Related Posts Plugin for WordPress, Blogger...

Tuesday, November 26, 2013

ဖွဲ့စည်းပုံ ပြင်ရေး ဒေါ်အောင်ဆန်းစုကြည်လုပ်ရပ် NLD လူငယ် ထောက်ခံ

ပြီးခဲ့တဲ့ရက်ပိုင်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး လွှတ်တော်၊ သမ္မတ၊ တပ်မတော်တို့ ၃ ပွင့် ဆိုင် တွေ့ဆုံဖို့  သမ္မတ ထံ မေတ္တာရပ်ခံခြင်းအပေါ် NLD လူငယ်ညီလာခံ ကျင်းပရေး ကော်မရှင် က 
ထောက်ခံတယ်လို့ ဒီကနေ့ သဘောထား ကြေညာချက် ထုတ်ပြန်ပါတယ်။ 



 
နိုင်ငံတော်တွင် အဓိကအကျဆုံး ကိစ္စတစ်ရပ်ဖြစ်နေသော ၂၀၀၈ဖွဲ့စည်းပုံ အခြခံဥပဒေ ပြုပြင်ပြာင်းလဲရေး အဆင်ပြေချောမွေ့စွာ ဖြစ်မြောက်စေရန်ရည်ရွယ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ 
ဒေါ်အောင်ဆန်းစုကြည်က အုပ်ချုပ်ရေးမဏ္ဍိုင် အကြီးအကဲဖြစ်သူ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၊ လွှတ်တော်နှင့် တပ်မတော်တို့နှင့် တွေ့ဆုံဆွေးနွေးရန်အတွက် သမ္မတကြီးအား စာအားဖြင့် မေတ္တာရပ်ခံ
ခြင်းအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် ညီလာခံကျင်းပရေးဗဟိုကော်မရှင်က ထောက်ခံကြောင်း ဆိုပြီး ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ 



0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U