Related Posts Plugin for WordPress, Blogger...

Saturday, July 27, 2013

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပခဲ့သော ကျောက်မျက်ပြပွဲ၌ မြန်မာကုန်သည်များ ခွဲခြားဆက်ဆံခံရ





ဇူလိုင် ၁၀ ရက်မှ ၁၉ ရက်ထိ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပခဲ့သော ကျောက်မျက်ပြပွဲ၌ မြန်မာကုန်သည်များ ခွဲခြားဆက်ဆံ ခံခဲ့ရကြောင်း ယင်းပြပွဲသို့ သွားရောက်ရောင်းချ ၀ယ်ယူခဲ့ကြသည့် ကုန်သည်များက ပြောကြားသည်။

နေပြည်တော် ကျောက်မျက်ပြပွဲကို ဇွန် ၁၅ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့ပြီးနောက် ယင်းပြပွဲမှ ကျောက်စိမ်းများ အပါအ၀င် တရုတ်ပြည်၊ ကူမင်းမြို့တွင် ဇူလိုင် ၁၀ ရက်မှ ၁၉ ရက်နေ့အထိ ကျောက်မျက်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။ ယင်းပြပွဲသို့ မြန်မာနိုင်ငံမှ ကျောက်မျက် ကုန်သည်များလည်း သွားရောက်ပြသ ရောင်းဝယ်ကြရာတွင် ဈေးနှိမ်ဝယ်ယူခြင်း ခံကြရခြင်းဖြစ်ကြောင်း သိရသည်။

''နေပြည်တော်ပြပွဲမှာ ဈေးကစားသွားတဲ့ တရုတ်ကုန်သည်တွေဆီက ကျောက်ကို ပြန်ရလိုရငြား ပြည်တွင်း ကုန်သည်အချို့က ပြန်ဝယ်ဖို့ ဆန္ဒနဲ့ ဒီပြပွဲကို သွားရောက်ကြတာပါ။ ဒါပေမဲ့ မြန်မာကုန်သည် ဆိုရင်ကို နှိမ်တဲ့သဘော မျိုးတွေနဲ့ ၀ယ်ယူရာမှာ အခက်အခဲတွေ ကြုံတွေ့ရပါတယ်။ ပြပွဲမှာ ကျွန်တော့် ကျောက်လော့ သုံးတွဲ တင်ထားပါတယ်။ ဒါပေမဲ့ ကြမ်းခင်းဈေးထက် လျောပြီးရောင်းဖို့ ပြပွဲတာဝန်ရှိသူတွေက ပြောတယ်။ ဈေးမလျော့တဲ့ အတွက် မ၀ယ်နဲ့လို့ကို သူတို့လူမျိုး အချင်းချင်း ပြောတာမျိုးတွေ ထိရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ မြန်မာကုန်သည်တွေကို သူတို့နိုင်ငံပြပွဲမှာ ၀ယ်တာရော၊ ရောင်းတာရော လာမလုပ်နဲ့ ဆိုတဲ့သဘောမျိုး သက်ရောက်နေတယ်'' ဟု ကူမင်းပြပွဲတွင် သွားရောက် ရောင်းချခဲ့သူ ဦးလင်းက ဆိုသည်။ အဆိုပါ ကူမင်းပြပွဲ ကျင်းပမည်ကို မြန်မာကျောက်စိမ်း ကုန်သည်အများစု မသိကြဘဲ အနည်းစုသာ သွားရောက်ခဲ့ကြကြောင်း၊ ထိုပြပွဲသို့ လာရောက်သည့် မြန်မာကုန်သည် လေးဦးအား တရုတ်ရဲက မူးယစ်ဆေးဝါး တွေ့ရှိမှုဖြင့် ဖမ်းဆီး အရေးယူခြင်းမှာလည်း ရိုးသားမှု မရှိနိုင်ကြောင်း မြန်မာ ကျောက်မျက် ကုန်သည်များက ပြောကြားခဲ့သည်။
 
☼Sayar Chan ☼

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U