Related Posts Plugin for WordPress, Blogger...

Tuesday, April 8, 2014

နှစ်ဆန်းတစ်ရက်နေ့ စတင် ရိုက်ကူးမယ့် လူမင်းရဲ့ နို့ဘီလူးရုပ်ရှင်ကား















လူမင်းက “ရေချိုပင်လယ်” ဆို တဲ့ ဇာတ်ကားကို သက်မွန်မြင့် နဲ့ ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကား ရိုက်ကူးပြီးတာ နဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူးဖို့ အတွက် ရှမ်းပြည်ဘက် ကို သွားမယ်လို့ သိရပါတယ်။ ဇေရဲထက်၊ ရွှေမှုံရတီ တို့နဲ့ ကိုယ်တိုင် သရုပ်ဆောင်၊ ဒါရိုက်တာ လုပ်ပြီး ရိုက်ကူး မယ်လို့ ပြောပြပါတယ်။ ဇာတ်ကား နာမည်ကို “နို့ဘီလူး” လို့ပေးထားသလို ဒရာမာ ဇာတ်ကားလို့လည်း ပြောပြတဲ့ လူမင်းက..
“သင်္ကြန် မတိုင်ခင် ကတည်းက ရိုက်ကူးရေး အတွက် နေရာတွေ သွားကြည့်မယ်။ သင်္ကြန်လည်း အဲဒီမှာပဲ ကလေးတွေရော အကုန် ခေါ်သွားပြီး နေမယ်။ နယ်မှာပဲပေါ့။ အဓိကက ကိုယ့်မြို့အောင်ပန်း မှာအခြေတည်ပြီး အနီးအနားက လိုကေးရှင်း ကြိုက်တဲ့ရွာ ရှာပြီး သွားရိုက်မယ်။ ဇာတ်ကားမှာ သရုပ်ဆောင်နေတဲ့ အကယ်ဒမီ အမေဒေါ်မြတ်မွန် ကိုလည်း ပွဲထုတ်ပြီး ရိုက်မယ်။ ဒီကားလေးက မြန်မာ့ရိုးရာ ထုံးတမ်းအစဉ် အလာတွေရော၊ ဘာသာရေးတွေရော တကယ့် ဟဲဗီးဒရာမာ ဇာတ်ကားကြီး လို့ ပြောလို့ရတယ်။ ဇာတ်ကတော့ ဇာတ်ညွှန်း ဦးငြိမ်းမင်း ရေးနေတာ ကြာပြီ။ နည်းပညာပိုင်း ကအစ စနစ်တကျ ရိုက်မယ်။ ကိုယ် နောက်ပိုင်း ဒါရိုက်တာ လုပ်တဲ့ ကားတွေက ခေတ်ကားတွေ များတယ်လေ။ အဲဒါကြောင့်ပါ။ ကိုယ့်စိတ်လည်းေ တော်တော် အပြောင်းအလဲ ဖြစ်စေတယ်။ ကိုယ်တိုင် ဒါရိုက်တာ၊ သရုပ်ဆောင် အနေနဲ့ က နည်းနည်း အသားကျလာပြီလို့ ခံစားရတယ်” လို့ ပြောပြပါတယ်။
ဇာတ်ကားကို မြန်မာနှစ်ဆန်း တစ်ရက်နေ့မှာ စတင် ရိုက်ကူး သွားမှာဖြစ်တာ ကလည်း မင်္ဂလာယူတဲ့ သဘော လို့ ပြောပြတာကြောင့် “ဇာတ်ကား ကို နှစ်ဆန်း တစ် ရက်နေ့မှာ စရိုက်ဖို့ လုပ်တာက ဟိုးအရင် တုန်းက လုပ်လေ့လုပ်ထ တစ်ခု ရှိတယ်။ နှစ်ဆန်းတစ်ရက်နေ့ ဆိုတာနဲ့ စတိဖြစ်ဖြစ် ဇာတ်ကား ရိုက်ကူးရေး စလုပ်လေ့ရှိ တယ်။ မင်္ဂလာ ယူတာပေါ့။ အဲဒီနေ့မှာ စရင်တစ်နှစ်လုံး အတွက် အလုပ်တွေ ကောင်းတယ်ပေါ့။ ရိုက်ရက်တွေကြောင့် လည်း ပါပါတယ်။ ဇာတ်ကားက ရိုက်နေကျ ပုံစံတွေ နဲ့လည်း ကွဲထွက်ပါတယ်။ အဲဒါတော့သေချာတယ်” လို့ ပြောပြခဲ့ပါတယ်။
 
Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U