Related Posts Plugin for WordPress, Blogger...

Sunday, July 14, 2013

အလယ်က သမာသမတ် ကျကျရေးတယ်ဆိုတာ ဒါမျိုးကိုခေါ်တာ ....တတိယ ရှုထောင့် နှစ်သက်၍ ရှယ်ပါသည် ။


အမျိုးစောင့်ဥပဒေ; လွှတ်တော် နှင့် လွှတ်တော်အမတ်များ

အမျိုးစောင့်ဥပဒေအား လွှတ်တော်သို့ လူထုဆန္ဒ္ဒဖြင့် တင်သွင်းမှုသည် ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းခဲ့ပြီး ဖြစ်သောမြန်မာနိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီ အသွင်ဆောင်သော ဥပဒေပြုမှု တစ်ရပ်ဟု သုံးသပ်လိုပါသည်။
ယခင် လွှတ်တော်၌ အတည်ပြုခဲ့သော ဥပဒေများမှာ လွှတ်တော်အမတ် တစ်ဦးစ
နှစ်ဦးစ ဖြင့် အဆိုတင်သွင်း။ ထောက်ခံ။
ကန့်ကွက်သူ နည်း၍ အတည်ပြု။ ဤကဲ့သို့
လွှတ်တော်အတွင်းရှိ အမတ်တို့၏ ဆန္ဒမဲဖြင့်သာ အတည်ပြုခဲ့သော ဥပဒေများ
ဖြစ်သည်။ လူထုဆန္ဒ မပါဝင်ခ့ပါ။
ယခု ဒီမိုကရေစီပြည့်ဝသော ဥပဒေ တစ်ရပ်ကိုဖော်ဆောင်ရန် ကြိုးပမ်းလာခဲ့ပါသည်။
ပြည်သူလူထု၏ ဆန္ဒပါဝင်သော သန်းချီသော ထောက်ခံလက်မှတ်ပေါင်း များစွာဖြင့်
အမျိုးစောင့်ဥပဒေ ဟုအများခေါ်နေကြသော
ဥပဒေ တစ်ရပ်ကို ဒီမိုကရေစီ နည်းလမ်းတကျ
တင်သွင်းလျက် ပြည်သူများသည် နိုင်ငံ့ဥပဒေပြုခြင်း လုပ်ငန်းစဉ်၌ ပူးပေါင်း
ပါဝင်လာခဲ့ကြပေသည်။
ပြည်သူ့အသံ လွှတ်တော်အသံ။ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ။ ပြည်သူတို့ရဲ့ လိုလားချက် လွှတ်တော်ဖော်ဆောင်ရွက်
ဟူသော အင်မတန်ကောင်းမွန်လှသည့်
ဆောင်ပုဒ်၏ လက်တွေ့အမှန်တရားကို
ပြည်သူတို့ မျက်ဝါးထင်ထင်တွေ့မြင်ရ ပါတော့မည်။ နိုင်ငံရေးအားမိမိနှင့် မဆိုင်
ဟုသဘောထားလျက် မျက်နှာလွှဲ နေခဲ့သော
ပြည်သူများသည် လွှတ်တော်၏ ဤဥပဒေ
အပေါ် မည်သို့ကိုင်တွယ် ဆုံးဖြတ်မည်ကို
အထူးစိတ်ဝင်စားနေကြသည်။ ဦရွှေမန်းသည်
မြို့မေတ္တာခံယူမယ့်သားပါဗျ လုပ်မည်လော။
ဦးနန္ဒကျော်စွာအားရှေ့တန်းတင်၍နှာစေး
နေမည်လော။ ဦးနန္ဒကျော်စွာသည် ကတ်သီး
ကတ်ဖဲ့ လူမိုက်လုပ်ဦးမည်လော။ စိတ်ဝင်စားမိသည်။
အကယ်၍ ဤဥပဒေသည် မဲခွဲဆုံးဖြတ် ရသည့်အဆင့်သို့ရောက်ရှိသွားလျှင
မြစေတီ ဆရာတော်၏ ကြိမ်းဝါးမှုကို ကြောက်
လန့်နေသော အချို့ပါတီကြီးများက ခလုတ်
နှိပ် ဆန္ဒမဲပေးစနစ်ကို ကြိုတင်လက်ဝါးရိုက်
တောင်းခံထားနိုင်သည်။ ထို့ကြောင့် ကန့်ကွက်သူ
ရှိ မရှိ မေး၍ ကန့်ကွက်လိုသောသူသည်
မတ်တပ်ရပ်၍ ကန့်ကွက်မှသာ ဒီမိုကရေစီပြည့်ဝသေကန့်ကွက်မှု ပွင့်လင်းမြင်သာမှု ရှိသောကန့်ကွက်မှု
ဖြစ်ပေမည်။
တဖန် လွှတ်တော်၌ မိမိတို့စိတ်ကြိုက် ဥပဒေ ပြင်ဆင် အတည်ပြု၍ လူထုဆန္ဒကိုလျစ်လျူရှုကာ
တည်ဆဲဥပဒေများကို ဖက်တွယ်ထားသူ
များရှိပါမည်။ လယ်သမား လယ်ယာ အလုပ်သမားဆိုင်ရာဥပဒေ များကို ပြည်သူ
တို့က ဆန္ဒဖော်ထုတ်ဥပဒေပြင်ဆင်ရန် တင်သွင်းလာလျှင် ဆိုသည့် ခရိုနီတပိုင်း
အမတ်တို့၏ စိုးရိမ်ပူပန်မှု။ သံဃာ့အဖွဲ့အစည်း
အပေါ် တင်းကျပ်ထားခဲ့သည့် ညွှန်ကြားလွှာ
များအား သံဃာထုမှ ဆန္ဒဖော်ထုတ်ပြင်ဆင်
ခွင့်တင်သွင်းလာနိုင်သည့်ကိစ္စ။ ဤကိစ္စများအားလုံးသည် ယခု လူထုဆန္ဒ
ဖြင့်ပထမဆုံးတင်သွင်းမည့် အမျိုးစောင့်
ဥပဒေ အပေါ် လွှတ်တော်၏ ကိုင်တွယ်မှု။
ဤဥပဒေအပေါ် အလေးထားဆုံးဖြတ်မှု
ဆုံးဖြတ်ချက်များ ပွင့်လင်းမြင်သာမှု
သမာသမတ် ဖြင့် ရိုးသားစွာ ရပ်တည်မှု။
ဤအချက်တို့သည် ကျွန်ုတို့ မြန်မာနိုင်ငံ
ဒီမိုကရေစီ မည်မျှ ရရှိနေပြီဖြစ်ကြောင်း
ပြသသွားမည့် သက်သေ လက္ခဏာများ
ဟုထင်မြင်ယူဆမိပေသည်။
 Sayar Chan (Mandalay Image)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U