Related Posts Plugin for WordPress, Blogger...

Saturday, November 30, 2013

Happy Birthday Ma Aye Nyein







မွေးနေ့ ပို့စ်ကဒ်

ဒီဇင်ဘာ  လ . . . ဒီနေ့ဟာ ဒီဇင်ဘာရဲ့ နှင်းတွေ ခြွေသော တစ်ရက်ဖြစ်တယ် ။ ကောင်းကင်မှာ အလင်း ပွင့် တွေ အုံ့ဆိုင်းလို့ နှင်းဟာ ပုံသဏ္ဍာန်အမျိုးမျိုးဖြစ်တည်နေတယ် ။ ကျွန်တော်ဟာ ဖြတ်သန်းခဲ့တဲ့ ဘ၀ တလျှောက် လုံး ရန်သူတွေ မိတ်ဆွေတုတွေအများကြီးနဲ့ကြုံခဲ့ရသလို မိတ်ဆွေစစ်တွေနဲ့လည်း ကြုံခဲ့ရပါတယ် ။ ဒီနေ့ဟာ တစ်ရုံးထဲမှာအလုပ်အတူလုပ်နေတဲ့ ကျွန်တော့်ရဲ့ မိတ်ဆွေစစ် မအေးငြိမ်းသူရဲ့ မွေးနေ့မင်္ဂလာ ရက်က လေးဖြစ်ပါတယ် ။ အကူအညီလိုတိုင်း လက်မနှေးပဲ ကူညီလေ့ရှိသလို ကျန်းမာရေး ဗဟုသုတ တွေနဲ့ပတ် သတ်ပြီးလည်း ကျွန်တော့်ကို အမြဲပဲ အကူအညီတောင်းခံလေ့ရှိပါတယ် ။ မိတ်ဆွေစစ် ပေါများခြင်းသည် မင်္ဂလာ တစ်ပါးဖြစ် သည်နှင့်အညီ မအေးငြိမ်းသူရဲ့ မွေးနေ့အတွက် မွေးနေ့လက်ဆောင်အဖြစ် ကျွန်တော် တန်ဖိုးကြီး ကြီးမားမား အမှတ်တရတွေ ဘာမှမပို့ပေးနိုင်ခဲ့ပါဘူး ။ အဲဒီအတွက်ကြောင့် အစ်မ မအေးငြိမ်းသူရေ မွေးနေ့က ဗျာလေးကိုပဲ တန်ဖိုးထားပြီး ပျော်ရွှင်သော မိသားစု နဲ့အတူ ဘ၀ကို တန်ဖိုးထား ဖြတ်သန်းပါခင်ဗျာ ။  ကိုယ့်မွေးနေ့ကိုသာ မသိလိုက် မသိဖာသာ အမြဲဖြတ်သန်းခဲ့တဲ့ ကျွန်တော်ဟာ ကျွန်တော် ချစ်သော မိတ်ဆွေစစ်တွေအတွက် အမြဲပဲ မွေးနေ့က ဗျာလေးတွေ ရေးပေးလေ့ရှိပါတယ် ။ ကဲ . . .ဒီဇင်ဘာ လ နှင်းတွေ ခြွေသော . . . ဒီဇင်ဘာရဲ့ အေးချမ်းသော နေ့လေးတစ်နေ့ . . . .ဖြစ်ပါစေ.. ။ ။

မွေးနေ့ဆုတောင်း

ယခု မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ဘ၀ကို အေးချမ်း စွာ ဖြတ်သန်းနိုင်ပါစေ ။ ချစ်သော မိသားစုနဲ့ ဘေးရန်ကင်းစွာ ဘာသာအကျိုး သာသနာအကျိုး ကို သယ်ပိုး ထမ်းရွက်နိုင်သော မွန်မြတ်သော အမျိုးသမီး တစ်ဦး ဖြစ်နိုင်ပါစေ ခင်ဗျား)

ဒီဇင်ဘာရဲ့ . . . နှင်းခြွေသော ရက်

သူဟာ . . . ကမ္ဘာမြေကို စောင့်ကြည့်နေခဲ့ယုံသက်သက်ပါ
ပြက္ခဒိန်တွေထဲက . . .လခြမ်းကွေးငယ်ကတော့
ဟိုးအဝေးက . . ကြယ်ရောင်တဖျတ်ဖျတ်ရဲ့ကြား
ခပ်မှိန်မှိန်ကလေး . . . .

မီးခိုးတလူလူနဲ့ ဘူတာရုံပေါင်းများစွာ ကျော်ဖြတ်
တစ်ရက်ပြီး . . တစ်ရက် . . နောက်တစ်ရက်
ဒီလိုနဲ့ . . . 20 ကျော်အရွယ်
မလည်မ၀ယ်နဲ့ ` ဘ၀ ´ မှာ . . .တလည်လည်

အေးစိမ့်တဲ့ မျက်ဝန်းတစ်စုံနဲ့ `သူ့ ´ မှာ
နွေးထွေးတဲ့ မေတ္တာတရားတွေ
မိခင်တစ်ယောက်ရဲ့ ကာကွယ်ပေးတတ်ခြင်းတွေနဲ့
`သူ´ဟာ . . ကိုယ့်အရိပ်ကိုယ် ပြန်ဆာလောင်နေသူ

ဖြူစင်ရိုးသားသော ကောင်းကင်ပြင်မှာ
ရွှေရောင်နေခြည်တွေ . . .
` သူ့ ´ အာရုဏ်ကျင်းချိန်မှာ . . မျှော်လင့်ခြင်းတွေလင်းဝေလို့
ဟုတ်တယ် . . . ဒီနေ့ဟာ
ဒီဇင်ဘာရဲ့ နှင်းတွေခြွေသော ရက်ဖြစ်တယ်

အို . . . အလင်းပွင့်တို့ရေ
` သူ့ ´ ဆည်းဆာတွေကို ဖြန့်ကျဲ ပေးလိုက်ကြစမ်းပါ
`မွေးနေ့မင်္ဂလာ ´ ရက်မြတ်သည်လည်း
ကြယ်တွေ ခင်းတဲ့ နှင်းတွေနဲ့အတူ
ချစ်သော မိသားစုနဲ့ ကြည်နူးနိုင်စေရဲ့
`ဘ၀ဟာ ပျော်စရာအတိရယ်ပါ ´ လို့
`သူ့ကမ္ဘာ ´ မှာ ကျွန်တော် စာတမ်းချိတ်ဆွဲပေးခဲ့တယ်

ဆယ်စုနှစ်တွေကို အံတုရင်း
စကြ၀ဌာရဲ့ အဆုံးမဲ့ပျံသန်းခြင်းမှာ
`သူ့´ ငိုကြွေးခြင်းတွေမရှိပါစေနဲ့
အရာရာကို `သင့်ယုံ´ ကလေး ချိန်ဆတွေးလို့
ကံကောင်းခြင်း တောအုပ်နဲ့တောင်တန်းတွေ
စိမ်းညှို့ရှင်သန်နေပါစေ . . .

မြူတွေလည်း မဖုံးအုပ်စေနဲ့
လူတွေလည်း မမုန်းမိစေနဲ့
အေးချမ်းသော စမ်းရေမှ ငါးငယ်လို
ကြည်လင်စွာ ကူးခတ်စေလိုချင်ရဲ့
`ဘ၀´ရဲ့ သီအိုရီတွေအကြား
`သူ့´ ချစ်ခြင်းနဲ့ ပဉ္စလက်အလင်းတွေ
ကမ္ဘာမြေအနှံ့ ဖြန့်ဝေနိုင်စေ . . .


ခင်မင်စွာဖြင့်
Sayar Chan(ခ)နေ၀န်းနီ

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U