Related Posts Plugin for WordPress, Blogger...

Saturday, December 14, 2013

"ရွှေကြယ်မိုးသည် အိတ်ဇစ်ဝါဒီ ကဗျာဆရာတစ်ယောက်ဖြစ်သည်"


ဥပဒေက တည်ဆောက်ထားတဲ့ အရာတွေက ဘာတွေလဲ
ပုဂ္ဂလအတွေ့အကြုံနဲ့ ရှာဖွေလိုက်ရတဲ့ အရာတွေက ဘာတွေလဲ
ဘာပဲဖြစ်ဖြစ်ကျွန်တော်ဂရုမစိုက်ဘူး
ကြိုးစင်တက်ရလည်း ရယ်ရယ်မောမောနေမှာပဲ
ထပ်ခိုးအခန်းတိုင်းမှာ ဥပဒေရုံးတော်တွေရှိတယ်
ခွေးတစ်ကောင်လိုပဲ
ခင်ဗျားအသိစိတ်ထဲမှာလည်း ဒီလိုစွဲချက်တွေ ရှိနေတာပဲ
ခင်ဗျားလည်း တရားစွဲခံထားရတဲ့ လူတစ်ယောက်ပဲ
ဒီကိစ္စတွေကိုမှန်မှန်ကန်ကန်ကြည့်မယ်ဆိုရင်
တရားစွဲဆိုခံထားရသူတွေဟာ စွဲဆောင်မှုရှိတယ်
မင်းမှာတိကျရှင်းလင်းတဲ့ ဦးနှောက်ရှိပေမယ့်
အခုမင်းကျဆုံးရတော့မယ် ခွေးတစ်ကောင်လိုပဲ
တကယ်လို့ တံခါးမှုးမှာ မှန်ကန်တဲ့အမြင်ရှိတယ်ဆိုရင်
ဒီအမြင်ကို သံသယရှိနိုင်တယ် လိမ်လည်မှုက တစ်လောကလုံးဆိုင်ရာ
ဥပဒေဿအဖြစ် ပြောင်းသွားတာပဲ ကျန်တဲ့တံခါးမှုးတွေကို မေ့နေပြီး
သူနဲ့ တရားရုံးတော်ကြားမှာ ဒီတံခါးမှုးတစ်ယောက်ပဲ အတားအဆီးတစ်ခုလိုထင်နေတယ်
ငြိမ်သက်နေရင်လည်း အပြစ်ကြောင့်တစ်ဖက်စောင်းနေလိမ့်မယ်
လှုပ်ရှားနေတာ ပိုကောင်းတယ် ဒုတိယစီရင်ချက်ပြီးရင်
တတိယဖမ်းဆီးမှုရောက်လာမယ် တတိယစီရင်ချက်ပြီးရင်
စတုတ္ထဖမ်းဆီးမှုရောက်လာမယ် ဒီလိုနဲ့ ဆက်တိုက်ဖြစ်သွားမယ်
ဘ၀ကိုဆက်လက်ရှင်သန်လိုသူအတွက် ဆင်ခြင်တုံတရားက အာမ မခံနိုင်
ခွေးတစ်ကောင်လိုပဲ

လူတွေမှာ အထင်တစ်မျိုးစီရှိကြတယ်
ဒါပေမယ့် အဓိပ္ပါယ်လုံးဝမရှိတာတွေပါ
မှန်မှန်ကန်ကန်မြင်လို့ပဲဖြစ်ဖြစ် အကြောင်းထူးမလာပါဘူး
                                                            ရွှေ ကြယ် မိုး
[ဆရာ တင်ဦးခက် ဘာသာပြန်သော FRANZ KAFKATHE TRIAL မှစာသားများဖြင့် ရေးဖွဲ့သည်။]

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U