Related Posts Plugin for WordPress, Blogger...

Friday, December 6, 2013

ဆီးဂိမ်းအားကစားသမားအချို့ နေပြည်တော်ခြင်များ ကိုက်ခံရ၍ အိပ်ရေးမဝ


၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲ ဆီးဂိမ်းပြိုင်ပွဲဝင် ဗီယက်နမ် အားကစားသမားများ အနေဖြင့် တည်းခိုရန် စီစဉ်ပေး ထားသည့် နေအိမ်များ၌ မျှော်လင့် မထားသော ခြင်အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ဗီယက်နမ် နိုင်ငံနှင့် ပတ်သက်သည့် သတင်းများ အား ဖော်ပြပေးလျက်ရှိသော http://www.talkvietnam/ သတင်း စာမျက်နှာ၌ ဖော်ပြထားသည်။

ပြိုင်ပွဲဝင် ဗီယက်နမ် ကစားသမားများမှာ ဒီဇင်ဘာလ ၁ ရက်နေ့က နေပြည်တော်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး ကစားသမားများ တည်းခိုရန် နေရာအား သစ်တောမြေပေါ်တွင် ဆောက်လုပ် ပေးထားခြင်းဖြစ်ပြီး အနီးပတ် ၀န်းကျင်တွင်လည်း ရွှံ့ဗွက်များ၊ ရေကန်များဖြင့် ၀န်းရံလျက်ရှိကြောင်း ကစားသမားများအား ကိုးကား၍ အဆိုပါ သတင်း၌ ဖော်ပြထားသည်။ အဆိုပါ တည်းခိုရိပ်သာ မန်နေဂျာ အနေဖြင့်လည်း ခြင်အန္တရာယ် ကင်းရှင်းရန် အတွက် ထိရောက်သည့် စီမံဆောင်ရွက်မှုများ မရှိသည့် ကစားသမားများ ကိုယ်တိုင် ခြင်လိုက်ဖမ်း နေရ ကြောင်း သိရသည်။ …

ယခုကဲ့သို့ ခြင်အန္တရာယ် တွေ့ကြုံနေရခြင်းမှာ ဗီယက်နမ် အားကစားအဖွဲ့ အတွက် ပထမဦးဆုံး အကြိမ် မဟုတ်ဘဲ ၂၀၀၇ ခုနှစ်က ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် ၂၃ နှစ်အောက် ဘောလုံးအားကစား ပြိုင်ပွဲတွင် ကြုံတွေ့ ခဲ့ရဖူးပြီး ခြင်အန္တရာယ်ကြောင့် ညမအိပ်ခဲ့ရဟု အဆိုပါ သတင်း၌ ဖော်ပြထားသည်။ အားကစား ပြိုင်ပွဲများအတွင်း ခြင်အန္တရာယ် အပါအ၀င် အခြားသော ပြဿနာငယ်များမှာ အားကစား သမားများ၏ စွမ်းဆောင်ရည်အပေါ် သက်ရောက်မှု ရှိကြောင်းလည်း အဆိုပါ အားကစားသမားများ၏ ပြောစကားကို ကိုးကား၍ သတင်း၌ ဖော်ပြထားသည်။ U-၂၃ ဘောလုံးအသင်းမှာမူ ဟိုတယ်တွင် နေထိုင်ရသည့်အတွက် ခြင်အန္တရာယ်မှ ကင်းဝေးနေကြောင်း သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U