Related Posts Plugin for WordPress, Blogger...

Friday, January 3, 2014

ပြည်သူရွေးချယ်တင်မြှောက်သော ခေါင်းဆောင်အစိုးရ ပေါ်ပေါက်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (ဃ)နှင့် ၅၉ (စ) ဖျက်သိမ်းပေးရန် ရန်ကုန်မြို့၌ ဆန္ဒပြတောင်းဆို



ပုဒ်မ-၅၉(ဃ)၊ ပုဒ်မ-၅၉(စ) ဖျက်သိမ်းရေးအတွက် ရန်ကုန်မြို့၌ ဇန်န၀ါရီ ၃ ရက်က ဆန္ဒပြတောင်းဆိုစဉ်


ပြည်သူရွေးချယ်တင်မြှောက်သော ခေါင်းဆောင်အစိုးရ ပေါ်ပေါက်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၅၉(ဃ)၊ ပုဒ်မ-၅၉(စ)များကို ဖျက်သိမ်းပေးရန် ပြည်သူ ၅၀ ကျော်က ဇန်န၀ါရီ ၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှ စတင်ကာ “ပြည်သူရွေးချယ်တင်မြှောက်သော ခေါင်းဆောင်အစိုးရ ပေါ်ပေါက်ရေး၊ ပုဒ်မ-၅၉ (ဃ)၊ ပုဒ်မ-၅၉(စ) အလိုမရှိ” စသည့်ဗီနိုင်းများ ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြသည်။

ပုဒ်မ ၅၉ (ဃ)တွင် ပါဝင်သည့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများဖြစ်ရမည့် အရည်အချင်းများမှာ-နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့်အမြင်များ ရှိရမည်ဟုပါရှိပြီး ပုဒ်မ ၅၉ (စ)တွင် မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရဟု ပြဋ္ဌာန်းပါရှိပြီး ယင်းပုဒ်မများမှာ အရပ်သားအစိုးရ ပေါ်ပေါက်ရေးကို ဟန့်တားထားသည့် ဥပဒေဖြစ်ကြောင်း ပြည်သူလူထုနှင့် နိုင်ငံရေး အဖွဲ့အစည်းများက ပြောကြားသည်။

“ပုဒ်မ ၅၉(ဃ)နှင့် ၅၉(စ)တို့မှာပါတဲ့ သမ္မတဖြစ်ရေး အချက်အလက်တွေက စစ်ရေးအမြင်ရှိတဲ့သူ ဖြစ်ရမယ်ဆိုတဲ့အချက်၊ အရပ်သားမှာက ဘယ်လိုလုပ်စစ်ရေးအမြင်ဆိုတာ ရှိပါ့မလဲ။ စစ်ရေးအမြင် ရှိစေချင်ရင် အမေရိကန်နိုင်ငံတို့ အခြားနိုင်ငံတို့လို စစ်ရေးတာဝန်ကို နှစ်အကန့်အသတ်နဲ့ မထမ်းဆောင် မနေရဆိုပြီး ပြဋ္ဌာန်းလိုက်ပေါ့။ အခုဟာက စစ်တပ်အကြီးအကဲတွေမှ သမ္မတဖြစ်ရမယ့် အနေအထား ဖြစ်နေတယ်။ ၅၉(စ)မှာတဲ့ ပြဋ္ဌာန်းချက်တွေကလည်း လက်ရှိပြည်သူလူထု လိုလားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို ဟန့်တားထားတာ ဖြစ်နေတယ်။ ဆိုလိုချင်တာက အခုဒေါ်စုက ပြည်သူတွေက လျာထားတဲ့ သမ္မတဖြစ်နေလို့ ပြောရတာ။ ဒေါ်အောင်ဆန်းစုကြည် မဟုတ်လည်း အရပ်သားထဲက ပြည်သူတွေလိုလားတဲ့သူ ရှိရင်လည်း ဒီပုဒ်မတွေ မပြင်မချင်း ဟန့်တားသလို ဖြစ်နေမှာပါ” ဟု ဆန္ဒပြခဲ့သူ ဦးဇော်မင်းက ပြောကြားသည်။


ပုဒ်မ ၅၉(ဃ)နှင့် ၅၉(စ)တို့မှာပါတဲ့ သမ္မတဖြစ်ရေး အချက်အလက်တွေက စစ်ရေးအမြင်ရှိတဲ့သူ ဖြစ်ရမယ်ဆိုတဲ့အချက်၊ အရပ်သားမှာက ဘယ်လိုလုပ်စစ်ရေးအမြင်ဆိုတာ ရှိပါ့မလဲ။ စစ်ရေးအမြင် ရှိစေချင်ရင် အမေရိကန်နိုင်ငံတို့ အခြားနိုင်ငံတို့လို စစ်ရေးတာဝန်ကို နှစ်အကန့်အသတ်နဲ့ မထမ်းဆောင် မနေရဆိုပြီး ပြဋ္ဌာန်းလိုက်ပေါ့။ အခုဟာက စစ်တပ်အကြီးအကဲတွေမှ သမ္မတဖြစ်ရမယ့် အနေအထား ဖြစ်နေတယ်။ ၅၉(စ)မှာတဲ့ ပြဋ္ဌာန်းချက်တွေကလည်း

အလားတူဆန္ဒပြပွဲကို လာရောက်ကြည့်ရှုသူ ကိုဇော်ဝင်းထွဋ်က “ကျွန်တော်က ဘယ်အဖွဲ့အစည်းထဲကမှ မဟုတ်ပါဘူး။ နိုင်ငံတော်သမ္မတ ဖြစ်ဖို့က ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်း အရေးကြီးတာ မဟုတ်ပါဘူး။ အရပ်သား ပြည်သူတွေထဲက သမ္မတဖြစ်ဖို့ ရည်အချင်းရှိခဲ့ရင် ဒီလိုဟန့်တားထားတဲ့ ပုဒ်မတွေ မရှိစေချင်ပါဘူး။ အခုဒီပုဒ်မတွေ ဖျက်သိမ်းဖို့ နိုင်ငံသားတစ်ယောက် အနေနဲ့ ပါဝင်ဆန္ဒပြသင့်တယ်ထင်လို့ အခုဆန္ဒ၀င်ပြပြီး တောင်းဆိုမှာပါ” ဟုဆိုသည်။

အဆိုပါ ဆန္ဒပြပွဲကို လာရောက်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးဖြိုးမင်းသိန်းက “ဒီပုဒ်မနှစ်ခု ဖျက်သိမ်းလိုက်လို့ တခြားနိုင်ငံက ၀င်လာတဲ့သူတွေ လွယ်လွယ်ကူကူ သမ္မတမဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတဲ့ ဒီလိုဖြစ်စဉ်တွေကို ထိန်းချုပ်ဖို့အတွက် ကျန်ပြဋ္ဌာန်းထားတဲ့ ပုဒ်မတွေနဲ့တင် လုံလောက်ပါတယ်။ သားစဉ်မျိုးဆက်တွေအထိ ထိန်းချုပ်ထားဖို့ မလိုအပ်ပါဘူး။ ဥပဒေဆိုတာ ပြည်သူလူထု လက်ခံလိုက်နာနိုင်တဲ့ ဥပဒေဖြစ်ဖို့ရယ်၊ လွတ်လပ်တရားမျှတဖို့ရယ် လိုအပ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက လူတစ်ဦးတစ်ယောက်ရဲ့ အခွင့်အရေးကို ပိတ်ဆို့တဲ့ဥပဒေကို ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ အခုလာရတဲ့ အကြောင်းအရင်းကလည်း ဒေါ်အောင်ဆန်းစုကြည်အတွက် လာတာမဟုတ်ဘဲ ပြည်သူတစ်ယောက်အနေနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ လာတာပါ။ လွှတ်တော်က အခြေခံဥပဒေပြင်ဆင်ဖို့ ကော်မတီတွေ ဖွဲ့ပြီးသွားပါပြီ။ ပြင်ဆင်မယ့် အခြေအနေလည်း ရှိပါတယ်။ ဒါကြောင့် ပြင်ဆင်ဖို့နေရာမှာ ပြည်သူလူထုရဲ့ အသံတွေ ပါဝင်ဖို့ လိုပါတယ်” ဟု ဆန္ဒပြပွဲတွင် မီဒီယာများကို ပြောကြားသည်။

ဆန္ဒပြပွဲကို သက်ဆိုင်ရာ ခွင့်ပြုချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့် လူစုစည်းကာ ပုဒ်မ-၅၉(ဃ)၊ ပုဒ်မ-၅၉(စ)ဖျက်သိမ်းရေးအတွက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U