
Hip Hop ယဉ်ကျေးမှု မြန်မာပြည်မှာ စတင်ခေတ်စားလာတာ ဆယ်စုနှစ်တစ်ခု
ကျော်လာခဲ့ပါပြီ။ Hip Hop ယဉ်ကျေးမှုထဲက တစ်ခုဖြစ်တဲ့ Street Dance ဟာ
မြန်မာလူငယ်တွေကြားထဲမှာ ရေပန်းစားတဲ့ အကတစ်ခုလည်း ဖြစ်ပါတယ်။
ရော့ခ်၊
ဟဲဗီးရော့ခ်၊ ပန့်ခ် စတဲ့ ရေစီးကြောင်းတွေကို လမ်းသူရဲယဉ်ကျေးမှုလို့
သမုတ်နေတဲ့ လူကြီးတွေ အတွက် Street Dance ကလည်း အပြစ်တင်စရာတစ်ခုထဲမှာ
ပါနေတာကြောင့် လူတွေအမြင်ကို ပြောင်းနိုင်ပါ့မလား။ အကပညာကလည်း လူငယ်တွေကို
ဘဝအာမခံချက်နဲ့ လောကဓံကိုရင်ဆိုင်ဖို့ ခွန်အားပေးနိုင်ပါ့မလား။
ဂျပန်မြန်မာ
သံတမန်ချစ်ကြည်ရေး နှစ် ၆ဝပြည့်အတွက် ကြီးမားတဲ့
အဆိုအကပူးတွဲဖျော်ဖြေမှုမှာ ပါဝင်ခဲ့တဲ့ ဂျပန်နိုင်ငံက Wrecking Crew
Orchestra ကတော့ အကဝါသနာပါတဲ့ မြန်မာလူငယ်တွေ အတွက် လမ်းစတစ်ခု
ဆွဲထုတ်ပေးခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ တစ်ပတ်ကြာ အကပညာကိုလေ့လာဖို့
မြန်မာလူငယ် ၂ဝကို ရွေးချယ်ခဲ့ပါတယ်။
Hip Hop အစစ်အမှန်ဆိုတာ
ဘာလဲဆိုတာနဲ့ ဂျပန်အကကို လေ့လာစေချင်တာကြောင့်လို့ ဆိုပါတယ်။ WCO
အဖွဲ့ခေါင်းဆောင် ယူအိချိကတော့ Street Dance ဟာ လူတွေကို ပျော်ရွှင်အောင်
ဖန်တီးပေး တဲ့အရာဖြစ်တာမို့ ဂျပန်မှာလည်း လူကြီးတွေရဲ့ နှာခေါင်းရှုံ့မှုကို
အချိန်ယူ ပြောင်းလဲခဲ့ရတယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံမှာ တစ်ပတ်ကြာ
အကပညာကိုသွားလေ့လာဖို့ ရွေးချယ်ခံခဲ့ရတဲ့သူတွေထဲ တစ်ယောက်ဖြစ်တဲ့
ဟိန်းယာကတော့ မိဘတွေသဘောမတူကြောင့် အိမ်ပေါ်ကနေတောင် ဆင်းခဲ့ပြီး အကနဲ့ဘဝကို
ရပ်တည်နိုင်မယ်လို့ ယုံကြည်နေသူတစ်ယောက်ပါ။
ရွေးချယ်ခံခဲ့ရတဲ့သူတွေထဲမပါပေမယ့်
အကပညာ Workshop လာတက်တဲ့ သက်မွန်ရည်ကတော့ ကကွက်အသစ်အဆန်းတွေ
တီထွင်သွားချင်သူဖြစ်ပါတယ်တဲ့။ သူကိုယ်တိုင် မကနိုင်တဲ့အချိန်ကျရင်လည်း
အကသင်တန်းတွေလုပ်သွားဦးမယ်လို့ ဆိုပါတယ်။
အကနဲ့ ဘဝကို
ရပ်တည်မယ်ဆိုတဲ့ လူငယ်တွေရဲ့ ယုံကြည်ချက်ကို ခေတ်အဆက်ဆက်က လူကြီးတွေက
လှောင်ရယ်ကြဦးမှာပါ။ ဘာပဲပြောပြော အကဟာ သူတို့ရဲ့ ဘဝပါဆိုတာကို သက်သေပြရင်
ခွန်အားသစ်တွေနဲ့ ယဉ်ကျေးမှုမှတ်တိုင်တစ်ခု စိုက်ထူနိုင်မယ့်
ခြေလှမ်းတွေကတော့ သွက်လက်နေကြပါပြီ။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago




1:34 AM
sayarchan.blogspot.com
Posted in:
0 comments:
Post a Comment