Related Posts Plugin for WordPress, Blogger...

Wednesday, December 4, 2013

ITC အကြီးတန်းစာရေးအမျိုးသမီး အိပ်ယာထဲတွင်သေဆုံးနေ



ပဲခူးမြို့၊အမှတ်(၃)ရဲစခန်းအပိုင် ဥဿာမြို့သစ်(၅)ရပ်ကွက်၊ဆည်မြောင်း
ITC၀န်းအတွင်းရှိ နေအိမ်လိုင်းခန်းအမှတ် F.17 အတွင်း
တွင်(၃.၁၂.၂၀၁၃)နေ့ ညနေ(၃း၀၀)အချိန်ခန့်က အမျိုးသမီး(၁)ဦးသေဆုံး
နေသဖြင့် ပဲခူးအမှတ်(၃)ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်လင်းနှင့်အဖွဲ့မှသက်
သေများဖြင့် အတူအခင်းဖြစ်နေရာသို့သွားရောက်ကြည့်ရှုစစ်ဆေးရာ သေဆုံးသူမှာ
ဒေါ်ခင်မိုးအေး(၄၅)နှစ်၊(ဘ)ဦးဝင်းစိန်၊ဗမာ/ဗုဒ္ဂ၊အကြီးတန်းစာရေးသည်
၎င်း၏အိပ်ယာ ခြင်ထောင်အတွင်း၌ အင်္ကျီ အပေါ်လှန်ကာ ရင်သားနှစ်ဖက်
ပေါ်၊အတွင်းခံဘော်လီအားကိုက်၊အတွင်းခံဘောင်းဘီမှာ ယာခြေထောက်မှ
ကျွတ်ပြီး ၀ဲခြေထောက် ဒူးခေါင်း၌ရှိ၊ ထဘီဝတ်ဆင်ထားခြင်းမရှိ လည်ပင်းတွင်
ရွှေဆွဲကြိုး(၁)ကုံး၊ယာလက်တွင် ရွှေလက်စွပ်(၁)ကွင်း၊နားနှစ်
ဘက်တွင် ရွှေနားကပ်(၁)ရံဝတ်ဆင်ထားရှိ၊လည်ပင်းညိုမဲဒဏ်ရာ၊မိန်းမ
အင်္ဂါမှာ သွေးများထွက်လျှက် သေဆုံးနေသဖြင့် သေဆုံးသူဒေါ်ခင်မိုးအေး
အားပဲခူးပြည်သူ့ဆေးရုံသို့ပို့ဆောင်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း
ဟုတ်/မဟုတ် စစ်ဆေးလျှက်ရှိပြီး ပဲခူးအမှတ်(၃)စခန်း သေမှုသေခင်း
အမှတ်စဉ်(၁၄/၂၀၁၃)ဖြင့်အမှုဖွင့်ထားကြောင်းသတင်းရရှိသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U