Related Posts Plugin for WordPress, Blogger...

Friday, December 13, 2013

ဒုက္ခတွေကြားမှာ ဘယ်လို အလုပ် လုပ်ကြမလဲ

တွကျွန်တော် တို့နေ့စဉ်ဖြတ်သန်း နေရတဲ့ လောကကြီးဟာ အ ရောင် စုံတဲ့ ဒုက္ခနဲ့ သုခ တွေ အပြည့်ပါပဲ။ တချို့ ဒုက္ခဆို အဆင်းလေး လှလွန်းလို့ ဒုက္ခလို့တောင် မထင် ရက်စရာပါ။ဒုက္ခအများဆုံးရတာက တော့ စိန်ခေါ်မှူနဲ့ ဖိအားတွေကပါ။ထမင်းစားဖို့စိန်ခေါ်ခံရတယ်။ကားစီးဖို့စိန်ခေါ်ခံရတယ်။တိုက် ဆောက်ဖို့ စိန်ခေါ်ခံရတယ်။အောင် မြင် ဖို့ စိန်ခေါ်ခံရတယ်။စိန်ခေါ်ချက် တွေက တတ်နိုင် ရင် ကိစ္စမရှိပါဘူး။မတတ်နိုင် တဲ့အခါ ဖိအားအဖြစ် ပြောင်းသွားလေ့ရှိပါတယ်။ဥပမာ -တတ်နိုင် သူကားလိုချင် တာပြသနာသိပ်မရှိပေမဲ့ မတတ်နိုင် သူအဖို့ စက် ဘီးတစ်စီးဟာ ဖိအားပါပဲ။ဒါ ပေမဲ့ အရာရာတတ်နိုင် တဲ့ ပုထုဇဉ်ဆိုတာ တော့မရှိသေးပါဘူး။လူမှန် ရင် တော့ အရှူံးပေးရတဲ့ စိန်ခေါ်ချက် တွေရှိစမြဲပါ။

ဘယ်လောက်ပဲ ချမ်းသာပါစေ မတတ်နိုင် တာ ရှိစမြဲပါ။ ဥပမာ အချိန် တို့ ငယ် ရွယ်ခြင်းတို့ပေါ့ဗျာ။ဘယ် လောက်ပဲ တော်နေပါစေ မလုပ်တတ်တဲ့အရာ ရှိစမြဲပါ။ဥပမာ ကွန်ပျူတာနည်းပညာရှင် က ကားမပြင် တတ်တာမျိုးပေါ့ဗျာ။

ကျွန်တော်တို့မှာ မလုပ်နိုင် တဲ့အလုပ် တွေရှိတယ် ဆိုတာကို လက်ခံထားပါ။မတတ် နိုင် တဲ့ အ ခြေ အ နေ တွေပိုင် ဆိုင် လာရမယ် ဆိုတာ နားလည်ထားပါ။တချို့က တော့ ကိုယ်မလုပ် နိုင် တဲ့ အလုပ် တွေအ ပေါ်မှာ ကိုယ် မတတ် နိုင် တဲ့ အ ခြေ အ နေ တွေပေါ်မှာ ခံစားလွန်းကြတယ်။ဒုက္ခအဖြစ် ရှူမြင် ကြတယ်။သင် မသိ သေးတာက သင် ဟာ ပုထုဇဉ်မှန် ရင် စိန်ခေါ်အားလုံးကို မ ဖြေ ရှင်းနိုင် ဘူးဆိုတာပါပဲ။

ပထမဆုံး ကိုယ် ကျွမ်းကျင် တဲ့အလုပ် နဲ့ မကျွမ်းကျင် တဲ့ အလုပ်ကို ခွဲခြားသိပါ။တချို့ ခပ် ဆင် ဆင် လေး တွေရှိပါတယ်။ ဒီဇိုင် နာ ကောင်း တစ် ယောက်ဟာ ပန်းချီဆရာ ကောင်း တစ် ယောက် မဟုတ် မျိုး။ သိုင်းသမား တစ် ယောက် ဟာ သက်တော် စောင့်ကောင်း မဟုတ် မျိုး ပေါ့ဗျာ။
လုပ် ရမဲ့ အလုပ်ဟာ အမှန်တကယ် လုပ်ဖို့ လိုအပ်လား မေးခွန်းထုတ်ပါ။လုပ် သင့်တယ် ဆို ရင် ရလာမဲ့ Risk ကို ခံနိုင် ရည် ရှိ နိုင် မ ရှိနိုင် ပြန်သုံးသပ် ပါ။ အလုပ် လုပ် တဲ့ အခါ အနှိုင် အရှူံး အောင် မြင် ခြင်း ကျရှူံးခြင်း ထက် အ ကောင်းဆုံးလုပ်မယ် ဆိုတဲ့ စိတ် နဲ့ပဲ လုပ် ပါ။
အလုပ်တစ်ခုကို အ ကောင်းဆုံးလုပ်ခဲ့နိုင် ဖို့ပဲ အ ရေးကြီးပါတယ်။ရလာဒ်က အ ရေး မကြီးပါဘူး။ သင် စွမ်းဆောင် နိုင် သမျှ စွမ်းဆောင် နိုင် ခဲတာကပဲ အ ရေးကြီးတာပါ။

နိုင် တာ တွေ ရှူံးတာ တွေ အောင် မြင် တာ ကျ ရှူံး တာ တွေ အ ပေါ် ခံစား နေ သမျှ သင် ဟာ အောင် မြင် သူ အစစ် မဟုတ် သေးပါဘူး။ တကယ့်အောင် မြင် သူမှာ အနိုင် အရှူံး မ ရှိပဲ အ ကောင်းဆုံးလုပ် နိုင် ခဲ့တယ် ဆို တဲ့ ကျေနပ် တဲ့စိတ်ပဲရှိပါတယ်။တကယ် တော့ လူ တွေက ဒုက္ခကို ရှာယူကြတယ်။ ဒုက္ခရဲ့ စိန်ခေါ်ချက်ကို မနိုင် တော့ တဲ့အခါ မှိုင် ထွေနေကြတယ်။နောက်ဆုံးမှာ ဒုက္ခကပဲ နိုင် သွားတယ်။သင် က တော့ ရှူံ့းမြဲ ရှူံးလျက် ပါပဲ။

ဒါ ကြောင့် အကြံပေးချင် တာက ဖြစ်လာတဲ့ ဒုက္ခတွေအကုန်ကို သင် မ ရှင်းနိုင် တာ လက်ခံထားလိုက်ပါ။ရှင်းနိုင် တချို့ရှိတာလည်း ယုံကြည်ထားပါ။အလုပ်ကို အ ကောင်းဖြစ် အောင် လုပ်မယ် ဆိုတဲ့ စိတ် နဲ့ပဲ လုပ် ပါ အောင် မြင် တာ ကျရှူံးတာ ကို မ တွေးပါနဲ့ လို့ တိုက် တွန်း ရင်း နိဂုံးချုပ် ပါ ရ စေ။

နေ၀န်းနီ(မန္တလေး)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U