Related Posts Plugin for WordPress, Blogger...

Wednesday, December 4, 2013

ကမ္ဘာမှာ မြန်မာဟာ အရင်နေရာကို ပြန်ရရမယ်





ဒီဇင်ဘာ ၁ ရက်နေ့က ဗဟန်းမြို့နယ်တွင်ကျင်းပခဲ့သော ခိုးဝင်ဘင်္ဂါလီအရေးတွင်စွက်ဖက် နေသည့် ကုလသမဂ်္ဂကိုကန့်ကွက် ကြောင်း ဟောပြောပွဲ၌တစ်ချိန် တုန်းက အာရှတွင်ထိပ်တန်းဖြစ် ခဲ့သည့် မြန်မာနိုင်ငံကိုတိုင်းရင်း သားအားလုံးပြည်ထောင်စုစိတ် ဓာတ်ဖြင့် ကြိုးစားလျှင်ကမ္ဘာမှာ မြန်မာသည်အရင်နေရာကိုပြန်ရ မည်ဖြစ်ကြောင်း ရခိုင်လူငယ် တစ်ဦးဖြစ်သည့် အမျိုးသားရေး လှုပ်ရှားသူ ကိုမိုးစက်နီကပြော ကြားသည်။

အဆိုပါဟောပြောပွဲသို့ အမျိုးသားရေးလှုပ်ရှားသူများ ၃၀၀ ခန့်တက်ရောက်ခဲ့ကြပြီး ၁၉၈၂ နိုင်ငံသားဥပဒေကိုကာကွယ် စောင့်ရှောက်ရေးနှင့်နိုင်ငံတော် အစိုးရ၏ရပ်တည်ချက်ကိုထောက် ခံကြောင်း၊ တရားမ၀င်ပြည်ပမှ ၀င်ရောက်လာသူများကိုလုပ်ကြံ ဖန်တီးထားသောအ မည်ဖြင့်ခေါ် ဆိုနေသည့် မည်သည့်နိုင်ငံပုဂိ္ဂုလ် အဖွဲ့အစည်းကိုမဆိုကန့်ကွက် ကြောင်း ဟောပြောခဲ့ကြသည်။ကိုမိုးစက်နီကပြောကြားရာ တွင် “ဒီနေ့တိုင်းပြည်မှာတိုင်းရင်း သား (၈)မျိုးစီးနင်းလိုက်ပါနေတဲ့ လှေကြီးဟာရခိုင်နေရာကပေါက် ပြီးရေများဝင်လာနေပါပြီ။ ငါတို့နဲ့ မဆိုင်ဘူးဆိုပြီးကျန်တဲ့တိုင်းရင်း သားတွေကြည့်နေကြမလား။ လှေမြုပ်သွားရင်အားလုံးသေရမှာ။ ဒါကြောင့်ဒီအရေးကိုပြည်ထောင်စု စိတ်ဓာတ်နဲ့ဝိုင်းဝန်းကာကွယ်ရမှာ ဖြစ်ပါတယ်။ ဒီနေရာကိုကျွန်တော် ရခိုင်အနေနဲ့လာတာမဟုတ်ဘူး။ ဗမာအနေနဲ့လာတာမဟုတ်ဘူး။ ဒီမှာရှမ်းလူမျိုးတွေလည်းရောက် နေတယ်။ ကျွန်တော်တို့အားလုံး မြန်မာဆိုတဲ့စိတ်ဓာတ်နဲ့လာကြ တာ၊ အောင်ဆန်းသွေးနဲ့လာတာ၊ ကျွန်တော်တို့လူမျိုးတွေဟာ အေး အေးနေတတ်တဲ့လူတွေပါ။ ဒါပေမဲ့ သိပ်ရန်စလာရင်တော့ ဗျို့ဟစ် ရင်လူကုန်ထွက်တဲ့အမျိုးဖြစ် ကြောင်း ပြရလိမ့်မယ်။

ခိုးဝင်ဘင်္ဂါလီအရေးကိုအစိုးရ ဆုံးဖြတ်တာမှန်သရွေ့ ကျွန်တော် တို့တစ်သားတည်းရှိတယ်။ နိုင်ငံတော် အစိုးရရဲ့သဘောထားကိုပြတ်ပြတ် သားသားထောက်ခံတယ်။ တစ်ချိန် တုန်းကအာရှမှာမြန်မာဟာ ဘယ် နေရာကရှိခဲ့သလဲ။ ရှေးလူကြီးတွေ ပြောတယ်။ ထိပ်တန်းကမြန်မာ ဖြစ်တယ်။ ဒီတော့ကျွန်တော်တို့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ညီညီ ညာညာကြိုးစားသွားမယ်ဆိုရင် ကမ္ဘာမှာမြန်မာအရင်နေရာကိုပြန်ရ ရမယ်” ဟုဆိုသည်။ ဗိုလ်ချုပ်ချုပ် ခဲ့တဲ့ပင်လုံစာချုပ်က ကျွန်တော် တို့ရင်ထဲမှာရှိတယ်။ အခုတိုင်းရင်း သားတွေအားလုံးအရေးကြီးရင် သွေးနီးဖို့ ဒီမှာစုဝေးနေကြပြီဖြစ် ကြောင်း ၎င်း၏ပြောကြားချက်ကို ဟောပြောပွဲတက်ရောက်လာသူ များက တခဲနက်ထောက်ခံခဲ့ကြ သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U