Related Posts Plugin for WordPress, Blogger...

Friday, December 13, 2013

လူမှုရေးကွန်ရက် (Social Network) Facebook နှင့် ယနေ့ မြန်မာပြည်




ဒီနေ့ကမ္ဘာနဲ့ချီပြီး ပုံကြီးချဲ့ ပြောရရင် သတင်းအချက်အလက်တွေကို လျင်လျင်မြန်မြန်နဲ့ Sharing လုပ်တဲ့နေရာ၊သတင်းတစ်ပုဒ်၊ အကြောင်းအရာတစ်ခုကို စက္ကန့်မိနစ်အနည်း ငယ်မျှသော အချိန်တိုကာ လလေးတစ်ခုအတွင်းမှာ widespread ဖြစ်သွားအောင် လုပ်နိုင်တဲ့ နေရာဟာ လူမှုကွန်ရက်တွေဖြစ်တဲ့ Social Network တွေဘဲဖြစ်ပါတယ်၊ Arab Spring အာရပ်နွေဦးတော်လှန်ရေးက စလို့ Libya၊ Egypt အပြောင်းအလဲတွေ ဟာ Social Network တွေပေါ်ကနေ စတင်စည်းရုံးလှုပ်ဆော်ခဲ့ပြီး လူစုလူဝေး၊လူထုအုံကြွမှု တစ်ရပ်ဖြစ်လာအောင် ဖန်တီးခဲ့ကြတာဖြစ်ပါတယ်၊ စာလေး တစ်ကြောင်းရေးပြီး ဖြန့်လိုက်တာနဲ့ လွယ်လွယ် ကူကူစည်း ရုံးပြီး သားဖြစ် သွား တဲ့ အထိရောက်ဆုံးဝါဒဖြန့်ချိရေး လက်နက်တစ်ခုလည်း ဖြစ်တဲ့အတွက် Soial Network အသုံးပြုလာ သူဦးရေဟာ ကြောက်ခမန်းလိလိ တိုးတက်လာတာကို တွေ့ကြရမှာပါ၊

ကမ္ဘာ့နိုင်ငံ အလိုက် အသုံးပြုကြတဲ့ လူမှုရေးကွန်ယက်တွေ အများအပြားရှိနေပေမဲ့ Twitter နဲ့ Facebook စာမျက်နှာတွေဟာ လူသုံးအများဆုံးနဲ့ Popular အဖြစ်ဆုံးကွန်ရက် ၂ ခုဖြစ်ပါတယ်၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ အများသိကြတဲ့ အတိုင်း ၂၀၀၈ ခုနှစ်လောက်က စတင်ပေါ်ထွက်လာတဲ့ Facebook စာမျက်နှာဟာ အခုချိန်မှာဆိုရင်Facebook ခေတ်လို့ ပြောရလောက်အောင် ဘယ်လိုအကြောင်း အရာဘဲဖြစ်ဖြစ် Facebook ပေါ်တက်ကြည့်လိုက်ဦးမှ၊ သတင်းဆိုတာနဲ့ အရင်ကလို Website၊ Blog တွေကို ပြေးမကြည့် ကြတော့ဘဲ Facebook မှာဘဲ ရေးသား၊ ဖတ်ရှုမျှဝေနေကြတာ ဖြစ်ပါတယ်၊နယ်ပယ်ပေါင်းစုံက ပြည် တွင်း၊ပြည်ပ မီဒီယာသတင်းဌာနတိုင်းကလဲ Facebook စာမျက်နှာပေါ်မှာ LikePage တွေပြုလုပ်ပြီး သတင်းရေးသားဖြန့်ဝေတဲ့ စနစ်ကို အဓိကထား အသုံးပြုနေတဲ့ ခေတ်ဖြစ်နေပါပြီ၊ ဒါကတော့ ဒီကနေ့ သတင်းအချက်အလက်နဲ့ Facebook ဟာ ခွဲမရအောင် တစ်ထပ်တည်းကျနေတဲ့ ခေတ် Current Sicuation လက်ရှိအခြေအနေကို သတိထား မိအောင် ကနဦးအနေနဲ့ တင်ပြတာဖြစ်ပါတယ်၊


အကြောင်းအရာဖြစ်ရပ်တစ်ခု၊လူအများစိတ်ဝင်စားစေနိုင်တဲ့ သတင်းတစ်ခု Facebook ပေါ်ရောက် လိုက်တာနဲ့ အဲဒီသတင်းဟာ စက္ကန့်ပိုင်း ၊မိနစ်ပိုင်းတွင်းမှာ ပျံ့နှံ့သွားတော့တာပါပဲ။ဥပမာတစ်ချို့ကို မြင်သာ အောင် ပြရရင် အနောက်ဘက်ရခိုင် ဘင်္ဂလီအရေးကိစ္စ ကနေအစပြုလို့ ပြည်မကြီးမြို့တွေဖြစ်တဲ့ မိတ္ထီလာ၊ ဥက္ကံ၊ လာရှိုး၊ ပန်းတနော်၊ ကျောင်းကုန်းမြို့ များမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး နဲ့ ဆက်နွယ်တဲ့ အဓိကရုဏ်းတွေ၊ ယနေ့ထိ မပြီးပြတ်နိုင်သေးတဲ့ လက်ပန်တောင်းတောင် အရေးအခင်းကိစ္စတွေ ဟာ ဒီ Online Facebook လူမှုရေးကွန် ရက်ပေါ်ကနေ စတင်ရေးသားဖြန့်ဝေမှုများက အစပြုလို့ တစ်စတစ်စ ကြီးထွားလာပြီး တကယ့်လူ ထုအုံကြွမှုနဲ့ စိုးရိမ်အထိတ်တလှန့်ဖြစ်စေမှုတွေကို ဖြစ်ပေါ်စေခဲ့တာ ဖြစ်တယ်ဆိုတာ ကြီးမားတဲ့ သာဓက သက်သေ တွေဖြစ်ပါတယ်၊

Facebook လူမှုကွန်ရက်ပေါ်မှာ ကောင်းမွန်တဲ့ ရည်ရွယ်ချက်၊ဆန္ဒများနဲ့ သတင်းတွေ ဝေမျှပေး ခဲ့တာကြောင့် အချို့သောကိစ္စတွေ၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နဲ့ ပတ်သက်တဲ့ကောင်းကျိုးတွေဖြစ်ထွန်း သွားစေ တဲ့ အကျိုးကျေးဇူးတွေ ရရှိသွားစေခဲ့တာတွေလဲ ရှိပါတယ်၊ ဥပမာအနေနဲ့ နီးနီးကပ်ကပ်တစ်ခု တင်ပြရရင် များမကြာမီက ဖေ့ဘွတ်ပေါ်မှာ ပျံ့နှံ့သွားခဲ့တဲ့ အဘလှကြိုင်ကိစ္စမှာဆိုရင် ရည်ရွယ်ချက် ကောင်းကောင်းနဲ့ ဆောင်ရွက်ခဲ့တဲ့ Facebook Celebrity များရဲ့ လုပ်ရပ်တွေကြောင့် အဘလှကြိုင်ရဲ့ ဘ၀ကို ချက်ချင်းပြောင်းလဲသွားစေခဲ့တာဖြစ်ပါတယ်၊ ပြည်တွင်း၊ပြည်ပကလှူကြပေးကြနဲ့ အဘလှကြိုင်ဘ၀အတွက် ပူပင်စရာမလိုတော့တဲ့ အနေအထားအထိရောက်ရှိသွားပါပြီ။

အဓိက တင်ပြပေးချင်တဲ့ အကြောင်းအရာ တစ်ခုက Facebook အသုံးပြုတဲ့ သူတွေအနေနဲ့ သိရှိထားသင့်တဲ့ သတင်းဖြန့်ဝေမှုစနစ်၊စည်းရုံးလှုံဆော်မှုစနစ်တစ် ခုဖြစ်ပါတယ်၊ နီးနီးကပ်ကပ် ဥပမာတစ်ခု အနေနဲ့ ၁၈ ရက်နေ့က နေပြည်တော်မှာ ကျင်းပသွားတဲ့ NLD နေပြည်တော်ဖွဲ့စည်းပုံပြင်ဆင်ရေး လူထု ဆန္ဒခံယူပွဲ လေးကို Facebook ပေါ်မှာ စည်းရုံးလုပ်ဆောင်သွားပုံလေးကို တင်ပြပေးသွားမှာဖြစ်ပါတယ်၊ ဒီလိုရေးသား တင်ပြခြင်းဟာ NLD ပါတီ အဖွဲ့ဝင်များရဲ့ Facebook ကွန်ရက်ပေါ်မှာ အကြောင်းအရာ တစ်ခု၊သတင်းတစ်ခုကို ပြန်နှံ့အောင် ချိတ်ဆက်လုပ်ဆောင်သွားတဲ့ အုပ်စုလိုက် သတင်းဖြန့်ဝေမှု ကောင်း မွန်ပုံလေးကို ချီးကျူး အတုယူစရာ တစ်ခုအနေနဲ့ ရေးသား တင်ပြရခြင်းဖြစ်ပါတယ်။


၁၈.၁၁.၂၀၁၃ ရက်နေ့မှာ ကျင်းပမဲ့ NLD နေပြည်တော်ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဆန္ဒခံယူ ပွဲပြုလုပ် မဲ့အကြောင်းကို Facebook ပေါ်မှာ တစ်ပတ်လောက် ကြိုပြီး စတင်စည်းရုံးလှုံးဆော်မှုတွေ ဆောင် ရွက်ခဲ့တာကို တစ်ဆင့်ခြင်း တင်ပြရရင် ပထမဆုံး အနေနဲ့ သက်ဆိုင်ရာကို ခွင့်ပြုမိန့်တင်တာ ခွင့်မပြု သေးကြောင်း သတင်းကို RFA၊ DVB သတင်းဌာနမှာ နိုဝင်ဘာ ၁၄ ရက်နေ့က ဖော်ပြထားတွေကို Facebook ပေါ်မှာ စတင်ဖြန့်ဝေ တာတွေလုပ်ဆောင်လိုက်ပါတယ်၊ နောက်တဆင့် ဇဗ္ဗူသီရီမြို့နယ်၊ လက်ပန်ခါးလှ ကျေးရွာက ဦမင်းသူရိယပိုင် လယ်မြေမှာ အစည်းအဝေးပြုလုပ်မှာကို သက်ဆိုင်ရာက ခွင့်ပြုမိန့် မရခင် မပြုလုပ် ဖို့ သတိးပေးထားတဲ့ အကြောင်းကြားစာကို D-Wave Facebookစာမျက်နှာ မှာ နိုဝင်ဘာ ၁၅ ရက်နေ့ညနေ ပိုင်းက တင်ပြီးဖြန့်ဝေလိုက်ပါတယ်။

D-Wave Page ကနေ Share လုပ်သူ ၁၈၃ ယောက်နဲ့ Like လုပ်သူ ၄၁၂ ယောက်ရှိသွားပါတယ်၊ဒါအပြင် NLD က ခွင့်ပြုမိန့်တင်ထားတဲ့ အတိုင်း ဆက်လက်ဆောင် ရွက်မှာဖြစ်တဲ့ အကြောင်း သက်ဆိုင်ရာကို ပြန်ကြားစာပါ D-Wave Page မှာ ဖြန့်ဝေခဲ့တာ Share လုပ်သူ ၁၄၇ ရောက်နဲ့ Like လုပ်သူ ၅၈၂ ယောက်ရှိသွားပါတယ်၊ အဲဒီအကြောင်းအရာ ၂ ခုကို တင်ပြီး ခဏမှာဘဲ NLD ပါတီဝင်အကောင့်များနဲ့ NLD သတင်းများ ဖြန့်ချိသူများရဲ့ Facebook စာမျက်နှာများက ဆက်လက်ဖြန့်ဝေလိုက်ပါတယ်။ Myo Gyi ဆိုတဲ့ Facebook account ကနေ NLD အမာခံများဖြစ်တဲ့ Tun Wai, Lin Wai Oo,Scuba Som,Helen Ayekyaw,ခွန်ဒီးယမ်စတဲ့ သူတွေနဲ့ အကောင့် ၅၀ ကို Tag ပေးဖြန့်လိုက်တာ ဒီသတင်း ၂ ခုဟာ Facebook ပေါ်မှာ တစ်ခဏခြင်းဘဲ ပြန့်သွားတာခဲ့တာ Share လုပ်သူ စုစုပေါင်း ၁ နာရီအတွင်းမှာ ၁၇၈၉၅ ယောက်ရှိသွားပါတယ်။ ဒါကတော့ ပထမအဆင့်အနေနဲ့ ဒီကိစ္စအပေါ်မှာ အာရုံရောက်ရှိစေဖို့ စုပေါင်း ဆွဲဆောင် လိုက်တဲ့ ပထမ အချက်ဖြစ်ပါတယ်။

ဒုတိယအဆင့်အနေနဲ့ ဒီသတင်းတွေပြန့်သွားပြီး ဘာကြောင့်ခွင့်မပြုတာလဲ၊ဘာလို့လဲဆိုတဲ့ ပြောဆို ဝေဖန်သံတွေ၊ အာရုံစိုက်မှုတွေရပြီးတဲ့နောက်မှာ ဒီဆန္ဒခံပွဲမှာ ခါတိုင်းနယ်တွေနဲ့ ရန်ကုန်မှာ လုပ်ခဲ့သလို ဦးကိုနီက ဦးဆောင်ဆွေးနွေးမှာ မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက် ဟောပြော မှာဖြစ်တဲ့အကြောင်းကို စောစောကဖြန့်ခဲ့တဲ့ သတင်း ၂ ခုနဲ့ အတူ လူသိများတဲ့ Facebook account များဖြစ်တဲ့ ခွန် ဒီးယမ်၊ ငရဲသား ၊ ရွှေပုရစ် ၊ Dota Soldier၊ Ko Htut Myanmar စတဲ့ သူများအပါအ၀င် NLD ထောက်ခံအကောင့် တော်တော်များများမှာ ( အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နေပြည်တော်) ဆိုတဲ့ ခေါင်းစဉ်ပါ ဒေါ်အောင်ဆန်းစုကြည် ပရိသတ်များကို မိန့်ခွန်းပြောကြားနေတဲ့ ပုံတစ်ခုနဲ့ ဟောပြောမဲ့ နေရာ၊ နေရပ် ၊အချိန် တို့ ကို ဖော်ပြထားတဲ့ ဒေါင်းအလံပါ ဓာတ်ပုံ တစ်ခုကို တင်ပြီး တစ်ချိန်တည်း တစ်ပြိုင်တည်း concurrent ဖြန့်ဝေ လှုံဆော်လိုက်ပါတယ်။ ဒါနဲ့ တစ်ဆက်တည်းဘဲ အဲဒီအကောင့်များမှာ သက်ဆိုင်ရာနဲ့ ညှိနှိုင်းပြီးပြီဖြစ်လို့ ခွင့်ပြုမိန့် ရပြီဆိုတဲ့ အကြောင်းနဲ့ ဆရာဇော်ဂျီရဲ့ (ထလော့ မြန်မာ အိုမြန်မာတို့) ဆိုတဲ့ ကဗျာများနဲ့ နေပြည်တော်ကိုသွားကြပါဆို တဲ့ ကဗျာတွေ ရေးသားပြီး နေပြည်တော်ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲကို သွားကြဖို့ လှုံ့ဆော်လိုက်ပါတယ်။

ပြည်တွင်းမီဒီယာများဖြစ်တဲ့ The Voice မှာနိုဝင်ဘာလ ၁၅ ရက်နေ့က နေပြည်တော် ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဆန္ဒခံပွဲကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်မှာဖြစ်တဲ့ အကြောင်း မန္တလေးတိုင်းဒေသကြီး NLD ပါတီဥက္ကဌ ဦးတင်ထွဋ်ဦးက ပြောကြားကြောင်းသတင်းနဲ့ Eleven Media မှာလွှတ်တော်အမတ် ဦးမင်းသူက ဒီပွဲကို ဒေါ်အောင်ဆန်းစုကြည်တက်မှာ ဖြစ်ကြောင်း ပြောကြားချက် များ ဖော်ပြထားတဲ့ သတင်းတွေကိုလဲ D-Wave ကနေတဆင့် NLD ဘက်က ရပ်တည်ရေးသားတဲ့ account တွေမှာ တစ်ပြိုင်တည်း အားတစ်ခုအဖြစ်ယူသုံးပြီး ဖော်ပြလိုက်ကြပါတယ်။

ဒုတိယ အဆင့် လှုံ့ဆော်စည်းရုံးရေးမှာ အရှိန်ကောင်းလာပြီဆိုတဲ့အချိန်လဲရောက်၊ ဟောပြောပွဲ လုပ်ဖို့လည်း ၂ ရက်လောက်ဘဲ ကျန်တော့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့မှာတော့ D-Wave Facebook စာမျက်နှာနဲ့ ခွန်ဒီးယမ်၊ ဒီမိုဖက်တီး၊ Tun Wai၊ Helen AyeKyaw၊ Min Myanman ၊ May Thin Gyan ၊ Wine Chit Aung NLD ၊ Lynn Wai Oo စတဲ့ NLD ပါတီဝင်များရဲ့ Facebook အကောင့်များနဲ့ NLD ထောက်ခံ သူများမှကတစ်ဆင့် ( အားရကျေနပ်ခြင်းဂိတ်ဆုံး) ဆိုတဲ့ ခေါင်းစဉ်နဲ့ နေပြည်တော်ပွဲကို လူထု ၁၀၀,၀၀၀ (တစ်သန်း) ကျော် မြန်မာပြည်အရပ်ရပ်ကနေ စစ်ကြောင်းကြီး ၃၀ နဲ့ ချီတက်ကြမှာဖြစ်ပါတယ်ဆိုပြီး သတင်းရေးသား ဖြန့်ဝေလှုံဆော်လိုက်ပါတယ်၊ ဒါနဲ့ တစ်ချိန်တည်း တစ်ပြိုင်တည်း မှာဘဲ ခွန် ဒီးယမ်၊ Helen Aye Kyaw ၊ Chaw Chaw နဲ့ NLD ပါတီဝင်များရဲ့ အကောင်များမှာ နေပြည်တော် လူထုဆန္ဒခံယူပွဲကို သွားရောက်လိုတဲ့သူများအနေနဲ့ သက်ဆိုင်ရာမြို့နယ်များမှာရှိတဲ့ NLD ရုံးများမှာ သွားရောက်စာရင်းပေးနိုင်တဲ့ အကြောင်း၊ စားရင်းပေးသူတွေများနေပြီဖြစ်တဲ့အကြောင်းကို ရေးသားဖော်ပြပြီး အာရုံစိုက်မှုအရှိန်ပိုကောင်းလာ အောင် လုပ်ဆောင်သွားခဲ့ကြပါတယ်။


တတိယအဆင့်အနေနဲ့ ဒီပွဲအပေါ်မှာ ဒါထက်ပိုပြီး အာရုံစိုက်မှုရရှိအောင် ပိုမိုအသက်ဝင်လှုပ် ရှားလာစေ ဖို့အတွက် နိုဝင်ဘာ ၁၆ ရက်နေ့မှာဘဲ Helen Aye Kyaw နဲ့ Chaw Chaw တို့ရဲ့ Facebook မှာသူရဲ့ မိတ်ဆွေအကူအညီနဲ့ မန္တလေးကနေ နေပြည်တော်ကို Air Con Bus ၂ စီးနဲ့ စရိတ်ငြိမ်းလိုက်ပို့ မှာဖြစ်တဲ့အကြောင်း လိုက်ပါလိုသူများအနေနဲ့ စာရင်းပေးသွင်းဖို့ Phone No၊ နေရာ၊ လိပ်စားများပါ အတိအကျ ရေးသားဖော်ပြီး ခွန်ဒီး ယမ်၊ Tun Wai နဲ့ NLD အကောင့်များကနေ တစ်ဆင့် ဖြန့်ဝေလိုက်ပါတယ်။ ၁၆ ရက်နဲ့ ၁၇ ရက်နေများမှာတော့ D-Wave၊ ခွန် ဒီးယမ်၊ ငရဲသား၊ ရွေပုရစ်၊ Tun Wai၊ Daw Myo Chit ၊ Helen Aye Kyaw၊ Lynn Wai Oo၊ Sucba Som ၊ May Thin Gyan ၊ Min Myanmar ၊ Thet Dwe Aung စတဲ့ NLD အမာခံ Facebook စာမျက်နှာများမှာ နောက်ဆုံး Finishing အဖြစ် နေပြည်တော်ပွဲ အောင်နိုင်ရေးအတွက် ဒီကိစ္စနဲ့ ပတ်သတ်တဲ့ အကြောင်းအရာများကိုဘဲ Facebook ကွန်ယက်ပေါ်မှာ ပျံ့ နှံ့နေအောင် ၀ိုင်းဝန်း စုပေါင်းပြီး သတင်းဖြန့်ဝေခဲ့ကြပါတယ်၊ ၁၇ ရက်နေ့ ညနေ ရန်ကုန်၊ မန္တလေးမြို့များကနေ Bus Car များ၊ Light Truck များနဲ့ ခရီးနှင်လာတဲ့ ပုံများ ပင်နီတိုက်ပုံ၊ အနီရောင် ဒေါင်းအလံပါ ခေါင်းစီး၊ ဒေါင်းအလံ တံဆိပ်များကို ပါးမှာကပ်ပြီး နေပြည်တော်ကို ချီတက်လာတဲ့ မြန်မာပြည်အရပ်ရပ်က NLD ပါတီဝင်များရဲ့ပုံများ က စလို့ ၁၈ ရက်နေ့ မနက် အခန်းအနား အစကနေ အဆုံးအထိ လှုပ်ရှား ဆောင်ရွက်ခဲ့ပုံတွေကိုလည်းအချိန်နဲ့ တစ်ပြေညီ ဖြန့်ဝေတာ၊ Sharing လုပ်ကြတာ တွေကို Facebook စာမျက်နှာပေါ်မှာ Group လိုက် စနစ်တကျနဲ့ ဆောင်ရွက်သွားကြတာ ဖြစ်ပါတယ်။

နောက်ဆုံး ဆိုချင်တာကတော့ မြန်မာပြည်သူလူထု အင်အား ၁၀၀,၀၀၀၀ (တစ်သန်း) ကျော် တက်ရောက်ဖို့ Mission ထားပြီး ဆောင်ရွက်ခဲ့တဲ့ NLD နေပြည်တော်ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲ ကို NLD ပါတီဝင်နဲ့ လူအင်အား ၂၀၀၀၀ကျော် တက်ရောက်အားပေးနိုင်ခဲ့ခြင်းဟာ NLD ပါတီဝင်များနဲ့ ထောက်ခံ သူများရဲ့ စုပေါင်းစည်းရုံးမှုအင်အားနဲ့ လူမှုကွန်ရက် Facebook ကို အသုံးပြုပြီး လှုံ့ဆော်ရေးသားမှုများကို အစီအစဉ်တကျနဲ့ အဖွဲ့လိုက် လှလှပပ ချိတ်ဆက်ဆောင် ရွက်သွားပြီး သတင်း ဖြန့်ဝေမှု စနစ်ကို ကောင်းမွန်စွာ အသုံးချသွားနိုင်ခြင်ကြောင့် ဖြစ်ပါတယ် ဆိုတဲ့ အကြောင်းနဲ့ NLD ပါတီဝင်နဲ့ ထောက်ခံသူအကောင့်များဟာ ဒီလိုအုပ်စုလိုက်ဖွဲ့ပြီး တစ်ချိန်တည်း၊ တစ်ပြိုင်တည်း Facebook ပေါ်မှာ သတင်းဖြန့်တဲ့ စနစ်ကို အကျိုးရှိရှိ အသုံးချသွားနိုင်တဲ့အတွက် အထူးပင်လေးစားပါတယ် ဆိုတဲ့အကြောင်း ချီးကျူး ဂုဏ်ပြုရေးသား လိုက်ရ ပါတယ်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U