
ပြင်သစ်
ပို့ စ်အင်ပရက်ရှင်းနစ် ပန်းချီဆရာ ပေါလ်ဆီဇန်း(န်) ဟာ The Card Players
ဆိုတဲ့ ဆီဆေးပန်းချီကား ငါးချပ်တွဲကို ၁၈၉၀ ခုနှစ်အစောပိုင်းက
ရေးဆွဲခဲ့ပါတယ်။ ပန်းချီကားတစ်ချပ်စီတိုင်းဟာ အရွယ်အစား မတူညီဘဲ
ကစားသမားအရေအတွက်လည်း မတူညီပါဘူး။ ပေါလ်ဆီဇန်း ဟာ များပြားလှတဲ့ The Card
Players ပန်းချီကားအတွဲလိုက်ကို ရေးဆွဲခဲ့တယ်လို့ သိရှိရပြီး ရေးဆွဲဖို
့ပြင်ဆင်နေခဲ့တဲ့ The Card Players စီးရီး ပန်းချီကားတွေလည်း
ကျန်ရှိသေးတယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုထိ တွေ့ ရှိထားတာကတော့
ပန်းချီကားငါးချပ်သာ ဖြစ်ပါတယ်။
ဒီ The Card Players
ပန်းချီကားအတွဲလိုက် ထဲက တစ်ကားကို ၂၀၁၁ ခုနှစ်မှာ
ကာတာနိုင်ငံတော်ဝင်မိသားစု က ခန့် မှန်းခြေ ဒေါ်လာ သန်းပေါင်း ၂၆၉ ဒသမ ၎
သန်း နဲ့  ၀ယ်ယူခဲ့ပြီး ဒီပန်းချီကားကို ကမ္ဘာ့ဈေးအကြီးဆုံး
ပန်းချီကားတစ်ချပ်ဖြစ်စေခဲ့ကာ အနုပညာဖန်တီးမှုသမိုင်းတစ်လျှောက်
ဈေးအကြီးဆုံးနဲ့ ရောင်းချ ခဲ့ရတဲ့ လက်ရာတစ်ခုဖြစ်လာစေခဲ့ပါတယ်။
၂၀၁၁
ခုနှစ် ဧပြီလမှာ ဂျော့်ဂ်ျ အမ်ဘီရီကို့ စ် က ကာတာနိုင်ငံကို
ရောင်းချခဲ့တာဖြစ်ပြီး ခန့် မှန်းခြေ ဒေါ်လာ သန်းပေါင်း ၂၆၉.၄ သန်း
ရှိပါတယ်။ နောက်ထပ်ကျန်ရှိနေတဲ့ The Card Players ပန်းချီကား လေးချပ်ကို
ပြင်သစ်နိုင်ငံ Musée d’Orsay ပြတိုက်နဲ့  အမေရိကန်ပြည်ထောင်စု
Metropolitan အနုပညာပြတိုက်မှာ ကမ္ဘာ့အမွေအနှစ်အဖြစ် သိမ်းဆည်းထားပါတယ်။
ပေါလ်ဆီဇန်းန် ( ၁၈၃၉-၁၉၀၆)
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago




1:11 AM
sayarchan.blogspot.com
Posted in:
0 comments:
Post a Comment