ဆိုလိုက်ရပါတယ်။ မဟုတ်ရင် ပြည်ပက ဖုန်းအော်ပရေတာတွေ ဝင် လာတဲ့အခါ သူတို့ဖုန်းတွေပဲ လွယ်လွယ်ကူကူဝယ်ပြီး ပြောင်းလဲကိုင် ရတော့ မယ့်အခြေအနေမျိုး ဖြစ်နေပါတယ်။

ဒါမှမဟုတ် ဖုန်းဝယ်ယူစဉ်က တည်းက ဖုန်းစာချုပ်မှာ ငှားရမ်းသုံးစွဲတယ်လို့ပါတာမို့ ပြန်အပ်ပြီး ပိုက်ဆံ ပြန်တောင်းမယ်ဆိုရင်ရော ရနိုင်ပါသလား။ ပြည်တွင်းရဲ့မိုဘိုင်းဖုန်းတွေ သုံးစွဲသူများအတွက် ဆက်သွယ်ရေးအနေနဲ့ ဈေးနှုန်းလျှော့ချပေးဖို့တောင်း ဆိုပါရစေ။

မောင်မင်းခန့်ဦး
မြောက်ဒဂုံမြို့နယ်မှ ကျောင်းသားတစ်ဦး

>Popular Myanmar News Journal

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U