Related Posts Plugin for WordPress, Blogger...

Wednesday, December 4, 2013

OIC ဆန္ဒပြပွဲတွင် အခြားဘာသာကို စော်ကားသောပိုစတာပါဝင်ခဲ့၍ ဗဟန်းရဲစခန်း အမှုဖွင့်



OIC ကန့်ကွက်ဆန္ဒပြပွဲမှာ အစ္စလာမ်ဘာသာကို တိုက်ရိုက်စော်ကားတဲ့ ကြွေးကြော်သံ ပိုစတာကို ကိုင်ဆောင်ခဲ့မှုနဲ့ ရန်ကုန်မြို့ ဗဟန်းရဲစခန်းက ပုဒ်မ ၂၉၅နဲ့ အမှုဖွင့်ပြီး အရေးယူစုံစမ်းမှုတွေ စတင်နေပြီလို့ ဒီဇင်ဘာ ၃ရက်နေ့မှာ အတည်ပြုပြောဆိုခဲ့ပါတယ်။

ဆန္ဒပြဖို့ ခွင့်ပြုချက်တင်တဲ့အခါမှာ ပါဝင်မယ့် ကြွေးကြော်သံတွေ၊ ဆောင်ပုဒ်တွေကို ဖော်ပြရတာဖြစ်ပြီး ခွင့်ပြုချက်တင်တုန်းက မပါဝင်တဲ့ သားဖောက်နှုန်းမြန် အစ္စလာမ် တိရိစ္ဆာန်ဝါဒ ဆန့်ကျင်ကြဆိုတဲ့ ပိုစတာဟာ ယုံကြည်သက်ဝင်တဲ့ ဘာသာရေးကို စော်ကားတာဖြစ်တာမို့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ မကွေးကျောင်းတိုက်က ဆရာတော် ဦးပါမောက္ခက နစ်နာစေလိုတဲ့ဆန္ဒမရှိတာကြောင့် မီဒီယာတွေကနေ တောင်းပန်ခဲ့ပြီးပြီမို့ အစိုးရအနေနဲ့ တရားစွဲမယ်ဆိုရင် ပြဿနာတွေပိုပြီး ရှုပ်ထွေးလာနိုင်တယ်လို့ မိန့်ကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကြားတောရလမ်းမှာ ဆန္ဒပြခဲ့တဲ့အခါမှာ အစ္စလာမ်ဘာသာကို စော်ကားတဲ့ ပိုစတာ ၅ခုရှိခဲ့ပေမယ့် ၄ခုကို ဖျက်စီးနိုင်ခဲ့ပြီး ၁ခုကို မတွေ့ခဲ့တာကြောင့် ဒီလို နောက်ဆက်တွဲပြဿနာတွေ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U