Related Posts Plugin for WordPress, Blogger...

Saturday, December 14, 2013

အောင်ဆန်းစုကြည်



သားတို့ကိုယ်သားတို့ခွင့်မလွှတ်နိုင်တဲ့
အမှားတွေကြားထဲက ကယ်တင်ပေးတဲ့ ရင်ခွင်
မိမိအိမ်မှ မိမိပြန်လည် လွတ်မြောက်လာသူ
သားတို့ရဲ့ ပင်မမြစ်တစ်စင်း
သားတို့အားလုံးရဲ့ အမေ
ရင်ခွင်ပိုက်သားငှက်တွေကနေ
အဝေးရောက် သားရဲငှက်တွေအထိ
လောကဓံကိုရင်းနှီးကြေနပ်စေသူ
အမေရဲ့ အခြေအနေ ယိမ်းယိုင်နေချိန်မှာ
အမေ့ကိုစွန့်ခွါ ထွက်သွားကြလည်း
အမေရဲ့ သားများကို ခွင့်လွှတ်နိုင်ခဲ့တယ်
ခင်ဝမ်းရဲ့ ‘အမေ’ ထဲက
အမေရဲ့ ရင်ခွင်မှာ ငါတို့ကြီးပြင်းခဲ့တယ်
အမေရဲ့ နို့ရည်ကို သောက်စို့ခဲ့ပြီး
အမေရဲ့ ချော့တေးမှာ ငါတို့အိပ်စက်ခဲ့ကြတယ်
                                      ရွှေ ကြယ် မိုး
(ဇွန်လ 19 ရက်နေ့တွင်  ကျရောက်သော အမေ့မွေးနေ့လက်ဆောင်)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U