Related Posts Plugin for WordPress, Blogger...

Monday, December 9, 2013

ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာ လေးဦးဒဏ်ရာရ



ဟင်္သာတမြို့နယ် လူအသွားအလာရှုပ်ထွေးရာ ကျောက်တော်ကြီးကုန်းပေါ်၌ ဒီဇင်ဘာ ၇ ရက် ညက ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိပြီး ဆိုင်ကယ်စီးနင်းလာသူ လေးဦးလုံး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကာ နှစ်ဦးကို ရန်ကုန်ဆေးရုံကြီးသို့ ပြောင်းရွှေ့ ကုသနေရကြောင်း သတင်းရရှိသည်။

““လမ်းပြောင်းပြန် မှားဝင်မိပြီးတော့ ကုန်းပေါ်အရောက်မှာ မျက်နှာချင်းဆိုင် တိုက်မိတာပါ။ အမျိုးသားလေးယောက် ဒဏ်ရာရခဲ့ပြီး နှစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်လို့ ရန်ကုန်ဆေးရုံကို ပို့လိုက်ရပါတယ်””ဟု ဟင်္သာတမြို့ ပန်းပဲတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဟင်္သာတမြို့ ကျောက်တော်ကြီးကုန်းသည် မြို့ဝင်မြို့ထွက် လမ်းကြောင်းဆုံရာနေရာတွင် တည်ရှိပြီး ဘယ်နှင့်ညာ ယာဉ်နှစ်ခုကို သံဆန်ခါဖြင့် ခြားထားသည်။ နိုဝင်ဘာ ၇ ရက်ညက ကျောက်တော်ကြီးဘုရားဘက်အခြမ်းမှ ဆိုင်ကယ်နှစ်စီး ယှဉ်မောင်းလာစဉ် တစ်စီးမှာ လမ်းကြောင်းမှားပြီး တစ်ဖက်ယာဉ်ကြောသို့ ၀င်ရောက်သွားကာ တစ်ဖက်မှ တက်လာသော ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်တိုက်မိခြင်းဖြစ်ကြောင်း ဟင်္သာတမြို့အမှတ်(၁)ရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသနေသည့် ဒဏ်ရာရသူနှစ်ဦးမှာ စိုးရိမ်ရသော အခြေအနေတွင် ရှိနေသေးပြီး အဆိုပါဖြစ်ရပ်ကို ပြစ်မှုပုဒ်မ ၂၇၉/၃၃၇/၃၃၄ဖြင့် အမှုဖွင့်၍ ဟင်္သာတမြို့အမှတ် (၁) ရဲစခန်းတွင် စစ်ဆေးနေကြောင်း သတင်းရရှိသည်။


0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U