Related Posts Plugin for WordPress, Blogger...

Tuesday, July 30, 2013

ရွှေတိဂုံစေတီတွင်စက္ကူဗူးကို ဗုံးအထင်ဖြင့် ထိတ်လန့်


ရွှေတိဂုံစေတီ ဂေါပကအဖွဲ့ထံသို့ လိပ်မူထားသော စက္ကူဗူးတစ်ခုရောက်ရှိလာသဖြင့် ဇူလိုင် ၂၇ ရက် နေ့လည်က ဗုံးလန့်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းရရှိသည်။

အဆိုပါကိစ္စဖြစ်ပွားပုံမှာအဝေးပြေးကားဖြင့် မုံရွာမြို့မှထည့်ပေးလိုက်သည့် အလျားရှစ်လက်မ၊ အနံခြောက် လက်မ၊ အမြင့်တစ်လက်မခန့်ရှိသော စက္ကူဗူးတစ်ခုတွင် ရွှေတိဂုံစေတီဂေါပကအဖွဲ့ထံပေးရန် လိပ်မူထားသဖြင့် အဝေးပြေး ကားဂိတ်မှ ကုန်ပစ္စည်းပို့သည့်လုပ်သားက ဘုရားဂေါပကထံလာရောက် ပေးပို့ခဲ့သည်။

ထိုဗူးကို ယင်းနေ့ကတာဝန်ကျသည့် တာဝန်မှူးဒေါ်ချိုချိုသက်ထံ ကုန်ပို့လုပ်သားကပေးရာ အထုပ်တွင် လက်ခံမည့် သူ၏ အမည်ကို သေချာစွာရေးထားခြင်းမရှိသဖြင့် မသင်္ကာဖြစ်ကာ ဒေါ်ချိုချိုသက်က ကုသိုလ်ယူဂေါပကဖြစ်သူ ဦးမောင်ပီထံဆက်လက် သတင်းပို့ခဲ့သည်။

ထို့နောက်အထုပ်ကို ဘုရားဂေါပကလုံ ခြုံရေးအဖွဲ့ဌာနမှူး ဦးတင်အောင်မိုးက ရွှေတိဂုံရင်ပြင်အင်္ဂါထောင့်ရှိ မိုင်းစွန့်ကျင်းအတွင်း သွားရောက်ထားရှိပြီး စအရ-၉၀၅ သို့အကူအညီတောင်းရာ တပ်ကြပ်ကြီးတစ်ဦး ဦးဆောင်သော
အဖွဲ့ရောက်လာပြီး မိုင်းဗုံးဟုယူဆကာရှင်းလင်းရန် ဖွင့်ဖောက်စစ်ဆေးခဲ့ကြသည်ဟု ရဲ မှတ်တမ်းတွင် ဖော်ပြထား
သည်။

သို့ရာတွင် စက္ကူဗူးထဲတွင် “တရားစကားများများပြော လာဘ်ကောင်းမည် (သို့) လာဘ်ပိတ်မည်၊ တရားများများ
အားထုတ် နိဗ္ဗာန်ရမည်(သို့) အပါယ်ကျမည်” ခေါင်းစဉ်ပါ စာရွက်သုံးရွက်တွဲ ၆၄ စုံနှင့် တရားနှင့် ဆိုင်သော အခြား
စာရွက်အရွက်ရေ ငါးရာတို့ကိုသာ တွေ့ရသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုစက္ကူဗူး ပေးပို့သူကို ရဲများက အဝေးပြေးကားမှ ပစ္စည်းပို့ပေးသည့် ၀န်ဆောင်မှုလုပ်ငန်းများမှတဆင့် လိုက်လံ စုံစမ်းရာ မုံရွာမြို့မှ ဆီထုတ်လုပ်ရေးလုပ်ငန်းပိုင်ရှင်တစ်ဦးက နယ်လှည့် သာသနာပြုပုဂ်္ဂိုလ်တစ်ဦး သူ့ကိုပေးထားသည့် တရားကျင့်သည့် စာရွက်စာတမ်းများကို ဆက်လက်ဖြန့်ဝေသည့်အနေဖြင့် ရွှေတိဂုံ ဂေါပကထံပေးပို့ခြင်းဖြစ်သည်ကို သိရှိခဲ့ရကြောင်း ရဲဌာနကထုတ်ပြန်သည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မဇ္ဈိမကရွှေတိဂုံဂေါပက အဖွဲ့ထံဆက်သွယ်မေးမြန်းရာ ရုံးအဖွဲ့မှူးဦးဝင်းကြိုင်က “ဘာမှ
ထွေထွေ ထူးထူးမဖြစ်ပါဘူး” ဟု ပြန်လည်ပြောကြားသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U