Related Posts Plugin for WordPress, Blogger...

Sunday, June 30, 2013

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ (ရခိုင်ပြည်နယ် အကြမ်းဖက်မှု) အထူးသတင်း ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
(ရခိုင်ပြည်နယ် အကြမ်းဖက်မှု) အထူးသတင်း
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

သံတွဲမြို့ အံတော်မြို့သစ်ရှိ မွတ်စ်လင်မ် ကားဂိတ်နှင့် အိမ်များ ဖျက်ဆီးခံရ
#########################################
သံတွဲ၊ ဇွန် ၃၀၊ ၂၀၁၃

မျိုးစောင့်ဥပဒေအတွက် ထောက်ခံ လက်မှတ်ရေးထိုးပွဲများ အရှိန်မြှင့် လှုပ်ရှားနေသော သံတွဲမြို့တွင် ယနေ့ အစ္စလာမ် ဘာသာဝင်များ၏ ဆိုင်များနှင့် နေအိမ်များ ဖျက်ဆီးခံရကြောင်း သတင်းရရှိပါသည်။

လူမှုရေးပြဿနာ တစ်ခုနှင့် ပက်သက်ပြီး ကောလဟလများ ထွက်ပေါ်ပြီးနောက် ရဲစခန်းအား အကြမ်းဖက်သမား (၄၀၀) ခန့်မှ ဝိုင်းခဲ့ကြကြောင်း၊ အံတော်မြို့ရှိ အစ္စလာမ် ဘာသာဝင်များ ပိုင်ဆိုင်သော ကားဂိတ်အား စတင် ဖျက်ဆီးခဲ့ပြီး ဆက်လက်၍ လူနေအိမ်များကိုပါ ဖျက်ဆီးခဲ့ကြောင်း သံတွဲမြို့မှ သတင်းပေးပို့ထားပါသည်။

သံတွဲမြို့အတွင်း ယနေ့တွင် အစိုးရ ထောက်ခံပွဲများ ပြုလုပ်ပြီး လူစုလူဝေး ဖြစ်နေချိန်တွင် လူမှုရေးဆိုင်ရာ ကောလဟလ အပေါ် ရဲစခန်းအား ဝိုင်းထားခဲ့ပြီး နောက်ပိုင်း ဖျက်ဆီးမှုများ စတင်ခဲ့ကြောင်း သိရပါသည်။

မြန်မာနိုင်ငံအတွင်း ယခင်က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် ထုံစံအတိုင်း သံတွဲမြို့ ရဲစခန်းမှ အဆိုပါ အကြမ်းဖက်မှုများကို နိုပ်နင်းခြင်း မရှိသကဲ့သို့ သံတွဲမြို့သို့ ဆက်သွယ်သော ဖုန်းလိုင်းများ ဖြတ်တောက်ထားခြင်းဖြင့် သတင်းအမှောင်ချထားရန် ကြိုးပမ်းနေကြောင်း သိရှိရပါသည်။

မြို့ခံတစ်ဦးမှ နောက်ဆုံး ပေးပို့သော သတင်းပေးပို့ချက်အရ လုံခြုံရေးများမှ အကာအကွယ် မပေးသည့်အတွက် မြို့တွင်းဘက်သို့ ကူးစက်တော့မည့် အလားအလာများရှိနေကြောင်း သတင်းရရှိပါသည်။

သံတွဲမြို့တွင် ယခင်အကြမ်းဖက်မှုများ ဖြစ်ပွားချိန်မှ ထုတ်ပြန်ခဲ့သော ပုဒ်မ ၁၄၄ မှာ ယခု အကြမ်းဖက်မှုဖြစ်ပွားချိန်အထိ ပြန်လည်ရုပ်သိမ်းထားခြင်း မရှိသေးကြောင်းလည်း သိရှိရသည်။ ယခု အကြမ်းဖက်ခံရသော သံတွဲမြို့ အံတော်မြို့သစ်တွင် အစ္စလာမ်ဘာသာဝင် အိမ်ခြေ (၇၀) ခန့်ရှိကြောင်းသိရှိရပါသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U