Related Posts Plugin for WordPress, Blogger...

Saturday, November 9, 2013

ဒုက္ခသယ်စခန်းအား ရိက္ခာပို့ မည့်ကားတိမ်းမှောက်၊ တစ်ဦးသေ



ကချင်ပြည်နယ် မြစ်ကြီးနား ရှိ နန်လင်းပါ ဒုက္ခသယ်စခန်းအား ရိက္ခာပို့ မည့်ကား နိုဝင်ဘာလ ၇ ရက်နေ့ က တမ်းမှောက်ခြင်းကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦး ဒါဏ်ရာရခဲ့ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ သိရသည်။

ရိက္ခာပို့သည့်ကားအား မောင်းလာသူသည် သားအဖနှစ်ယောက်ဖြစ်ပြီး ယင်းတမ်းမှောက်မှုကြောင့် မောင်းနှင်သူ ဖခင်သေဆုံးခဲ့သည်ဟု သိရသည်။

လူဦးရေ ၁၀၀၀ ခန့်ရှိသော နန်လင်းပါဒုက္ခသယ်စခန်းသို့ ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်နေ့ မှစတင်၍ ယခုအချိန်အထိ စားနပ်ရိက္ခာများ တင်ပို့နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“အခု အဲ့ဒီနေရာက ဒီနေ့အထိကိုဆန်မရောက်ဘူး။ နန်လင်းပါဆိုတဲ့ရွှာက အခုထက်ထိ အစိုးရရဲဝိုင်းထားတာ ကိုခံနေရတုန်းပဲ။ အခုအချိန်မှာ သူတိုတွေအနေနဲ့ ဘယ်လိုအသက်ရှင်နေလည်းဆိုတာကို ကျွန်မအနေနဲ့  မသိဘူး” ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ မခွန်ဂျာက ပြောကြားသည်။

နန်းလင်းပါ ဒုက္ခသယ်စခန်းအတွက် ရိက္ခာတင်ဆောင်ခဲ့သော ကားမှောက်ရခြင်းမှာလည်း အစိုးရတပ်များက ဗန်းမော် လမ်းများအား ဖျက်တောက်ထားခြင်းကြောင့် ဖြစ်ကြောင်း မခွန်ဂျာက ဆက်လက် ပြောဆိုသည်။

“ပုံမှန်ဆိုရင် ဗန်းမော်ဘက်က သွားမယ်ဆိုရင် ဘာမှဖြစ်မှာ မဟုတ်ဘူး။ ဘာလို့ လည်းဆိုတော့ မြေပြန့်ကများတယ် အခုဟာက ဒုက္ခသည်စခန်းတွေကို အစိုးရတပ်တွေက ဖျက်ထားတယ်။ ဒီတော့ မိုင်ဂျာယန်က နေပြီးတော့ သွားရတယ် မိုင်ဂျာယန်ကနေသွားတယ်ဆိုရင် မြေပြန့်သိမ်မရှိတော့ဘဲ တောင်တက်တွေကြီးပဲ ”ဟု မခွန်ဂျာက ပြောကြားသည်။

ကချင်ပြည်နယ်ရှိ ဒုက္ခသယ်စခန်းများသို့ စားနပ်ရိက္ခာများ လိုက်လံပို့ဆောင်ပေးနေသူ အဖွဲ့မှ မမေသော်က “ရိက္ခာမရှိဘူးဆိုလို့ ပို့ လိုက်တာ ကားကမကောင်းလမ်းကလည်း မကောင်းလို့ ဖြစ်သွားတာပါ” ဟု ဆိုသည်။

အဆိုပါ နန်လင်းပါဒုက္ခသယ်စခန်းသို့ အောက်တိုဘာလအတွက် စားနပ်ရိက္ခာအား မပို့နိုင်သေးသည်မှာ ယခု အချိန်ထိဖြစ်ကြောင်း သိရသည်။

နှင်းနွယ်

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U