Related Posts Plugin for WordPress, Blogger...

Monday, December 23, 2013

မြန်မာပြည်ရဲ့အသေးဆုံးစာကြည့်တိုက်

မြန်မာပြည်ရဲ့အသေးဆုံးစာကြည့်တိုက်က နေပြည်တော်အနီးမှာ တည်ရှိပါတယ်။
ဘယ်လောက်အထိ သေးသလဲ ဆိုတာကို ဓာတ်ပုံထဲမှာ ကြည့်ပါ။

မကြာသေးခင်က  နေပြည်တော်ရောက်ခါနီး ဓာတ်ဆီဆိုင်တခုနဲ့ တွဲလျက်ဖွင့်ထားတဲ့ ကုန်စုံဆိုင်လေးထဲ ဖွင့်ထားတဲ့ စာကြည့်တိုက်ပါ။
စာအုပ်ငှားတယ်၊
မှတ်ပုံတင် သို့မဟုတ် စာအုပ်တန်ဖိုး အရင်ပေးရမယ်၊
၇ ရက် အခမဲ့ ငှားတယ်၊
၁ ရက်ကျော်ရင် ကျပ် ၂ဝဝ ပေးရမယ်၊
စုတ်ပြဲရင် တန်ဘိုးအတိုင်း လျော်ရမယ်

ပုံ -
စာကြည့်တိုက်မှူး

အဲသလို ရေးထားတဲ့ သတိပေးစာအရ ဆိုရင် ဒါဟာ စာကြည့်တိုက် ဖြစ်နေပါပြီ။

၇ ရက် အခမဲ့ငှားတယ် ဆိုတော့ စာဖတ်သူများအတွက် အင်မတန် သင့်လျော်ပါတယ်။



စာအုပ်ကတော့ အုပ် ၃၀ ၀န်းကျင် ရှိပါတယ်။

အဲဒီအနီးတ၀ိုက်မှာ အချိန်ပိုတဲ့သူတွေ ရှိကောင်း ရှိပါလိမ့်မယ်။ သူတို့အတွက် ဒီစာကြည့်တိုက်က တန်ဘိုးရှိတာတွေပေးဖို့ ရည်ရွယ်ပုံရပါတယ်။

စာအုပ်ကတော့ လိုင်းပေါင်းစုံပါပဲ၊ တက်ကျမ်း၊ နိုင်ငံရေး၊ ဘာသာရေး စသဖြင့်။

ကိုယ့်ဆီမှာ စာအုပ်တွေ ရှိတယ်၊ အနီးဝန်းကျင်မှာလည်း စာအုပ်ဖတ်မယ့်သူတွေ ရှိတယ် ဆိုရင်ဖြင့် ဒီလို အသေးစား စာကြည့်တိုက် ဖွင့်နိုင်တာပေါ့။

စာကြည့်တိုက်မှူးဖြစ်ဟန်တူသူက အလုပ်များနေပုံရတာကြောင့် စာကြည့်တိုက်နဲ့သက်ဆိုင်တဲ့မေးခွန်းတွေ မမေးဖြစ်ခဲ့ပါဘူး။ သူက သို့မဟုတ် သူ့မိတ်ဆွေတယောက်ယောက်က ဒီဘလော့ http://blog.irrawaddy.org ကို ကြည့်ဖြစ်တယ် ဆိုရင်တော့ သူတို့စာကြည့်တိုက်အကြောင်း ရေးထားတာကို တွေ့ရပါလိမ့်မယ်။

နေပြည်တော်ဘက်အသွား အဲဒီဓာတ်ဆီဆိုင်မှာ ပစ္စည်းတခုခုဝယ်မိလို့ အဲဒီ စာကြည့်တိုက်ကို တွေ့မယ် ဆိုရင် ကိုယ့်ကားထဲ ထည့်ထားမိတဲ့ ဖတ်ပြီးသားစာအုပ်ရှိရင် လှူခဲ့နိုင်ပါတယ်။ ဒါဆိုရင် စာကြည့်တိုက်လည်း ခါတိုင်းထက် ပိုမို ပြည့်စုံသွားမှာဖြစ်ပါတယ်။
မြန်မာပြည်ရဲ့အသေးဆုံးစာကြည့်တိုက်က နေပြည်တော်အနီးမှာ တည်ရှိနေတာပါ။
ဘယ်လောက်အထိ သေးသလဲ ဆိုတာကို ဓာတ်ပုံထဲမှာ ကြည့်ရင် တွေ့နိုင်ပါတယ်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U