Related Posts Plugin for WordPress, Blogger...

Wednesday, January 29, 2014

လူရွှင်တော် နဂါးလေး ဝင်းနိုင်ကွယ်လွန်

လူရွှင်တော် နဂါးလေး ဝင်းနိုင်ကွယ်လွန်

Thursday, January 30, 2014

ဟာသ လူရွှင်တော် သရုပ်ဆောင် နဂါလေးဝင်နိုင် ဇန်နဝါရီလ ၂၉ရက် ည၁၁နာရီခန့်က ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်သွားပြီဟု သူ၏ အမျိုးသမီးက မဇ္ဈိမကိုပြောသည်။ 

နဂါးလေး ဝင်းနိုင်သည် ဦးနှောက်သွေးကြောပြတ်ကာ ကွယ်လွယ်သွားခြင်းဖြစ်ပြီး ဆုံးပါးချိန်တွင် အသက် ၆၀ရှိပြီဖြစ်သည်။ သူ၏ ကျန်းမာရေးအခြေအနေကြောင့် အနုပညာလောကထဲက အနားယူခဲ့သည်မှာ ၁၀နှစ်ခန့်ရှိပြီဖြစ်သည်။ 

၎င်းက အနုပညာလောကထဲကို ၁၉၈၅ခုနှစ်က စတင်ဝင်ရောက်ခဲ့ပြီး လုံမလေး ဇတ်ကားဖြင့် နဂါးလေး ဝင်းနိုင်ကို ပရိတ်သတ်က စတင်သိရှိခဲ့ခြင်းဖြစ်သည်။ 

နဂါးလေး ဝင်းနိုင် မဆုံးပါးမီ သူ၏ ဇနီး၊ သားသုံးယောက်နှင့်အတူ သာကေတ ထူပါရုံ ၂၃လမ်းတွင် နေထိုင်ခဲ့သည်။

0 comments:

Post a Comment

Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U