Related Posts Plugin for WordPress, Blogger...

Wednesday, July 17, 2013

၂၀၂၁ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မြန်မာဒိုင်များ တာဝန်ထမ်းဆောင်ခွင့်ရရန် ဒိုင်ဥက္ကဋ္ဌမျှော်လင့်


မြန်မာနိုင်ငံ ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်က လာမည့် ၂၀၂၁ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မြန်မာဒိုင်များ တာဝန်ထမ်းဆောင်ခွင့်ရရန် မျှော်လင့်ထားကြောင်း ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖီဖာအသိအမှတ်ပြု ဒိုင်လူကြီးအရေအတွက် လေးဦးသာရှိပြီး အာရှနှင့် ကမ္ဘာ့အဆင့် အရေးကြီး ပွဲစဉ်များတွင် မြန်မာဒိုင်များ တာဝန်ထမ်းဆောင်ခွင့်ရရန်အတွက် လိုအပ်သည့် အိုင်တီ နည်းပညာပိုင်းနှင့် အင်္ဂလိပ်စာတိုးတက်စေရန် သင်ကြားပေးနေကြောင်း ဦးထွန်းလှအောင်ကပြောသည်။

“ကျွန်တော်တို့ မြန်မာဒိုင်တွေက ကမ္ဘာ့အဆင့်ပွဲတွေမှာ တာဝန်ထမ်းဆောင်ခွင့်ရတာ မရှိသလောက် နည်းနေပါတယ်။ ဒါကြောင့် လိုအပ်တဲ့နည်းပညာပိုင်းတွေကို အချိန်ရသလို သင်ကြားပေးနေပါတယ်။ လာမယ့် ၂၀၂၁ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မြန်မာဒိုင်တွေ တာဝန်ထမ်းဆောင်ခွင့်ရအောင် ကြိုးပမ်းနေပါတယ်” ဟု ၎င်းက ဆိုသည်။


Sayar Chan (Mandalay Image)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U