Related Posts Plugin for WordPress, Blogger...

Monday, December 23, 2013

Aung San Suu Kyi Fast Facts (မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သိမှတ်ဖွယ်ရာ အချက်အလက်များ)




(ကိုယ်ရေးရာဇ၀င်)
Personal:

မွေးသက္ကရာဇ်  - ၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်
Birth date: June 19, 1945

မွေးဖွားရာအရပ် - ရန်ကုန်၊ မြန်မာ
Birth place: Rangoon (Yangon), Burma (Myanmar)

မွေးရင်းအမည် - အောင်ဆန်းစုကြည်
Birth name: Aung San Suu Kyi

ဖခင်  - အောင်ဆန်း (ဗမာ့လွတ်လပ်ရေးတပ်မတော် သေနာပတိ၊ ဗြိတိသျှကိုလိုနီလက်အောက်မှ ဗမာပြည်လွတ်လပ်ရေးအတွက် ဆောင်ရွက်ခဲ့သူ၊ ၁၉၄၇ ခုနှစ် ဇူလှိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံခံခဲ့ရသည်)
Father: Aung San, commander of the Burma Independence Army who helped negotiate Burma's independence from Britain. He was assassinated on July 19, 1947.

မိခင်  -  မခင်ကြည် (သံတမန်အရာရှိ၊ နောက်ပိုင်းတွင် အိန္ဒိယဆိုင်ရာမြန်မာသံအမတ်အဖြစ် ဆောင်ရွက်ခဲ့သည်)
Mother: Ma Khin Kyi, a diplomat and later an ambassador to India.

ခင်ပွန်း  -မိုက်ကယ်အဲရစ် (၁၉၇၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက် (ဒေါ်အောင်ဆန်းစုကြည်နှင့် လက်ထပ်ခဲ့သောနေ့)၊ ၁၉၉၉ ခုနှစ် မတ်လ ၂၇ ရက်နေ့( ဆုံးပါးခဲ့သောနေ့))
Marriage: Michael Aris (January 1, 1972-March 27, 1999, his death)

သားသမီးများ - ကင်မ် (မြန်မာအမည် - ထိန်လင်း) ၁၉၇၇ မွေးဖွား၊ အလက်ဇန်းဒါး (မြန်မာအမည် - မြင့်ဆန်းအောင်) ၁၉၇၃ မွေးဖွား
Children: Kim (Burmese name: Htein Lin) a son, 1977; Alexander (Burmese name: Myint San Aung), 1973

ပညာအရည်အချင်း - B.A (စိတ်ပညာ၊ နိုင်ငံရေးနှင့် စီးပွားရေး) ၁၉၆၇ ခုနှစ်တွင် အောက်စဖို့ဒ်တက္ကသိုလ် St. Hughes College မှရရှိခဲ့သည်
Education: St. Hughes College, Oxford University, B.A in philosophy, politics and economics, 1967

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓဘာသာ
Religion: Buddhist


တခြားသောအချက်များ
Other Facts:

ဒေါ်အောင်ဆန်းစုကြည်ဟု ခေါ်ဆိုရာတွင် `ဒေါ်` ဟူသည်မှာ မြန်မာအမျိုးသမီးများအား လေးစားဖွယ်ရာတပ်ခေါ်ရသည့် အခေါ်အဝေါ်။
Referred to as Daw Aung San Suu Kyi, where "Daw" is an honorific title.

မြန်မာပြည်နှင့် အိန္ဒိယပြည်တို့တွင် ကြီးပြင်းခဲ့သည်။ ၁၉၆၀ နောက်ပိုင်းမှာတော့ အင်္ဂလန်သို့ပြောင်းရွှေ့နေထိုင်ခဲ့သည်။
Grew up in Myanmar and India, but moved to England in the 1960s.


ဖြတ်သန်းခဲ့သည့် ဘ၀အချိန်များ
Timeline:

၁၉၆၄ - အောက်စဖို့ဒ်တက္ကသိုလ်တွင် ပညာသင်ကြားရန် အင်္ဂလန်နိုင်ငံသို့ ပြောင်းရွှေ့ခဲ့သည်။
1964 - Moves to England to study at Oxford University.

၁၉၆၉ မှ ၁၉၇၁ - နယူးယောက်ရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးတွင် အလုပ်လုပ်ခဲ့သည်။ ရာထူးမှာ စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ စုံစမ်းမေးမြန်းရေး အကြံပေးကော်မတီတွင် လက်ထောက်အတွင်းရေးမှူးဖြစ်သည်။
1969-1971 - Works in the United Nations in New York as assistant secretary for the Advisory Committee on Administrative and Budgetary Questions.

၁၉၈၅ မှ ၁၉၈၆ - ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ် အရှေ့တောင်အာရှပညာဌာနတွင် ပညာသင်ဆုရရှိခဲ့သည်။
1985-1986 - Is a visiting scholar at the Center for Southeast Asian Studies, Kyoto University, Japan.

၁၉၈၇ - အိန္ဒိယနိုင်ငံ ဆင်းမလားမြို့ရှိ Indian Institute of Advanced Studies တွင် အသင်းဝင်ဖြစ်ခဲ့သည်။
1987 - Is a fellow at the Indian Institute of Advanced Studies in Simla, India.

၁၉၈၈ ဧပြီ - မိခင်ဖြစ်သူ လေသင်တုန်းဖြတ် နာမကျန်းဖြစ်သောကြောင့် မြန်မာပြည်သို့ပြန်သည်။
April 1988 - Returns to Myanmar when her mother suffers a severe stroke.

၁၉၈၈ သြဂုတ် ၁၅ - စစ်တပ်ထိန်းချုပ်သော အစိုးရထံသို့ ပါတီစုံရွေးကောက်ပွဲကျင်းပပေးရန် အိတ်ဖွင့်ပေးစာပေးပို့ခဲ့သည်။
August 15, 1988 - In an open letter to the military-controlled government, asks for multiparty elections.

၁၉၈၈ သြဂုတ်လ ၂၆ - လူထုအား ပထမဆုံးသော မိန့်ခွင်းကို ရွှေတိဂုံဘုရားနားတွင် ပြောကြားခဲ့ပြီး ပါတီစုံဒီမိုကရေစီ အစိုးရဖြစ်ပေါ်လာရေးအတွက် တောင်းဆိုလိုက်သည်။
August 26, 1988 - In her first public address, outside the Shwedagon Pagoda, calls for a multiparty democratic government.

၁၉၈၈ စက်တင်ဘာ ၂၄ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုထည်ထောင်ခဲ့ပြီး အထွေထွေအတွင်းရေးမှူးအဖြစ် အပ်နှင်းခံခဲ့ရသည်။
September 24, 1988 - Co-founds the National League for Democracy (NLD), a party dedicated to nonviolence and civil disobedience, and is appointed general secretary.

၁၉၈၉ ဇူလိုင် ၂၀ - စစ်တပ်အားဖြိုခွင်းရန် ကြိုးပမ်းမှုဆိုသည့် စွပ်စွဲချက်ဖြင့် နေအိမ်အကျယ်ချုပ်ခံခဲ့ရသည်။
July 20, 1989 - Is placed under house arrest for charges of trying to divide the military, charges she denies.

၁၉၉၀ မေ ၂၇ - NLD ပါတီက မဲ ၈၀% ကျော်ဖြင့်အနိုင်ရရှိခဲ့သည်။ သို့သော် နိုင်ငံတောင်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က အသိအမှတ်မပြုခဲ့ပါ။
May 27, 1990 - Her party, the NLD, wins more than 80% of the legislative seats, but the State Law and Order Restoration Council (SLORC) does not recognize the election results.

၁၉၉၁ ဇူလိုင် ၁၀ - ဥရောပပါလီမန်မှ Sakharov လူ့အခွင့်အရေးဆုကို ရရှိခဲ့သည်။
July 10, 1991 - Wins the Sakharov human rights prize from the European Parliament.

၁၉၉၁ အောက်တိုဘာ ၁၄ - ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် အကြမ်းမဖက်မူဝါဒစွဲကိုင်သည့် စွမ်းစွမ်းတမံဆောင်ရွက်မှုအတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့သည်။
October 14, 1991 - Wins the Nobel Peace Prize "for her non-violent struggle for democracy and human rights."

၁၉၉၅ ဇူလိုင် ၁၀ - နေအိမ်အကျယ်ချုပ်မှ လွှတ်ခဲ့သော်လည်း နိုင်ငံရေးလှုပ်ရှားမှု ကန့်သတ်ခံခဲ့ရသည်။
July 10, 1995 - Is released from house arrest, but her political activity is restricted.

၂၀၀၀ စက်တင်ဘာ ၂၃ - နေအိမ်အကျယ်ချုပ်ပြန်ချခံခဲ့ရသည်။
September 23, 2000 - Is again placed under house arrest.

၂၀၀၀ ဒီဇင်ဘာ ၆ - အမေရိကန်သမ္မတ ဘီလ်ကလင်တန်က နိုင်ငံတော်သမ္မတ၏ လွတ်လပ်မှုတံဆိပ်ကို မျက်ကွယ်တွင် ဆုချခဲ့သည်။
December 6, 2000 - U.S. President Bill Clinton awards the Presidential Medal of Freedom to Aung San Suu Kyi in absentia.

၂၀၁၂ မေ ၆ - နေအိမ်အကျယ်ချုပ်မှ ပြန်လွှတ်လာခဲ့သည်။
May 6, 2002 - Is released from house arrest.

၂၀၀၃ မေ ၃၀ - မြန်မာပြည်အတွင်း ခရီးသွားနေစဉ် သူမ၏ မော်တော်ယာဉ်တန်းမှာ အစိုးရဘက်တော်သား လူအုပ်များရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး နေအိမ်အကျယ်ချုပ်ပြန်ကျခဲ့သည်။
May 30, 2003 - While traveling in Myanmar, her motorcade is attacked by a pro-government mob, and she is held by the military and later placed under house arrest.

၂၀၀၄ နိုဝင်ဘာ ၂၉ - နေအိမ်အကျယ်ချုပ်သက်တမ်း တစ်နှစ်ထပ်တိုးသည်။
November 29, 2004 - Learns her house arrest has been extended for another year.

၂၀၀၆ မေ -  နေအိမ်အကျယ်ချုပ်သက်တမ်း တစ်နှစ်ထပ်တိုးသည်။
May 2006 - House arrest is extended for another year.

၂၀၀၆ ဇွန် ၉ - ဒေါ်အောင်ဆန်းစုကြည်ဟာ နာမကျန်းမှုကြောင့် ဆေးရုံတင်ရသည့်အကြောင်း အမေရိကန်နိုင်ငံ ပြည်သူ့ရေးရာလက်ထောက်အတွင်းရေးမှူး Sean McCormack ကဖွင့်ဟပြောကြားခဲ့သည်။
June 9, 2006 - Assistant Secretary of State for Public Affairs Sean McCormack tells reporters that Aung San Suu Kyi has been hospitalized for an undisclosed ailment.

၂၀၀၇ မေ ၂၅ - အစိုးရက နေအိမ်အကျယ်ချုပ်သက်တမ်း တစ်နှစ်ထပ်တိုးလိုက်ပြန်သည်။
May 25, 2007 - The government extends her house arrest for another year.

၂၀၀၈ မေ ၆ - အမေရိကန်သမ္မတ ဂျော့ဘုရှ်က ဒေါ်အောင်ဆန်းစုကြည်အား ကွန်ကရက်ရွှေတံဆိပ်ကို မျက်ကွယ်တွင် ဆုချခဲ့သည်။
May 6, 2008 - U.S. President George W. Bush signs legislation awarding a Congressional Gold Medal in absentia to Suu Kyi.

၂၀၀၈ မေ ၂၇ - အစိုးရက နေအိမ်အကျယ်ချုပ်သက်တမ်း တစ်နှစ်ထပ်တိုးလိုက်ပြန်သည်။
May 27, 2008 - The government extends her house arrest for another year.

၂၀၀၉ မေ ၁၄ - နေအိမ်အကျယ်ချုပ်ဥပဒေကို ဖောက်ဖျက်မှုဖြင့် ဖမ်းဆီးခံရပြန်သည်။ အမေရိကန်နိုင်ငံသား ဂျွန်ယက်တောဆိုသူက အင်းလျားကန်တွင် ရေးကူးပြီး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ဝင်ရောက်ခဲ့မှုအပေါ် လက်ခံခဲ့ခြင်းကြောင့်ဖြစ်သည်။ စီရင်ချက်သာချပါက ၅ နှစ်အထိ ထောင်ဒဏ်ကျခံဖွယ်ရာရှိသည်။
May 14, 2009 - Suu Kyi is arrested and charged with violating the terms of her house arrest. This is in response to an incident earlier in the month, when American John Yettaw swam uninvited to Suu Kyi's lakeside house. If convicted she faces up to five years in prison.

၂၀၀၉ မေ ၁၈ - အစိုးရ၏ စွဲချက်များအပေါ် ရုံးတင်စစ်ဆေးခြင်းခံရသည်။
May 18, 2009 - Suu Kyi's trial on charges of government subversion begins.

၂၀၀၉ သြဂုတ် ၁၁ - နေအိမ်အကျယ်ချုပ်ဥပဒေကို ချိုးဖောက်သည့် ပြစ်မှုထင်ရှားသည်ဟုဆိုပြီး နေအိမ်အကျယ်ချုပ်အဖြစ် နောက်ထပ် ၁၈ လတိုးမြင့်ချထားလိုက်ကြသည်။
August 11, 2009 - Suu Kyi is found guilty of violating the terms of her house arrest and sentenced to 18 more months of home confinement.

၂၀၁၀ မေ ၇ - ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ရင် NLD မှ ငြင်းဆိုခဲ့ပြီးနောက် ဥပဒေကြောင်းအရ နိုင်ငံရေးပါတီအဖြစ် အကျုံးမ၀င်ဖြစ်ခဲ့သည်။
May 7, 2010 - The NLD refuses to register for the election, thereby disqualifying itself as a political party and officially dissolves.

၂၀၁၀ မေ ၁၀ - အမေရိကန်နိုင်ငံ လက်ထောက်နိုင်ငံခြားရေးအတွင်းရေးမှူးဖြစ်သည့် Kurt Campbell ကို နေအိမ်တွင် လက်ခံတွေ့ဆုံခဲ့သည်။
May 10, 2010 - Meets with Assistant Secretary of State Kurt Campbell at her home.

၂၀၁၀ နိုဝင်ဘာ ၁၃ - နေအိမ်အကျယ်ချုပ်မှ လွှတ်ခဲ့ပြီ။ ၂၁ နှစ်တာကာလတွင် ၁၅ နှစ်တာမျှ နေအိမ်အကျယ်ချုပ်အဖြစ် နေထိုင်ခဲ့ရသည်။
November 13, 2010 - Suu Kyi is released from house arrest. She has spent 15 of the last 21 years under house arrest.

၂၀၁၀ နိုဝင်ဘာ ၁၅ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းတွင် သတင်းထောက်များအား မြန်မာပြည်တွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအတွက် ရှေ့ဆက်လုပ်ကိုင်သွားမယ်လို့ ၀န်ခံ ပြောဆိုခဲ့ပါသည်။
November 15, 2010 - Speaking to reporters at the headquarters of her National League for Democracy (NLD) pledges to keep working toward restoring democracy and improving human rights in Myanmar.

၂၀၁၁ ဇန်န၀ါရီ ၂၈ - ဆွတ်ဇလန်နိုင်ငံမှာ ကျင်းပသည့် ကမ္ဘာ့စီးပွားရေးညီလာခံတွင် သူမ၏ အသံသွင်းစကားလက်ဆောင်ပါးခဲ့သည်။ ထိုစကားတွင် မြန်မာပြည်အား ကမ္ဘာနှင့်ဆက်နွှယ်ရင်းနှီးမှုပြန်လည် တည်ဆောက်ရန်အတွက် လိုအပ်ချက်တွေကို အလေးပေးပြောကြားခဲ့သည်။
January 28, 2011 - Suu Kyi's recorded message is played at the World Economic Forum in Switzerland, in which she stresses the need for Myanmar to re-establish ties with the rest of the world.

၂၀၁၁ နိုဝင်ဘာ ၁၈ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းမှ လာမည့်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်ယှဉ်ပြိုင်မည့်အကြောင်း ပြောဆိုလိုက်သည်။ NLD မှာ မှတ်ပုံပြန်တင်မည်ဖြစ်ပြီး လာမယ့်ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်မည်ဟုလည်း သတင်းထုတ်ပြန်ခဲ့သည်။
November 18, 2011 - Nyan Win, the spokesman for Suu Kyi's National League for Democracy, says that Suu Kyi will participate in the next elections. Suu Kyi's National League for Democracy announced earlier in the day that it planned to re-register as a political party and participate in all future parliamentary elections.

၂၀၁၁ ဒီဇင်ဘာ ၁၃ - NLD မှတ်ပုံတင်ရန် ခွင့်ပြုချက်ရရှိခဲ့သည်။
December 13, 2011 - The National League for Democracy is granted permission to register for future elections in Myanmar.

၂၀၁၂ ဇန်န၀ါရီ ၁၈  - ပါတီမှတ်ပုံတင်ခဲ့သည်။
January 18, 2012 - Registers to run for a parliamentary seat.

၂၀၁၂ ဧပြီ ၁ - ၁၉၉၀ နှစ်လွန်များအတွင်း ပထမဆုံးသော ပါတီစုံရွေးကောက်ပွဲတွင် နေရာများအနိုင်ရရှိခဲ့သည်။
April 1, 2012 - Wins a seat in parliament in Myanmar's first multiparty elections since 1990.

၂၀၁၂ မေ ၂ -  ကျမ်းသစ္စာတွင် ပါရှိသည့် ထွက်ပေါက်ပိတ်စေသည့် စကားလုံးအချို့ကြောင့် လွှတ်တော်တက်ရန်ခက်ခဲစေခဲ့ပြီးသည့်နောက် အနိုင်ရပါတီကိုယ်စားလှယ် ၃၃ ဦးနှင့်အတူ မြန်မာ့လွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
May 2, 2012 - Along with 33 other newly elected members of her party, the National League for Democracy, takes the oath of office for Myanmar's parliament, resolving an impasse over the oath's wording that had been preventing her from taking her seat in the legislature.

၂၀၁၂ မေ ၂၉ - ထိုင်းနိုင်ငံဘန်ကောက်မြို့ခရီးစဉ်က ဆယ်စုနှစ် ၂ ခုကျော်အတွင်း နိုင်ငံခြားမြေပေါ်သို့ နင်းချခွင့်ရခဲ့သည့် သမိုင်းတွင် ခရီးစဉ်ဖြစ်ခဲ့သည်။
May 29, 2012 - Makes history by stepping on foreign soil for the first time in more than two decades when she arrives in Bangkok, Thailand.

၂၀၁၂ ဇွန် ၁ - အရှေ့အာရှ၏ ကမ္ဘာ့စီးပွားရေးညီလာခံတွင် မိန့်ခွန်းစကားပြောကြားခဲ့သည်။
June 1, 2012 - Aung San Suu Kyi speaks at the World Economic Forum on East Asia.

၂၀၁၂ ဇွန် ၁၆ - နော်ဝေးနိုင်ငံ အော်စလိုမြို့တွင် ၁၉၉၁ ခုနှစ်က ရရှိခဲ့သည့် နိုဘယ်ငြိမ်းချမ်းရေးစုအတွက် ကျေးဇူးတင်စကားပြောကြားနိုင်ခဲ့သည်။
June 16, 2012 - Delivers her acceptance speech for her 1991 Nobel Peace Prize, in Oslo, Norway.

၂၀၁၂ ဇွန် ၂၁ - ဗြိတိသျှလွှတ်တော် နှစ်ရပ်လုံးတွင် မိန့်ခွန်းပြောကြားခဲ့သည်။
June 21, 2012 - Addresses both houses of the British parliament.

၂၀၁၂ စက်တင်ဘာ ၁၉ - ၀ါရှင်တန်တွင် ကွန်ကရက်ရွှေတံဆိပ်ဆုကို လက်ခံခဲ့သည်။ အဲဒီနောက် အမေရိကန်သမ္မတ အိုဘားမားနှင့်တွေ့ဆုံခဲ့သည်။
September 19, 2012 - Aung San Suu Kyi accepts the Congressional Gold Medal in Washington, D.C. She later meets with President Barack Obama.

၂၀၁၂ နိုဝင်ဘာ ၁၉ - နေအိမ်အကျယ်ချုပ်အဖြစ် နှစ်ပေါင်းများစွာနေထိုင်ခဲ့သည့် အင်းလျားကန်ဘေး နေအိမ်တွင် သမ္မတအိုဘားမားနှင့် တွေ့ဆုံခဲ့သည်။ မြန်မာပြည်ခရီးစဉ်အတွင်း သမ္မတအိုဘားမားက သူမရဲ့သတ္တိနှင့် စိတ်ဓါတ်ကြံ့ခိုင်မှုတို့ကို ချီးကျူးခဲ့သည်။ သမ္မတအိုဘားမားသည် မြန်မာပြည်သို့အလည်အပတ်ရောက်ရှိသည့် ပထမဆုံးသော တာဝန်ထမ်းဆောင်နေဆဲ အမေရိကန်သမ္မတဖြစ်သည်။
November 19, 2012 - Meets with President Barack Obama at the lakeside villa where she spent years under house arrest. Obama praises Suu Kyi for her courage and determination during his visit to Myanmar, the first visit by a sitting U.S. president.

(CNN Library) မှ အချက်အလက်များအတိုင်းပင်ဖြစ်သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U