
၂၀၁၄
ထဲမှာ ရုံတင်ကားတွေ တော်တော်များများတင်ဖို့ရှိတယ်လို့ ပြောလာတဲ့
မင်းသမီးချောလေး ၀တ်မှုန်ရွှေရည်ကို ရှုတင်မှာတွေ့ဆုံခိုက်
အနုပညာလှုပ်ရှားမှုလေးတွေ မေးကြည့်တဲ့အခါ ‘အခု ရိုက်နေတဲ့ ကားလေးက
မာစတာဘရိန်းတဲ့။ ကားလေးက လူငယ်အချစ်ဖန်စီကားလေး။ ဒါပေမဲ့
တင်ပြပုံကွဲတယ်ပေါ့။ ထူးထူးခြားခြားလေးတွေ မကြည်ဖြူသျှင် စီစဉ်ထားတယ်ပေါ့။
မင်းသားက ကောင်းပြည့်ပါ။’လို့ သူမက ဆိုပါတယ်။
လက်ရှိမှာ ရုံတင်တော့မယ့်
သနပ်ခါး ဇာတ်ကားနဲ့ ပတ်သတ်ပြီးတော့လဲ ကစ်ကစ်က ‘အဲဒီကားလေးကလဲ
ဇာတ်လမ်းရော၊ ကစ်သရုပ်ဆောင်မဲ့ဇာတ်ရုပ်ရော ထူးခြားပါတယ်။ အဲဒီကားလေး
ရိုက်တုန်းကလဲ ကစ်အရမ်းအားရတယ်။ အဲလိုကားမျိုး နောက်တစ်ကားဖြစ်ဖို့ ဆိုတာလ
မလွယ်ဘူးလေး။ ဘာလို့လဲဆိုတော့ ဦးမင်းထင်ကိုကိုကြီးက အကြာကြီးနေမှ တစ်ကား
ရိုက်တာဆိုတော့ သူနဲ့ဆုံရဖို့ကလဲ ရှားတယ်လေ။ အဲဒီကားလေးကို
သူကိုယ်တိုင်ရော ကစ်တို့ အနုပညာရှင်တွေ အကုန်လုံးရော အားစိုက်ပြီး
ကြိုးစားထားပါတယ်။ ကစ်က အသက်၆၀ကျော် လူကြီးအဖေအရွယ်ကို
အိမ်ထောင်ဖက်အဖြစ်နဲ့ယူထားရတဲ့ ကောင်မလေး၊ ဒါပေမဲ့ သူ့ဘ၀က ဒီလူကြီးကို
မချစ်ပေမဲ့လဲ နေနေရတယ်။ သူဖြစ်ချင်တာကတစ်မျိုး၊ သူဖြစ်နေတာက တစ်မျိုး
ရဲတိုက်ကကျတော့ ဦးနေအောင်ရဲ့တူမျိုး၊ ပတ်သတ်မှုကတော့ တချို့မိန်းကလေးတွေက
သနပ်ခါးကိုရေနဲ့သွေးတယ်။ ဒီကားထဲက မိန်းကလေးကတော့ သနပ်ခါးကို
မျက်ရည်နဲ့သွေးတယ်’တဲ့။
၂၀၁၄ ထဲမှာ သူမရဲ့ ရုံတင်ကားတွေအကြောင်းကိုတော့
‘ရုံတင်ရက် စောင့်နေတဲ့ကားက ၆ကားလောက် ရှိမယ်။ ဒရာမာ၊ အချစ်၊
ဟာသအကုန်ပါမယ်။’လို့ သူမက ဖွင့်ဟပါတယ်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago




1:07 AM
sayarchan.blogspot.com
Posted in:
0 comments:
Post a Comment