Related Posts Plugin for WordPress, Blogger...

Friday, November 8, 2013

အိုလံပစ် မီးရှူးတိုင် နိုင်ငံတကာ အာကာသ စခန်းသို့ အောင်မြင်စွာ ရောက်ရှိ


Photo: အိုလံပစ် မီးရှူးတိုင် နိုင်ငံတကာ အာကာသ စခန်းသို့ အောင်မြင်စွာ ရောက်ရှိ

အာကာသယာဉ်မှူး သုံးဦးလိုက် ပါသွားသော ရုရှား Soyuz အာကာသ ယာဉ်သည် အိုလံပစ် မီးရှူးတိုင်ကို နိုဝင်ဘာ ၇ရက်က အာကာသ အတွင်းသို့ အောင်မြင်စွာ သယ်ဆောင် သွားနိုင်ခဲ့ပြီး ၎င်းမီးရှူးတိုင်သည် နိုင်ငံတကာ အာကာသ စခန်းသို့ အောင်မြင်စွာ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးရှူးတိုင်ကို အာကာသအတွင်း ပထမဆုံး အကြိမ် လမ်းလျှောက်မှုကို အာကာသယာဉ်မှူးများက လုပ်ဆောင်ရန် အသင့်ရှိနေပြီဖြစ်ပြီး ဆိုချီတွင် ပြုလုပ်မည့် ၂ဝ၁၄ ဆောင်းရာသီ အိုလံပစ် အားကစား ပြိုင်ပွဲအတွက် အံ့မခန်း လုပ်ဆောင် မှု တစ်ရပ်ကို လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

Soyuz အာကာသယာဉ်သည် ဆောင်းရာသီ အိုလံပစ်အားကစား ပြိုင်ပွဲမတိုင်မီ မီးရှူးတိုင် လက်ဆင့်ကမ်း သယ်ဆောင်မှု အစိတ်အပိုင်း တစ်ရပ်ကို လုပ်ဆောင်သွား မည် ဖြစ်သည်။

၂ဝ၁၄ ခုနှစ်တွင် ကျင်းပမည့် အိုလံပစ် ပြိုင်ပွဲသည် ရုရှားနိုင်ငံ၏ ပုံရိပ်ကို တိုးမြှင့်နိုင်သည့် အပြင် ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးနောက် ဆယ်စုနှစ် နှစ်ခုကျော်ကြာ အောင် မြင်မှုများ ရရှိနိုင်မှုကို ပြသနိုင်မည်ဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မျှော်လင့် ထားကြောင်း သိရသည်။

အေးချမ်းမွန် Credit To >မြ၀တီ<Thanks
https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/အာကာသယာဉ်မှူး သုံးဦးလိုက် ပါသွားသော ရုရှား Soyuz အာကာသ ယာဉ်သည် အိုလံပစ် မီးရှူးတိုင်ကို နိုဝင်ဘာ ၇ရက်က အာကာသ အတွင်းသို့ အောင်မြင်စွာ သယ်ဆောင် သွားနိုင်ခဲ့ပြီး ၎င်းမီးရှူးတိုင်သည် နိုင်ငံတကာ အာကာသ စခန်းသို့ အောင်မြင်စွာ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။


အဆိုပါ မီးရှူးတိုင်ကို အာကာသအတွင်း ပထမဆုံး အကြိမ် လမ်းလျှောက်မှုကို အာကာသယာဉ်မှူးများက လုပ်ဆောင်ရန် အသင့်ရှိနေပြီဖြစ်ပြီး ဆိုချီတွင် ပြုလုပ်မည့် ၂ဝ၁၄ ဆောင်းရာသီ အိုလံပစ် အားကစား ပြိုင်ပွဲအတွက် အံ့မခန်း လုပ်ဆောင် မှု တစ်ရပ်ကို လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

Soyuz အာကာသယာဉ်သည် ဆောင်းရာသီ အိုလံပစ်အားကစား ပြိုင်ပွဲမတိုင်မီ မီးရှူးတိုင် လက်ဆင့်ကမ်း သယ်ဆောင်မှု အစိတ်အပိုင်း တစ်ရပ်ကို လုပ်ဆောင်သွား မည် ဖြစ်သည်။

၂ဝ၁၄ ခုနှစ်တွင် ကျင်းပမည့် အိုလံပစ် ပြိုင်ပွဲသည် ရုရှားနိုင်ငံ၏ ပုံရိပ်ကို တိုးမြှင့်နိုင်သည့် အပြင် ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးနောက် ဆယ်စုနှစ် နှစ်ခုကျော်ကြာ အောင် မြင်မှုများ ရရှိနိုင်မှုကို ပြသနိုင်မည်ဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မျှော်လင့် ထားကြောင်း သိရသည်။
Sayar Chan
http://sayarchan.blogspot.com/

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U