ဝ၁၃ ခုနှစ်အတွင်း ခရီးသွားကဏ္ဍမှ အမေရိကန်ဒေါ်လာ ၉၂၆ သန်း ရရှိခဲ့ကြောင်း
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယင်းကဲ့သို့
ရရှိခဲ့ခြင်းမှာ မြန်မာနိုင်ငံ၏ ခရီးသွား ဖွံ့ဖြိုးခဲ့သော ၂ဝ၁ဝ ခုနှစ်မှ
စတင်၍ စံချိန်တင် ဝင်ငွေအဖြစ် ရရှိခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ယခုနှစ်အတွင်း
တိုင်းတာချက်များအရ နိုင်ငံခြားသား တစ်ဦးလျှင် မြန်မာနိုင်ငံအတွင်း
ပျှမ်းမျှ ခုနစ်ရက်ခန့် နေထိုင်ခဲ့ပြီး အသုံးစရိတ်နှုန်းအရ တစ်ရက်လျှင် ၁၄၅
ဒေါ်လာအထိ ရှိခဲ့ခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန၏
အချက်အလက်များမှ သိရသည်။ ယခင် နှစ်နှစ်အတွင်းက နိုင်ငံခြားသား တစ်ဦးလျှင်
မြန်မာနိုင်ငံ၌ ရှစ်ရက်အထိ နေထိုင်ခဲ့သော်လည်း တစ်ရက်ပျှမ်းမျှ
အသုံးစရိတ်မှာ ၁ဝ၂ ဒေါ်လာမှ ၁၂ဝ ဒေါ်လာအထိသာ ရှိခဲ့ခြင်းကြောင့် ယခုနှစ်
စံချိန်တင်ဝင်ငွေ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင်
လက်ရှိနှစ်မှစတင်ကာ လာမည့်ခုနစ်နှစ်အတွင်း အဓိက ပင်မခရီးသွား စီမံကိန်းကို
အကောင်အထည် ဖော်မှုကြောင့် လာမည့်နှစ်များအတွင်း နိုင်ငံခြားသားများ
ပိုမိုဝင်ရောက်လာဖွယ် ရှိနေပြီး ခရီးသွားကဏ္ဍမှ ရရှိမည့်ဝင်ငွေမှာလည်း
တစ်ဘီလျံကျော်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ
တစ်ဦးက သုံးသပ်ထားသည်။
နိုင်ငံခြားသားများ၏ တစ်နေ့အသုံးစရိတ်အပြင်
မြန်မာနိုင်ငံသားများ၏ ဝင်ငွေကို တွက်ချက်နိုင်မည့် စနစ်ကိုလည်း
ကမ္ဘာခရီးသွား လုပ်ငန်းအဖွဲ့နှင့် ဟိုတယ်နှင့် ဝန်ကြီးဌာနတို့မှ
ပူပေါင်းလုပ်ဆောင်သွား မည်ဟုလည်း သိရသည်။
လက်ရှိတွင်လည်း
ခရီးသွားကဏ္ဍနှင့် ပတ်သက်၍ တာဝန်သိသော ခရီးသွားများ၊
ဖွံ့ဖြိုးတိုးတက်ရန်အတွက် အထောက်အကူ ပြုနိုင်သော ခရီးသွားများနှင့်
ပင်မခရီးသွား စီမံကိန်းဟူ၍ ပရောဂျက်သုံးခုကို ရေးဆွဲပြီး စီးခဲ့ပြီးဖြစ်၍
အကောင်အထည်ဖော်မှု လုပ်ငန်းများကို စတင်နေပြီဖြစ်ကြောင်း ဟိုတယ်နှင့်
ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။
၂ဝ၁၃ ခုနှစ်အတွင်း
မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံခြားသားများ အနေဖြင့် လေကြောင်းဖြင့်
လာရောက်သူ ၈၈၅၄၇၆ ဦး၊ ရေကြောင်းဖြင့် လာရောက်သူ ၆ဝ၈၆ဦး နှင့်
နယ်စပ်မှတစ်ဆင့် လာရောက်သူ ၁၁၄၄၁၄၆ ဦးရှိခဲ့ပြီး စုစုပေါင်း ၂ သန်းကျော်ထိ
ရှိခဲ့ကြောင်း ခရီးသွားဌာနမှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏
ခရီးသွားကဏ္ဍမှာ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အမျှ ဆက်စပ်လုပ်ငန်းများဖြစ်သော
ဟိုတယ်ကဏ္ဍ များတွင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ
တိုးတက်လာခဲ့ပြီး ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းရှင်များ ဘက်မှလည်း
အာရုံစိုက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေကြောင်း သိရသည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago




1:23 AM
sayarchan.blogspot.com
Posted in:
0 comments:
Post a Comment