Related Posts Plugin for WordPress, Blogger...

Saturday, November 30, 2013

မြန်မာ့ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲကို ကျင်းပဖို့ စင်ကာပူအခြေစိုက် ဗာကို Varco ကုမ္ပဏီ ရွေးချယ်ခံရတယ်လို့ ရုပ်ရှင်လုပ်ငန်းက သတင်းထုတ်ပြန်

ဒီဇင်ဘာ လအတွင်း ကျင်းပမယ့် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲကို ကျင်းပဖို့ စင်ကာပူအခြေစိုက် ဗာကို Varco ကုမ္ပဏီ ရွေးချယ်ခံရတယ်လို့ ရုပ်ရှင်လုပ်ငန်းက သတင်းထုတ်ပြန်ပါတယ်။ တင်ဒါ ၀င်ပြိုင်တဲ့ ကုမ္ပဏီ ၉ ခုရှိပြီး ဗာကိုကုမ္ပဏီနဲ့အတူ ရွှေသံလွင်ကုမ္ပဏီ နဲ့ စူပါလိုက် ကုမ္ပဏီတွေကလည်း ဇကာတင် စာရင်းမှာ ပါဝင်တယ်လို့ သိရပါတယ်။ ရွေးချယ်ခံရတဲ့ ကုမ္ပဏီဟာ အကယ်ဒမီပွဲ စင်မြင့်ပြင်ဆင်တာ၊ မီးနဲ့ ဒီဂျစ်တယ် စနစ် တပ်ဆင်တာ၊ ဧည့်သည်တွေကို ကျွေးမွေးဧည့်ခံတာ၊ ဖိတ်စာ နဲ့ သတင်းမီဒီယာ လုပ်ငန်းတွေ လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။ အကယ်ဒမီ ဆုပေးပွဲကို လာမယ့် ဒီဇင်ဘာ ၂၉ ရက်နေ့ ရန်ကုန် သုဝဏ္ဏအားကစားပြိုင်ပွဲရုံ (၁) မှာ ကျင်းပမယ်လို့ အကြမ်းဖျဉ်းလျာထားကြောင်း သိရပါတယ်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U