Related Posts Plugin for WordPress, Blogger...

Sunday, July 14, 2013

ဝန်ထမ်းတွေ လဘ်ပေးလဘ်ယူမှုလုပ်တာကို.....တိတိကျကျတိုင်ကြားရင် အရေးယူမယ်တဲ့......



ဝန်ထမ်းတွေလဘ်ပေးလဘ်ယူမှုလုပ်နေတာကို.... ပြည်သူတွေအနေနဲ့ တိတိကျကျသက်သေပြနိုင်ဖို့ခက်ခဲတယ်ဆိုတာ...အဲ့ဒီလူတွေမသိတာလား။ မသိချင်ယောင်ဆောင်တာလား။

ဥပဒေကို ဖောက်ဖျက်တဲ့သူနဲ့....အကျင့်ပျက်ဝန်ထမ်း......
ရှုပ်ထွေးတဲ့လုပ်ထုံးလုပ်နည်းနဲ့...အကျင့်ပျက်ဝန်ထမ်း......
အခွင့်အရေးကိုလဘ်ပေးယူမယ့်သူနဲ့...အကျင့်ပျက်ဝန်ထမ်း....
စတဲ့..စတဲ့...အခြေအနေတွေကြားထဲမှာ.... ၀န်ထမ်းဆိုးတွေ....လဘ်ပေးလဘ်ယူမှုလုပ်နေတာကို ဖော်ထုတ်ရမယ့် တာဝန်က ပြည်သူတွေဆီမှာပဲရှိလား။ အစိုးရက တိုင်မှ အရေးယူမယ့် အလုပ်ပဲလုပ်မှာလား။

အမှန်က.... ၀န်ထမ်တွေ လဘ်ပေးလဘ်ယူမှုလုပ်တာကို ဖော်ထုတ်ရမယ့် တာဝန်က အစိုးရမှာပဲ ၁၀၀ရာခိုင်နှုန်းရှိတယ်လို့ ယူဆတယ်....တိုင်းပြည်ကိုချစ်တဲ့ အစိုးရဆိုရင်ပေါ့ဗျာ.....

ဝန်ထမ်တွေကို အကျင့်ပျက်လဘ်ပေးလဘ်ယူမှုကို အစိုးရအနေနဲ့ လျော့နည်းအောင်လျှော့ချချင်တယ်ဆိုရင် လွယ်လွယ်လေးပါဗျာ......

လဘ်ပေးလဘ်ယူမှု ဖော်ထုတ်အရေးယူရေးအဖွဲ့တစ်ခုခု ဖွဲ့ပြီး.... နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဌာနတွေမှာ စုံစမ်းဖော်ထုတ်။ဌာနဆိုင်ရာအကြီးအကဲတွေ နိုင်ငံဘဏ္ဍာငွေတွေ အလွဲသုံးစားလုပ်နေလား စုံစမ်းဖော်ထုတ်အရေးယူမယ်ဆိုရင်..... ၀န်ထမ်းဆိုးတွေ လဘ်ပေးလဘ်ယူမှုလုပ်တာ...ထိုက်သင့်သလောက်တော့ လျော့မယ်လို့ ယူဆမိပါတယ်။

အခုတော့....အစိုးရက ....သူလုပ်ရမယ့်တာဝန်ကို...ပြည်သူကိုလာပေးနေလေရဲ့.....

အော်...သူတို့ပြောတဲ့...ပြည်သူကိုချစ်ပါတယ်ဆိုတာက..တာဝန်ပေးဖို့များလားဗျာ......
 
Sayar Chan(Mandalay Image)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U