Related Posts Plugin for WordPress, Blogger...

Wednesday, December 11, 2013

စင်္ကာပူ ဆူပူအကြမ်းဖက်မူ အိန္ဒိယ အလုပ်သမား ၂၄ ဦး တရားစွဲခံရ



လွန်ခဲ့သော တနင်္ဂနွေနေ့ ညနေပိုင်းက နာရီနှင့် ချီပြီး ဖြစ်ပွားခဲ့သော စင်္ကာပူ နိုင်ငံ ဆူပူ အကြမ်းဖက်မူ ဖြစ်စဉ်နှင့် ဆက်စပ်ပြီး အိန္ဒိယ အလုပ်သမား ၂၄ ဦးကို တရားစွဲဆိုလိုက်သည်ဟု AFP သတင်းတွင် ဖေါ်ပြသည်။

၎င်း ဆူပူ အကြမ်းဖက် တိုက်ခိုက်မူသည် စင်္ကာပူနိုင်ငံတွင် နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံး အကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အိန္ဒိယ လူမျိုးများ နေထိုင်သော ရပ်ကွက်တစ်ခုတွင် အိန္ဒိယ ဆောက်လုပ်ရေး အလုပ်သမား တစ်ဦး မတော်တဆ ကားတိုက် သေဆုံးရာမှ စတင်ခဲ့သည်ဟု ဆိုသည်။

ဆူပူ အကြမ်းဖက်မူကြောင့် စင်္ကာပူ ရဲသားနှင့် အရပ်ဘက် လုံခြုံရေး အဖွဲ့ဝင် ၃၉ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ကား ၂၅ စီးဖျက်စီးခံခဲ့ရသည်။ ထိုအထဲတွင် ရဲကား ၁၆ စီး ပါဝင်သည်ဟု သတင်းက ဆိုသည်။

အကြမ်းဖက်တိုက်ခိုက်မူတွင် လူပေါင်း ၄၀၀ ခန့်ပါဝင်ခဲ့ပြီး ထိုအထဲမှ အိန္ဒိယ အလုပ်သမား ၂၄ ဦးကို ဖမ်းဆီး တရားစွဲတင်ခဲ့ခြင်း ဖြစ်သည်။

အစပိုင်းတွင် ဖမ်းဆီးခဲ့သော ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား နှစ်ဦး၊ အိန္ဒိယ နိုင်ငံသား တစ်ဦးနှင့် အမြဲတန်း နေထိုင်ခွင့်ရထားသော စင်္ကာပူ နိုင်ငံသား တစ်ဦးတို့ကိုမူ အကြမ်းဖက် တိုက်ခိုက်ရာတွင် တစ်စုံတစ်ရာ ပါဝင်ပတ်သက်မူ မရှိသဖြင့် နောက်ပိုင်းတွင် ရဲက လွှတ်ပေးခဲ့သည်ဟု ဆိုသည်။

၎င်းတရားစွဲခံရသောအိန္ဒိယ အလုပ်သမား ၂၄ ဦးသည် ပြစ်မူ ထင်ရှားပါက စင်္ကာပူ ဥပဒေကြောင်းအရ ဆူပူ အကြမ်းဖက်မူ ပုဒ်မဖြင့် ထောင် (၁၀) နှစ်ကျော် ကျခံရနိုင်ဖွယ်ရှိကြောင်း သတင်းက ဖေါ်ပြသည်။


0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U