IFC
နှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
ဝန်ကြီးဌာနတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအခမ်းအနား
ကျင်းပနေစဉ်
မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့်
သက်ဆိုင်သောမူဝါဒများ အားကောင်းလာစေရန် International Finance Corporation
(IFC) အဖွဲ့မှ ကူညီပေးသွားမည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနနှင့် International Finance
Corporation (IFC) တို့၏ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်
တိုးတက်စေရန် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ
လက်မှတ်ရေးထိုးခြင်းအခမ်းအနားတွင် (IFC) ကိုယ်စား မြန်မာနိုင်ငံဌာနေ
ကိုယ်စားလှယ် Mr Vikran Kumar က ပြောကြားခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုနှင့်
ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက
"သူတို့ပေးမှာကတော့ ရင်းနှီးမြှုပ်နှံမှုဥပဒေကို လေ့လာမယ်။ ဒီဥပဒေသည်
လက်တွေ့အကောင်အထည်ဖော်တဲ့အခါမှာ ဘယ်လိုအားနည်းချက်တွေ ရှိနေတယ်။
ဘယ်လိုအားသာချက်တွေရှိသလဲ။ အားနည်းချက်တွေကို ပြုပြင်ပေးဖို့
အကြံဥာဏ်ပေးမယ်။ ဥပဒေတင်မကဘူး လုပ်ထုံးလုပ်နည်းကိုကြည့်ပြီး ဘာတွေခက်ခဲသလဲ။
ဘာတွေကလွယ်ကူသလဲ။ သုံးသပ်ပြီး အကြံဥာဏ်တွေပေးမယ်။ နည်းပညာ
အကူအညီပေးရေးနဲ့ပတ်သက်ပြီး ဒါဟာပထမဆုံးပါပဲ။ ပထမဆုံးအနေနဲ့လည်း
နားလည်မှုစာချွန်လွှာ ပိုပြီးအားကောင်းစေချင်လို့ လက်မှတ်ရေးထိုးကြတာပါ"
ဟုပြောကြားခဲ့သည်။
"သူတို့က ကျွန်တော်တို့တိုင်းပြည်ရဲ့
ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့အခြေအနေ ပိုကောင်းလာအောင် တိုင်းပြည်မှာ
ရင်းနှီးမြှုပ်နှံတာကောင်းတဲ့ ၀န်းကျင်တစ်ခုတည်ဆောက်နိုင်အောင်
ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ မူဝါဒတွေ၊ ဥပဒေကိစ္စရပ်တွေ
ပိုကောင်းလာအောင် အကူအညီပေးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ
ဥပဒေနှစ်ခုရှိပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ မြန်မာနိုင်ငံသား
ရင်းနှီးမြှုပ်နှံမှုဥပဒေနှစ်ခုရှိတယ်။ ဒီဥပဒေနှစ်ခုရှိနေတာတော့
မကောင်းလှဘူးပေါ့။ အခြားနိုင်ငံတွေမှာ ဥပဒေတစ်ခုပဲရှိတယ်။ ဒီမှာက
နှစ်ခုဖြစ်နေတယ်။ ကြည့်လိုက်ရင် ကိုယ့်နိုင်ငံသားတွေအတွက်ကို
အခွင့်အရေးပိုပေးတယ်လို့ ယူဆရသယောင်ရှိသော်လည်း ဥပဒေနှစ်ခုကွဲသွားတဲ့အတွက်
ကိုယ့်နိုင်ငံသားတွေ နစ်နာတဲ့ကိစ္စတွေလည်း ရှိနေတယ်။ အဲဒီလိုမဖြစ်ရအောင်
ဥပဒေနှစ်ခု ပေါင်းစည်းဖို့ကို သူတို့ကအကြံပေးတာပါ" ဟု
ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဆက်လက် ပြောကြားခဲ့သည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago




12:51 AM
sayarchan.blogspot.com
Posted in:
0 comments:
Post a Comment