Related Posts Plugin for WordPress, Blogger...

Monday, December 9, 2013

လပေါင်းများစွာဝေးကွာနေခဲ့တဲ့ တင်းနစ်ကွင်းထဲမှာ ကလေးတစ်ယောက်လိုဖြစ်နေခဲ့တယ်ဆိုတဲ့ မာရီယာရှာရာပိုဗာ


ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ ကစားခဲ့တဲ့ ဆင်ဆင်နက်တီအိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ ပထမအဆင့်ကနေ ထွက်ခွာခဲ့ရ ပြီးတဲ့နောက်ပိုင်း ညာဖက်ပုခုံးဒဏ်ရာကြောင့် ကာလရှည်ကြာနားနေခဲ့ရတဲ့ ရုရှားတင်းနစ်မယ် မာရီယာရှာရာပို ဗာဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကိုလံဘီယာနိုင်ငံ ဘိုတာဂိုမြို့မှာ ဆားဘီးယားတင်းနစ်မယ် အန်နာအီဗန်နိုဗစ် နဲ့ သရုပ်ပြတင်းနစ်ပွဲတစ်ပွဲကစားသွားခဲ့ပါတယ်။ဒီပွဲမှာ အန်နာအီဗန်နိုဗစ်က နာလန်ထကာစ ရှာရာပိုဗာကို (၆-၁)(၁-၆)(၁၂-၁၀)နဲ့ အနိုင်ကစားသွားခဲ့တာပါ။ ဒီပွဲအပြီးမှာ ရှာရာပိုဗာက “ လတွေအကြာကြီးမကစားပဲနေခဲ့ပြီး အခုမှ ကွင်းထဲပြန်ဝင်ရတဲ့အခါကျတော့ ကလေးတစ်ယောက်လိုဖြစ်နေတယ်ရှင်။ ဒီလို အရမ်းကစားချင်နေခဲ့ တာကြာပြီလေ။ ကိုလံဘီယာနိုင်ငံကို ကျေးဇူးပါပဲ။ နွေးနွေးထွေးထွေးကြိုဆိုခဲ့ကြတဲ့အတွက်ပေါ့။ ကျွန်မ မကြာခင်ပြန်ကစားတော့မှာပါ”လို့ ပြောသွားခဲ့ပါတယ်။အဆိုပါညာဖက်ပုခုံးဒဏ်ရာကြောင့် လက်ရှိကမ္ဘာ့အဆင့်(၄) ရှာရာပိုဗာဟာ အမေရိကန်အိုးပင်းတင်းနစ်ပြိုင်ပွဲ ကို လွဲချော်သွားခဲ့ရသလို ရာသီပိတ်ပြိုင်ပွဲဖြစ်တဲ့ WTA ချန်ပီယံရှစ်ကိုပါ လွဲခဲ့ရပါသေးတယ်။ သူမအတွက် အ နီးစပ်ဆုံး ပြိုင်ပွဲကတော့ ဒီဇင်ဘာ (၂၉)ကနေ ၂၀၁၄ ၊ ဇန်န၀ါရီ(၅)ရက်အထိ ကျင်းပပြုလုပ်သွားမယ့် Brisbane International တင်းနစ်ပြိုင်ပွဲပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ လက်အမျိုးသမီးချန်ပီယံက ဆီရီနာဝီလျံဖြစ် ပြီး အမျိုးသားချန်ပီယံကတော့ အန်ဒီမာရေးဖြစ်ပါတယ်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U