Related Posts Plugin for WordPress, Blogger...

Tuesday, July 9, 2013

အာဇာနည်နေ့ အတွက် ပြည်သူတိုင်းတန်ဖိုးထားသော အစဉ်လာဟောင်းအားပြန်လည် ဖော်ဆောင်ကြပါရန်..



အာဇာနည်နေ့တွင် ဥသြဆွဲဂုဏ်ပြုမှုကို ၁၉၆၁-၆၂ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ပြီး ဥသြဆွဲချိန် မနက် ၁ဝ နာရီ ၃၇ မိနစ်တွင် နှစ်မိနစ်ခန့် ယာဉ်၊ လူများရပ်တန့်ကာ ဂုဏ်ပြုခဲ့ကြခြင်း ဖြစ်သည်။ ၁၉၈၈ စစ်အစိုးရတက်လာပြီးနောက်ပိုင်းတွင် နိုင်ငံတ၀ှမ်း ရှိ အာဇာနည်နေ့ အခမ်းအနားများကို အကျဉ်းချုံ့ ကျင်းပခဲ့ပြီး ဥသြဆွဲ ဂုဏ်ပြုသည့် အလေ့အထ ကိုပါ ဖျောက်ဖျက်ခဲ့သည် ။

မြန်မာနိုင်ငံအနှံအပြားရှိ ဆန်စက်ကြီးများ အပါအ၀င် စက်ရုံကြီးများ ၊ ယာဉ်များ မှ ဥသြဆွဲဂုဏ်ပြုခဲ့ပြီး လမ်းမများပေါ်တွင် သွားလာလှုပ်ရှားနေကြသည့် ပြည်သူအပေါင်းက ပါ ယင်း ဥသြဆွဲသံကြားသည်နှင့် ရောက်ရှိသည့်နေရာတွင်ပင် ရပ်တန့်ကာ လေးစားစွာဖြင့် ဂုဏ်ပြုခဲ့ကြသည်။ မိမိတို့ ငယ်စဉ်ကမူ ဆွမ်းခံပြန်သည့် ဘုန်းတော်ကြီးများကပင် ရပ်တန့်ကာ ဂုဏ်ပြုခဲ့ကြသည် ကိုပင်မြင်တွေ့ဘူးခဲ့ကြသည်။

ရန်ကုန်ကဲ့သို့  မြို့ ကြီးများတွင် အာဇာနည်နေ့အတွက်ကျဆုံးသွားသော ခေါင်းဆောင်ကြီးများအား သွားရောက်ဂါဝရပြုနိုင်သည့် အာဇာနည်ဗိမာန်ကဲ့သို့ နေရာများရှိသော်ငြားလည်း ၊ နယ်မြို့ များအတွက်မူ ဥသြဆွဲ သံကြားသည်နှင့် ရပ်တန့်အလေးပြုနိုင်သည် အနေအထားတွင်သာ ရှိနေသည်ဖြစ်၍ နိုင်ငံတ၀ှမ်းလုံး ပါဝင်နိုင်မည့် ဥသြဆွဲ ဂုဏ်ပြုခြင်းကို ပြန်လည်ဖော်ဆောင်ရန် လိုအပ်သည်ဟု ယူဆသည်။

ထို့ ကြောင့် ယခုလို ပြန်လည်ပွင့်လင်းကာစ မြန်မာနိုင်ငံတွင် တိုင်းပြည်၏ကြီးမြတ်သော အစဉ်အလာများကို ပြန်လည်ဖော်ဆောင်ပြီး တာဝန်သိပြည်သူတိုင်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းနိုးဆော်လိုက်ရပါသည်။

( အာဇာနည်နေ့တွင် ဥသြဆွဲ ဂုဏ်ပြုခြင်းကို ပြန်လည်တမ်းတ လိုလားသူတိုင်း ယခုပို့ စ်အား ထပ်ဆင့်မျှဝေခြင်းသော်လည်းကောင်း ၊ အလားတူပို့စ်များရေးသား နိုးဆော်၍သော်လည်းကောင်း ပါဝင်ဆောင်ရွက်ကြပါရန်..)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U