Related Posts Plugin for WordPress, Blogger...

Thursday, July 18, 2013

"ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်း ကော်မတီ ကို ကော်မတီဝင် ၁၀၉ ဦးဖြင့် ဖွဲ့စည်း"


ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်း ကော်မတီ ကို ကော်မတီဝင် ၁၀၉ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ,က ယနေ့တွင် ထုတ်ပြန်လိုက်သည်။
ယင်းကော်မတီတွင် ဥက္ကဌ အဖြစ်( ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက) ၊ဒုတိယ ဥက္ကဌ အဖြစ်( ဒုတိယ ဥက္ကဌ ပြည်သူ့လွှတ်တော် / အမျိုးသားလွှတ်တော်) ဟု ထုတ်ပြန်ချက်အရသိရသည်။
ထို့ပြင် အဆိုပါကော်မတီ၏ အတွင်းရေးမှုး နှင့် တွဲဖက်အတွင်းရေးကိုမူ
ဥက္ကဌ မှ ရွေးချယ်တင်မြှောက်မည် ဖြစ်ပြီး ကော်မတီ၏ ဦးတည်ချက်များ၊
တာဝန်များ၊လုပ်ပိုင်ခွင့် များ၊ရပိုင်ခွင့်များ၊လုပ်ထုံးလုပ်နည်းများ၊ကော်မတီ
သက်တမ်းတို့နှင့် စပ်လျဉ်း၍ မူကြမ်းတို့ကို အများသဘောတူ စုပေါင်းရေးဆွဲ ရမည်ဖြစ်ကာ ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုချက် ရယူရမည် ဖြစ်ကြောင်း
ထုတ်ပြန်ချက်အရ သိရသည်။
" ကော်မတီကို အချိုးကျ ဖွဲ့လိုက်တာပါ။ အဖွဲ့ချုပ်က ၆ ယောက်ပါတယ်။တပ်မတော်သားကိုယ်စားလှယ်က ၂၅ ယောက်ပါတယ်။တာဝန်တွေ လုပ်ပိုင်ခွင့်တွေ ဆွေးနွေးတဲ့ တဲ့အခါ မှပဲ
ဒါနဲ့ ပတ်သက်လို့ ဆွေးနွေးရမှာပါ" ဟုယင်းကော်မတီ ၀င် အဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်မြင့်(NLD) က ပြောသည်။
အဆိုပါ ကော်မတီ ဖွဲ့စည်းခြင်း နှင့် စပ်လျဉ်း၍ ဇူလိုင်လ ၂၅ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၃၃ အရ လွှတ်တော်၏ အဆုံးအဖြတ်ရယူသွားရန် လျာထား
ထားကြောင်း လွှတ်တော်ရုံး ညွန်ကြားရေးမှုးက ကိုယ်စားလှယ်အားလုံးထံ အကြောင်းကြားစာ ဖြန့်ဝေထားသည်။
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ (သို့မဟုတ်) ကော်မရှင်ကို ဖွဲ့စည်းရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့် က မတ်လ ၂၀ ရက်နေ့ (ဆဌမ
အကြိမ် အစည်းအဝေး) တွင် တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ၄ လခန့် အကြာတွင် ယင်းကဲ့သို့ ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
ထို့ပြင် ကော်မတီသည် ပြည်ထောင်စု အစိုးရ အဖွဲ့ကိုယ်စားလှယ် များမှ စ၍ ပြည်သူများထံမှ အထိ အကြံဥာဏ်များရယူနိုင်ကြောင်း နာယက ၏ ထုတ်ပြန်ချက်တွင် ဖော်ပြရေးသားထားသည်။
Sayar Chan (Mandalay Image)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U