ခေါင်းစဉ်က ဗိုလ်ချုပ်ကြီးများ Gmail သုံးနေကြပြီလား ဖြစ်ပါတယ်။
သုံးနေကြပါပြီ တဲ့။
အိုင်တီသတင်းတွေ ဖော်ပြတတ်တဲ့ engadget.com သတင်းတပုဒ်မှာ အဲဒီလို သတင်းအစအန တွေ့ပါတယ်။
Google ရဲ့ ဥက္ကဋ္ဌ Eric Schmidt ကို ကိုးကားပြီး ရေးထားခြင်းပါ။
"ဝါရင့်ခေါင်းဆောင်တွေ အားလုံး Gmail အကောင့် ရှိနေကြပါပြီ" လို့ Google ဥက္ကဋ္ဌက ပြောပါတယ်။ ဟောင်ကောင်မှာလုပ်တဲ့ ဟောပြောပွဲတခုအတွင်း အဲဒီလို ပြောလိုက်တာပါ တဲ့။
မြန်မာပြည်အကြောင်း တခြား ထူးထူးထွေထွေ ရေးထားတာ မရှိပါ။
ဗိုလ်ချုပ်ကြီးများ Gmail သုံးနေကြပြီလား ဆိုတာကတော့ ဗိုလ်ချုပ်ကြီးများကို သွားမေးမှပဲ တိတိကျကျ သိနိုင်မယ် ထင်ပါတယ်။
အိုင်တီခေတ်ရောက်ပြီ ဆိုတော့လည်း ဗိုလ်ချုပ်ကြီးများမှာ Gmail အကောင့် တခုစီတော့ ရှိနေကြလိမ့်မယ်လို့ ယူဆရပါတယ်။ ပုံမှန် သုံးမသုံးဆိုတာကတော့ တကဏ္ဍ ဆိုပါစို့။
အခါအားလျော်စွာသုံးတဲ့ အဘတွေကတော့ ဦးအောင်ကြည်၊ ဦးအောင်မင်း၊ ဦးရဲထွဋ်တို့ဖြစ်ဖွယ်ရှိပါတယ်။
ဝါရင့်ခေါင်းဆောင်တွေ အားလုံး Gmail သုံးနေကြပြီလို့ Google ဥက္ကဋ္ဌက အဲဒီလို ပြောလိုက်ခြင်းက ဗိုလ်ချုပ်ကြီးတို့နဲ့ တွေ့ဆုံစဉ် သိခဲ့ရတာတွေကို ကိုးကားပြီး ပြောတာလည်း ဖြစ်နိုင်ပါတယ်။
အပေါ်ပုံကတော့ ပြီးခဲ့တဲ့ မတ်လ Google ဥက္ကဋ္ဌရဲ့ မြန်မာပြည်လေ့လာရေးခရီးအတွင်း ရိုက်ထားတဲ့ပုံပါ။သူ မြန်မာပြည် လာတုန်းကတော့ ...
အင်တာနက်ကြောင့် မြန်မာနိုင်ငံအခြေအနေတွေက
နောက်ကြောင်းပြန်မလှည့်နိုင်တော့ဘူး၊ အင်တာနက် အဆင်ပြေသွားပြီ ဆိုတာနဲ့
ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးလာပြီး တရားဥပဒေစိုးမိုးရေး
ဖြစ်ထွန်းလာမှာပဲ လို့ ပြောပါတယ်။အာရှရဲ့ စီးပွားရေး စားကျက်သစ်တခု ဖြစ်လာတဲ့ မြန်မာနိုင်ငံမှာ
မိုဘိုင်း နဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေ မြန်မြန် တိုးတက်ဖို့  လိုနေတယ်၊
မြန်မာပြည် ဈေးကွက်ထဲ ၀င်ပြီး Andriod အသုံးပြုထားတဲ့ Google
စမတ်ဖုန်းတွေကနေ အမြတ်ငွေ ကြီးကြီးမားမား ရရှိနိုင်တယ်လို့ ထောက်ပြမှုတွေ
ရှိနေကြောင်း ဧရာဝတီဘလော့ http://blog.irrawaddy.org မှာ ရေးခဲ့ပြီးပါပြီ။
ဆင်မ်ကတ်တွေ
ဈေးချပြီး မိုဘိုင်းဖုန်း အသုံးပြုမှု အလျင်အမြန် တိုးတက်လာမယ့်
မြန်မာပြည် ဖုန်းဈေးကွက်ကလည်း Google အတွက် မက်မောစရာ ဖြစ်နေပါလိမ့်မယ်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago
0 comments:
Post a Comment