Related Posts Plugin for WordPress, Blogger...

Saturday, November 30, 2013

ရန်ကုန် နည်းပညာတက္ကသိုလ်သို့ ကျပ်သိန်း ၃၀၀ နီးပါး သင်ထောက်ကူပစ္စည်းများ ထောက်ပံ့

ဂျပန်နိုင်ငံ တိုကျိုမြို့အခြေစိုက် Topcon Corporation နှင့် Topcon အမှတ်တံဆိပ် မြေတိုင်းပစ္စည်းများ ကုမ္ပဏီက ရန်ကုန် နည်းပညာ တက္ကသိုလ်သို့ ကျပ်သိန်း ၂၇၀ ကျော် တန်ဖိုးရှိ သင်ထောက်ကူပြု ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း အဆိုပါ တက္ကသိုလ်၏ မြို့ပြ အင်ဂျင်နီယာဌာနမှ ပါမောက္ခဌာနမှူး ဦးဉာဏ်မြင့်ကျော်က ပြောကြားသည်

လှူဒါန်းထားသော သင်ထောက်ကူ ပစ္စည်းများကို Topcon ၏ မြန်မာနိုင်ငံ ဆိုင်ရာ ဖြန့်ချိရေး ကိုယ်စားလှယ် Concordia International Co., Ltd. က နိုဝင်ဘာလ ၂၉ ရက်နေ့တွင် တစ်ဆင့် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

အဆိုပါ ပစ္စည်းများကို ဆောက်လုပ်ရေး လုပ်ငန်းများ၊ လမ်းဖောက်လုပ်ခြင်း လုပ်ငန်းများအပြင် အခြားမည်သည့် တိုင်းတာမှုမဆို အသုံးပြုနိုင်ပြီး ထောက်ပံ့ထားသော ပစ္စည်းများမှာ Topcon အမှတ် တံဆိပ် Easy Station(ES-105) သုံးလုံးနှင့် Digital Level 2LS Orion ငါးလုံးတို့ ဖြစ်ကြောင်း ဦးဉာဏ်မြင့်ကျော်က ဆိုသည်။
“ဒီပစ္စည်းတွေက ကျောင်းသားတွေအတွက် စာသင်တဲ့ နေရာမှာရော၊ လက်တွေ့ ကွင်းဆင်း စစ်ဆေးတဲ့ နေရာမှာရော အသုံးတည့်တယ်” ဟု ၎င်းကပြောကြားသည်။

ဂျပန် Topcon ကုမ္ပဏီသည် ၁၉၉၆ ခုနှစ်တွင် ရန်ကုန် နည်းပညာ တက္ကသိုလ်သို့ သင်ထောက်ကူ ပစ္စည်းများ လှူဒါန်းဖူးပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက် ထောက်ပံ့ခြင်း ဖြစ်သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U