
စစ်ကိုင်းတိုင်း၊
ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊
မှန်ပင်နွယ်နိုင်း ကျေးရွာဘုရားဝင်းအတွင်း၌ ကပြ ဖျော်ဖြေရန် ရောက်ရှိနေသည့်
မြန်မာ့မိုးဝေ ဇာတ်သဘင်းမှ ခေါင်းဆောင်မင်းသားဖြစ်သူ ကိုမိုးဝေ(ခ)
ကိုဇော်ဇော်အောင် ဆို သူသည် ယခုလ ၆ ရက်နေ့ မနက် ၈ ၄ နာရီက ဇာတ်ခုံ၏
နောက်ဘေးတွင် သေဆုံးနေကြောင်း ပွဲငှားကန်ထရိုက်ဖြစ်သူက
ဟုမ္မလင်းမြို့မရဲစခန်းသို့ လာရောက်အကြောင်းကြားခဲ့သည်ဟု
ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ရဲဌာနသို့
လာရောက်အကြောင်းကြားခဲ့သူမှာ ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက်နေ
ဇာတ်ကန်ထရိုက်လုပ်ငန်း လုပ်ကိုင်သူ ဦးထွန်းမောင် ဆိုသူဖြစ်သည်။ ထိုသူ၏
အကြောင်းကြားချက်များအရ စခန်းမှူး ဒုရဲမှူး သိန်းဦးနှင့်အဖွဲ့က
ဇာတ်မင်းသား သေ ဆုံးနေသည့် နေရာသို့သွားရောက်စီစစ်ခဲ့ကြောင်း သိရသည်။
ထိုသို့
စီစစ်ရာတွင် သေဆုံးနေသူမှာ ပဲခူးမြို့၊ အုတ်တွင်းအုပ်စု၊
အုတ်တွင်ကျေးရွာနေ ဇာတ်မင်းသား ကိုမိုးဝေ(ခ) ကိုဇော် ဇော်အောင်
အသက်(၂၅)နှစ် ဆိုသူဖြစ်ပြီး ထိုသူမှာ ဇာတ်ခုံနောက်ဘေးရှိ ဒရင်ဘက်ပေါ်တွင်
ပလက်အနေအထားဖြင့် ဒဏ် ရာဒဏ်ချက်မရှိသေဆုံးနေခြင်းဖြစ်ကြောင်း ရဲဌာနက
မှတ်တမ်းများရယူထားခဲ့သည်။
ထို့နောက် သေဆုံးနေသည့် ဇာတ်မင်းသားအား
မှုခင်းဆေးပညာအရ ဆက်လက်စစ်ဆေးဆောင်ရွက်နိုင်ရန် ဟုမ္မလင်းမြို့မရဲ စခန်းက
သေမှုသေခင်းအမှတ်စဉ် ၄/ ၂၀၁၄ အရ အမှုရေးဖွင့်၍ ပြည်သူ့ဆေးရုံ
မှုခင်းဆေးပညာဌာနသို့ ပို့ဆောင်ထား ကြောင်းသိရသည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago




1:43 AM
sayarchan.blogspot.com
Posted in:
0 comments:
Post a Comment