Related Posts Plugin for WordPress, Blogger...

Friday, December 6, 2013

ဒေါ်အောင်ဆန်းစုကြည် အာရှတော်ဝင် အထူးကုဆေးရုံတွင် ကျန်းမာရေး စစ်ဆေးမှုခံယူ




ဒေါ်အောင်ဆန်းစုကြည်သည် အာရှတော်ဝင်အထူးကုဆေးရုံ၌ ဒီဇင်ဘာ၅ ရက် တွင် ကျန်းမာရေးစစ်ဆေးမှုခံယူ ခဲ့ကြောင်း သိရသည်။

''အခုကျန်းမာရေးစစ်ဆေး မှုလုပ်တာက ကျန်းမာရေးမကောင်းလို့ လုပ်ရတာမျိုးမဟုတ်ပါဘူး။ ပုံမှန်စစ်ဆေးတဲ့သဘောပါ။ အန်တီက အခုလက်ရှိမှာကျန်းမာရေးအလွန်ကောင်းပါတယ်''ဟု ဒေါ် အောင်ဆန်း စုကြည် ၏ ကျန်းမာရေးအား အနီးကပ်စောင့်ရှောက် မှုပေးနေသူ ဒေါက်တာတင်မျိုးဝင်း (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အမျိုးသားကျန်းမာရေး ကွန်ရက်ဥက္ကဌက ရန်ကုန်တိုင်းမ် နေ့စဉ် သတင်းစာသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ယင်း၏ ကျန်းမာရေးအခေအနေအတွက် ကျန်းမာရေး စစ်ဆေးမှုကို နှစ်စဉ်ပုံမှန်ပြုလုပ် လေ့ရှိပြီး လိုအပ်ပါက ခြောက်လ တစ်ကြိမ်ပြုလုပ်ကြောင်း ဒေါက် တာတင်မျိုးဝင်းက ဆက်လက် ပြောသည်။

''ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်တာမှာ အဖြေကိုတော့ ဒီနေ့ မသိရသေးပါဘူး။ ဒီဇင်ဘာ၉ရက် နိုင်ငံခြားခရီးစဉ်ကပြန်လာမှ ကျန်း မာရေး စစ်ဆေးမှုအဖြေကို အများ ပြည်သူများသိရှိစေနိုင်ဖို့ သတင်း စာရှင်းလင်းပွဲ ပြုလုပ်သွားဖို့ရှိပါ တယ်။ အခု ကျန်းမာရေး စစ်ဆေး တာကတော့ ခန္ဓာကိုယ်တစ်ခုလုံး ကို Medical Checkup လုပ်တာ ပါ''ဟု ယင်းက ဆက်လက်ပြော သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U