Related Posts Plugin for WordPress, Blogger...

Tuesday, July 23, 2013

သံဃာကို သံဃာ့ကျင့်ဝတ်နဲ့မညီဘူးလို့ပြောဆိုတဲ့သူက သံဃာ့ကျင့်ဝတ်ကို သိထားဖို့တော့လိုအပ်ပါတယ်။ ဘုရားရှင် က ပရိနိဗ္ဗာန် ပြုသွားခဲ့ ပြီ။ တရား ကိုသာ အားကိုးအားထား ပြု ဖို့ မှာသွားခဲ့သည် ။ သံဃာတော် တွေက ဘုရား ၊တရား နဲ့  လူထုကြားက ပေါင်းကူး တံတားပဲ .... သံဃာတော် တွေ ပျက်သုန်းရင် ရတနာ သုံးပါးလုံးကွယ် မယ် ။


သံဃာ့ကျင့်ဝတ်
***********

၁။ ပစ္စုပ္ပန် ၊ တမလွန် နှစ်တန်သော ဘ၀အတွက် ချမ်းသာစီးပွား ဆုတ်ယုတ်ပျက်စီးစေနိုင်သည့် မကောင်းမှု ဒုစရိုက် ၊ အကျင့်ဆိုး အကျင့်ယုတ်တို့ကို မဖြစ်အောင် တားမြစ်ပေးရခြင်း ။

၂။ ယခု ပစ္စုပ္ပန် ရော နောင်သံသရာပါ ၊ ကောင်းစေမည့်အကျင့်ကောင်းတို့ကို ညွှန်ပြရခြင်း ။

၃။ မကြားနာဖူးသေးသော တရားအသစ်များကို ဟောကြားပေးရခြင်း ။

၎။ နာကြားဖူးပြီးသောတရားများကိုလည်း သဘောပေါက်သည်ထက်ပေါက်အောင် ၊ နားလည်သည်ထက်နားလည်အောင် ထပ်ခါ ထပ်ခါ ဟောကြားပေးရခြင်း ။

၅။ ဒါန ၊ သီလ စသည့်တရားဓမ္မများဖြင့် ဟောကြားကာ နတ်ပြည် သုဂတိသွားရာလမ်းကို ညွှန်ပြရခြင်း ။

၆။ မေတ္တာစိတ်ဖြင့် စောက်ရှောက်ခြင်း ။

ဤအချက် ၆ ချက် က သံဃာကျင့်ဝတ်ပါ။
ယနေ့အချိန်အခါမှာ တချို့သောလူတွေက သံဃာတော်တွေကို သံဃာ့ကျင့်ဝတ်နဲ့မညီဘူးလို့ပြောဆိုရေးသားတာတွေ တွေ့မြင်နေရလို့ သံဃ့ာကျင့်ဝတ်ကို သိစေခြင်လို့ မျှဝေလိုက်တာပါ။

သံဃာကို သံဃာ့ကျင့်ဝတ်နဲ့မညီဘူးလို့ပြောဆိုတဲ့သူက သံဃာ့ကျင့်ဝတ်ကို သိထားဖို့တော့လိုအပ်ပါတယ်။

သံဃာ့ကျင့်ဝတ်ဘာမှန်းမသိဘဲနဲ့ မိမိလက်မခံနိုင်တဲံ့ စကားကိုပြောတိုင်း မိမိလက်မခံနိုင်သော တရားကိုဟောတိုင်း သံဃာ့ကျင့်ဝတ်နဲ့မညီဘူးလို့မပြောသင့်ပါဘူး။

မြတ်ဘုရား မ ပညတ်အပ်သည်ကို မြတ်ဘုရားပညတ်ခဲ့ပါသည်ဟုပြောဆိုခြင်း။
အာပတ် မသင့်သည်ကို အာပတ်သင့်ပါသည်ဟု ပြောဆိုခြင်း။

အဲ့သည်လိုပြောဆိုတဲ့သူတွေကို အဓမ္မ၀ါဒီ တွေပါလို့မြတ်ဘုရားရှင်ဟောကြားခဲ့ပါတယ်။

အဓမ္မ၀ါဒီ ၁၈ ချက် ရှိပါတယ်။ အဲံ့ထဲက တချက် ချက် ကိုပြဆိုလိုက်တာနဲ့ မိမိ ဟာ အဓမ္မ၀ါဒီဖြစ်သွားမှာပါပဲ။

သံဃာ က သံဃာ့ကျင့်ဝတ်နဲ့ ညီ မညီ ဆိုတာ အဲ့အချက်နဲ့ကိုက်ညှီကြည့်ပါ။ မိမိ မကြည်ညိုရင် မကိုးကွယ်ပါနဲ့။

သံဃာဝတ်ဆင်ထားတဲ့သင်္ကန်းကို ရိုသေလေးစားမှုထားစေချင်ပါတယ်။

သံဃာ့ကျင့်ဝတ် ညီ မညီ ထက် လူဖြစ်တဲ့မိမိက လု့ကျင့်ဝတ်နဲ့အညီ လူ့လောကမှာ နေထိုင် ပြုမူ ပြောဆို ကျင့်ကြံနိုင်ကြပါစေ။
 
 
 
 
Sayar Chan (Mandalay Image)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U