Related Posts Plugin for WordPress, Blogger...

Thursday, July 18, 2013

နာပိုလီတိုက်စစ်မှူး ကာဗာနီအား ပေါင် ၅၅သန်းဖြင့် ပီအက်စ်ဂျီအသင်း အပြီးသတ်ခေါ်ယူ ပြင်သစ်ဘောလုံးသမိုင်းတွင် ပြောင်းရွှေ့ကြေးအမြင့်ဆုံးခေါ်ယူမှုအဖြစ် မှတ်တမ်းဝင်


ပြင်သစ် လီဂူး-၁ ချန်ပီယံ ပီအက်စ်ဂျီအသင်းသည် နာပိုလီတိုက်စစ်မှူး အက်ဒီဆင်ကာဗာနီအား ပြောင်းရွှေ့ကြေးပေါင် ၅၅သန်း ဖြင့် အပြီးသတ်ခေါ်ယူစာချုပ်,ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်ကြောင်း အသင်းပိုင် ၀က်ဘ်ဆိုဒ်မှ ထုတ်ပြန်ခဲ့သည်။

ပီအက်စ်ဂျီအသင်းသည် ယခုနှစ်အပြောင်းအရွှေ့ရာသီတွင် အသင်းကြီးများမှ ခေါ်ယူလိုနေသော အသက် ၂၆ နှစ်အရွယ်ရှိ ဥရုဂွေးတိုက်စစ်မှူးအား အသင်းသမိုင်းတစ်လျှောက် အမြင့်မားဆုံးပြောင်း ရွှေ့ကြေးပေး၍ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ငါးနှစ်ကာလရှည်စာချုပ်,ချုပ်ဆို သွားမည်ဖြစ်သည်။

ပြီးခဲ့သည့်ရာသီက နာပိုလီအသင်းအတွက် ၃၈ ဂိုးသွင်းယူနိုင်ခဲ့သလို စီးရီးအေဂိုးသွင်းဘုရင်ဆုကိုရ ယူနိုင်ခဲ့သော ကာဗာနီအား မန်စီးတီး၊ ချယ်လ်ဆီး၊ ရီးယဲလ်အသင်းတို့မှ ခေါ်ယူရန်ပစ်မှတ်ထားလာခဲ့ ကြပြီး ပီအက်စ်ဂျီအသင်းအနေဖြင့် အသင်း၏ တိုက်စစ်ပိုင်းကို အားဖြည့်ရန်အတွက် ၎င်းအား ပြိုင်ဘက် အသင်းများကို ကျော်ဖြတ်၍ ဈေးကြီးပေးခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

ကာဗာနီကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီက “ကာဗာနီကိုခေါ်ယူ နိုင်ခဲ့ခြင်းဟာ ကျွန်တော်တို့အသင်းအနေနဲ့ ထိပ်တန်းကစားသမားတွေကို ဆွဲဆောင်နေနိုင်ပြီဆိုတာ ပြသနိုင်ခဲ့ခြင်းပါပဲ။ ကစားသမားတွေဟာ ကျွန်တော်တို့အသင်းရဲ့ အနာဂတ်ရည်မှန်းချက်တွေကို သ ဘောကျပြီး စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်လိုကြပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ထိပ်တန်း အရည်အချင်းရှိ ကစားသမားတွေကို အကောင်းဆုံး ပံ့ပိုးပေးသွားမှာပါ”ဟု ပြောကြားခဲ့သည်။

ကာဗာနီသည် ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်က ပါလာမိုအသင်းမှ နာပိုလီအသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီး နောက်သုံးရာသီအတွင်းတွင် နာပိုလီအသင်းအတွက် ၁၃၈ ပွဲတွင် ၁၀၄ ဂိုးအထိ သွင်းယူပေးထားနိုင်ပြီး အဆုံးသတ်ပိုင်း သေချာမှုနှင့် တွန်းတွန်းတိုက်တိုက်ကစားတတ်မှုများကြောင့် နာမည်ကျော်လာခဲ့ခြင်း ဖြစ်သည်။ ကာဗာနီသည် ပီအက်စ်ဂျီအသင်းတွင် နာပိုလီအသင်းဖော်ဟောင်း လာဗက်ဇီနှင့် ပြန်လည် လက်တွဲရမည်ဖြစ်ပြီး ပီအက်စ်ဂျီနည်းပြသစ် လောရင့်ဘလန့်စ်ကလည်း ၎င်းတို့နှစ်ဦး၏ပုံစံကောင်းကို ပြန်လည်မြင်တွေ့ရရန် မျှော်လင့်ကြောင်း ဆိုခဲ့သည်။ ကာဗာနီကလည်း ပီအက်စ်ဂျီသို့ ပြောင်းရွှေ့လာပြီး အသင်းဖော်သစ် ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျနှင့် အတူတကွကစားရမည်ကို အလွန်ဝမ်းမြောက် လျက်ရှိကြောင်း ဖွင့်ဟခဲ့သည်။
အပြောင်းအရွှေ့ရာသီတိုင်းတွင် ငွေကြေးအမြောက်အမြားသုံးစွဲကာ ကစားသမားများခေါ်ယူနေသော ပီအက်စ်ဂျီအသင်း၏ ကာဗာနီကို ခေါ်ယူမှုမှာ မိုနာကိုအသင်းက ကိုလံဘီယာတိုက်စစ်မှူး ဖယ်လ် ကာအိုကို ပေါင် ၅၁သန်း ဖြင့် ခေါ်ယူပြီးနောက်ပိုင်း ပြင်သစ်ဘောလုံးသမိုင်းတစ်လျှောက် ကြေးအမြင့် ဆုံးခေါ်ယူမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။
 
https://www.facebook.com/sayarchanbloger

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U