Related Posts Plugin for WordPress, Blogger...

Wednesday, December 4, 2013

အူရီးဒူးက ဒီဇင်ဘာလအတွင်း ၀န်ထမ်း ၃၀၀ ခန့် ထပ်မံခန့်ထားမည်




မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးအော်ပရေတာလုပ်ကိုင်ရန် လိုင်စင်ရကုမ္ပဏီဖြစ်သော အူရီးဒူး (Ooredoo) က ဒီဇင်ဘာလအတွင်း ၀န်ထမ်း ၃၀၀ ခန့် ထပ်မံခန့်သွားမည်ဟု အူရီးဒူး(မြန်မာ)၏ ပြန် ကြားရေးတာဝန်ခံ ဦးစိုးသူရက ဒီဇင်ဘာ ၂ ရက်တွင် မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်နှင့် ဒီဇင်ဘာ ၁ ရက်တို့တွင် အူရီးဒူးမှ အလုပ်အကိုင်အခွင့်အလမ်းပြပွဲကို ရန်ကုန်မြို့၊ ဆရာစံပလာဇာတွင် ကျင်းပခဲ့ပြီး ယင်းပွဲတွင်လာရောက်လျှောက်ထားသူများထဲမှ ရွေးချယ် ခန့်အပ်သွားမည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ဦးစိုးသူရက “အလုပ်အကိုင်ခေါ်ယူတဲ့ပွဲမှာ လာရောက်လျှောက်ထားကြတဲ့သူတွေကို စိစစ်ပြီး ၀န်ထမ်း ၃၀၀ လောက်ခန့် သွားဖို့ရှိတယ်။ နှစ်ပတ်အတွင်း လျှောက်ထားတဲ့သူတွေဆီကို အကြောင်းပြန်ပေး သွားမယ်”ဟု ပြောသည်။

အဆိုပါပြပွဲတွင် လာရောက်လျှောက်ထားသူ ထောင်ဂဏန်းခန့်ရှိပြီး လက်ရှိတွင် အူရီးဒူးအနေဖြင့် မြန် မာနိုင်ငံအတွက် ၀န်ထမ်း ၈၀ ကျော် ခန့်အပ်ထားပြီး ဖြစ်သည်။

ဝန်ထမ်းများခန့်အပ်ရာတွင် လက်လီအရောင်းဌာနများ၊ ကွန်ရက်ဖြန့်ကြက်မှု၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနများ၊ ဘဏ္ဍာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဌာနများအတွက် ခန့်ထားသွားမည်ဖြစ် သည်။

ထို့ပြင် လာမည့်ငါးနှစ်အတွင်း မြန်မာဝန်ထမ်း ၅၀၀၀ ခန့်အပ်သွားရန် ပြင်ဆင်နေပြီး ၀န်ထမ်း၏ ၉၉ ရာ ခိုင်နှုန်းအထိ မြန်မာဝန်ထမ်းထားရှိသွားမည်ဟုလည်း အူရီးဒူးက ပြောကြားထားပြီးဖြစ်သည်။

အူရီးဒူးအနေဖြင့် နက်ခ်ဝပ်တည်ဆောက်ခြင်းနှင့် နည်းပညာပိုင်းအတွက် Joint Vendor ကုမ္ပဏီများ ခန့်အပ်လုပ်ကိုင်သွားမည်ဖြစ်ကာ ယင်းအတွက် ကုမ္ပဏီငါးခုခန့်နှင့် ညှိနှိုင်းနေသည်ဟုလည်း ဦးစိုးသူ ရက ဆိုသည်။

၎င်းက “ Joint Vendor လုပ်ကိုင်ဖို့အတွက် ကုမ္ပဏီလေး၊ ငါးခုလောက်နဲ့ ညှိနှိုင်းနေပြီ။ တရားဝင်ရွေး ချယ်ပြီးရင် ထုတ်ပြန်ကြေညာပေးသွားမယ်”ဟု ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဝန်ဆောင်မှုလိုင်စင်ကို ပြည်တွင်းအော်ပရေတာနှစ်ခုနှင့် ပြည်ပအော်ပရေ တာ ဖြစ်သော အူရီးဒူး၊ တယ်လီနောတို့ကို ရွေးချယ်ထားပြီး လုပ်ငန်းများ တရားဝင်လုပ်ကိုင်ခြင်း မရှိ သေးပေ။

ဆက်သွယ်ရေးဝန်ကြီးဌာနက အော်ပရေတာလိုင်စင်ကို မကြာမီချထားပေးဖွယ်ရှိနေသည့်အတွက် လိုင် စင်ရကုမ္ပဏီများက ၀န်ထမ်းများ ခန့်ထားရေးအတွက်လည်း ကြိုတင်ပြင်ဆင်နေခြင်းဖြစ်သည်။

ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိမည့် အော်ပရေတာများအနေဖြင့် လိုင်စင်သက်တမ်း ၁၅ နှစ် အထိ လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ပြီး အူရီးဒူးအနေဖြင့် ကန်ဒေါ်လာ ၁၅ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံ လုပ်ကိုင် သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

အူရီးဒူးကဲ့သို့ပင် လိုင်စင်ရကုမ္ပဏီ တယ်လီနောကလည်း ၀န်ထမ်းများခန့်အပ်ရန်အတွက် Telenor Myanmar Career Seminar ကို ပြုလုပ်သွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၅ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဆရာစံပလာဇာCo-Operative Business Centre တွင် ပြုလုပ်သွားမည်ဟု သတင်းထုတ် ပြန်ထားသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U