Related Posts Plugin for WordPress, Blogger...

Saturday, February 7, 2015

"မန္တလေးက စကား"(ချမ်းမြ)

                                                "မန္တလေးက စကား"
                                               ===========ချမ်းမြ
ယနေ့{၆ ၊ ၂ ၊ ၂၀၁၅}သောကြာနေ့ထုတ်
စံတော်ချိန်သတင်းစာထဲမှ ကျွန်တော့်စာမူ

"မန္တလေးက စကား"
===========ချမ်းမြ

     ကျွန်တော်တို့ငယ်စဉ်တုန်းကတည်းက အဖိုး အဖွား အဖေ
အမေတွေပြောဆိုနေကြတယ်စကားလေးတစ်ခွန်းရှိတယ်။ထိုစကားလေးကိုယနေ့တိုင်သုံးစွဲနေကြဆဲပါပဲ။
             "ရန်ကုန် က အကြွား
               မော်လမြိုင် က အစား
               မန္တလေး က စကား" တဲ့။
     ဟိုးရှေးတုန်းကတည်းက မန္တလေးသူ
မန္တလေးသားတွေကစကားပြောရာမှာလိမ္မာရေးခြားရှိပြီးတက်ကျွမ်းကြတယ်။ဘာကြောင့်ဒီလိုပြောရလည်းဆိုတော့ကျွန်တော်ကြားဖူးတဲ့ဟာသလေးတစ်ပုဒ်ပြောပြပါမယ်။မင်းတုန်းမင်းတရားကြီးဟာ
သူ၏နန်းဆောင်ရှေ့ကဖြတ်သွားလေသူမှန်သမျှကို မည်သူ မည်ဝါ
လည်းဟုလှမ်းမေးတော်မူတယ်။နန်းတွင်းသူများဖြစ်ပါက
မင်းတုန်းမင်းကြီးကခေါ်ထားတော်မူတယ်။မင်းတုန်းမင်းတရားကြီး၏
ဥာဏ်ကိုသိရှိနေသောနန်းတွင်းသူတို့က
မင်းတုန်းမင်းတရားကြီးလှမ်းမေးတော်မူသောအခါ
ကျွန်တော်မျိုးပါဘုရားလို့ လိမ္မာပါးနပ်စွာဖြေကြတယ်။အဲဒီတော့မှ
မင်းတုန်းမင်း၏လက်မှလွတ်ကြရတယ်။အဲနောက်တော့ မန္တလေးသူတွေဟာ
ကျွန်တော် ကျွန်တော် လို့ပဲ
ပြောလာတော့တာပါပဲ။မန္တလေးသားစာရေးဆရာကြီးရွှေဥဒေါင်းကတော့သူ့ရဲ့
"မနေ့ကမန္တလေး ၊ ယနေ့ မန္တလေး" ဆိုတဲ့ဆောင်းပါးထဲမှာ
မန္တလေးသားတွေစကားအပြောအဆိုကြွယ်ဝပုံ ၊
ပြောပုံဆိုပုံစကားလုံးအသုံးအနှုံးနှင့်ပက်သက်၍လည်းမန္တလေးသူ
မန္တလေးသားများသည်
တစ်ပြည်လုံးနှင့်မတူအောင်ကွဲပြားနေပုံကိုဆရာကြီးကသူ၏ကိုယ့်တွေ့ဖြစ်ရပ်တစ်ခုနှင့်တင်ပြထားပေသည်။ဆရာကြီးသခင်ကိုယ်တော်မှိုင်း(ဆရာလွန်း)က
အစည်းအဝေးတစ်ခုတွင် အစည်းအဝေးပြုလုပ်ပြီးသွားသောအခါ၌ ဆရာလွန်းက
"မောင်တို့ မန္တလေးသားတွေက စကားပြောပုံကောင်းပါပေ့ မောင်ရာ ၊
ဒီက ခွေးမသားတွေ တစ်ကကောင်မှလိုက်မမှီဘူး"လို့
ဆရာကြီးရွှေဥဒေါင်းအားပြောဖူးသည်။ရွှေမန်းသားများ၏ပီယဝါစာဖြစ်အောင်ပြောတက်ခြင်းကားယုံမှားဖွယ်ရာရှိမည်မဟုတ်ချေ။အမေလူထုဒေါ်အမာ၏မိခင်
မန္တလေးသူစစ်ကြီးဖြစ်သော ဒေါ်စု သည်လည်း
စကားပြောကောင်းသူတစ်ယောက်ဖြစ်လေသည်။အမေမာရဲ့မိခင်ကြီးဒေါ်စုသည်သာမာန်အရပ်သူဖြစ်သော်လည်း
အရပ်သုံးစကား ဗဟုသုတကြွယ်လွန်းလို့ နယ်ကဧည့်သည်တွေ
မန္တလေးကိုဘုရားဖူးလာကြရင် ဒေါ်စုရဲ့ဧည့်ခံစကားတွေက အင်မတန်မှ
ဗဟုသုတကြွယ်ဝဖွယ်ရှိလှတယ်လို့ ပြောဆိုခြင်းခံရပါတယ်။အမေမာ ကလည်း
မိခင်နည်းတူဖြစ်လေသည်။တကယ်တော့မန္တလေးသူ မန္တလေးသားတိုင်း
စကားတက်လှတယ်တော့မဟုတ်ပါဘူး။ဒါပေမယ့်တခြားဒေသကလူတွေထက်
စကားလုံးအသုံးအနှုန်းဝေါဟာရကပိုပြီးကြွယ်ဝကြတယ်။မန္တလေးကို
လာတဲ့ဧည့်သည် ၊ အထူးသဖြင့် အောက်အရပ်က ဧည့်သည်တွေဆို မန္တလေးသူ
မန္တလေးသားတွေ စကားပြောတာ "ချွဲတယ်"လို့ပြောတက်ပါတယ်။တကယ်တော့
တမင်တကာချွဲနွဲ့ပြီးပြောတာမဟုတ်ပါဘူး။ကျွန်တော်တို့မန္တလေးဟာ
ဘုရင်တည်သွားတဲ့မြို့ ၊ မင်းဆက်
နှစ်ဆက်စိုးစံသွားခဲ့တယ်လေ။ပြီးတော့ မန္တလေးသူ မန္တလေးသားတွေ က
နန်းတော်တိုင်လုံးတွေဖတ်ပြီးမွေးလာတဲ့လူတွေလေ။အဲဒီတော့
ပဒေသရာဇ်အငွေ့သက်လေးတွေအနည်းငယ်တော့ကျန်တာပေါ့။တခြား အရပ်က
ဧည်သည်ကို မုန့်ကျွေးတဲ့အခါ "စားပါအုံး"လို့ပြောပင်မယ့် မန္တလေးသူ
မန္တလေးသားတွေကတော့ "သုံးဆောင်ပါဦး"လို့ ပြောပါတယ်။ဒါ ပဒေသရာဇ်
အငွေ့အသက်တွေပေါ့။တမင်ချွဲတာတော့ဘယ်ဟုတ်မလည်းဗျာ။နို့သောက်လျှင်အသားဖြူမည်ဟု
သမ္မတကြီးက အာမခံသော်လည်း နန်းတော်ရှေ့ဆရာတင်ကတော့
မန္တလေးသွားလျှင် အသားမည်း(မဲ)မည် ၊ မန္တလေးရောက် ရန်ကုန်သူတို့
အသားအရေ မပျက်စီးရန် အင်လျားကန်မှ
ရေကိုရထားနှင့်ယူပြီးရေချိုးစေသလိုရွှေဘိုသနပ်ခါးလိမ်းရန်လည်းသီချင်းစပ်ဆိုအကြံပြုခဲ့သည်။ထိုသီချင်းထဲ၌ဆရာတင်သည်
သူပြောချင်သောစကားကို
စကားလုံးအသုံးအနှုံးပရိယာရ်ကြွယ်ဝလိမ္မာပါးနပ်စွာသုံးစွဲထားခြင်းကိုလည်မြင်တွေ့ရပေသည်။
          အခုတော့ မန္တလေးမှာတော့
မန္တလေးသားတွေကပဲစကားမပြောတက်ကြတော့တာလား။ဒါမှမဟုတ်
စကားပြောရမယ့်နေရာတွေရောက်နေတဲ့ မန္တလေးသားတွေက
မန္တလေးသားစစ်စစ်ကြီးမဟုတ်ကြတော့လို့လားမသိပေ။ဆရာကြီးရွှေဥဒေါင်းတို့
အမေမာတို့ ဆရာတင် တို့
ယခုချိန်ရှိနေလျှင်သိပ်ကောင်းမည်။ဆရာကြီးရွှေဥဒေါင်း နှင့်
အမေမာတို့ကတော့ ယနေ့မန္တလေးကိုမြင်လျှင်
မည်သို့ရေးကြမည်ဆိုတာမသိပေမယ့် နန်းတော်ရှေ့ဆရာတင်ကတော့
မန္တလေးသွားလျှင် အသားမည်း(မဲ)မည်ဟု အစား မန္တလေးသွား လျှင်
"ရှဲရှဲ"ဆိုတာပြောတက်အောင်သင်သွားဟုအကြံပြုသီချင်းစပ်ဆိုမည်လို့မြင်ရောင်မိပေသည်။

လေးစားလျှက်
ချမ်းမြ

{၆ ၊ ၂ ၊ ၂၀၁၅}သောကြာနေ့ထုတ်
စံတော်ချိန်သတင်းစာထဲမှ

0 comments:

Post a Comment

Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U