_______________
မိုးကာလ နံနက်ခင်းမို့ မိုးကောင်းကင်တစ်ခုလုံး အုံ့အုံ့ဆိုင်းဆိုင်းနှင့် မိုးဖွဲဖွဲကျနေသည်..။ ထိုနေ့ (၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ ၁၉ ရက်)...။
ဝန်ကြီးများ အစည်းအဝေးသည် အတွင်းဝန်များရုံး အဆောက်အဦး ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းတွင် 'ဂ' ငယ်ပုံ အစည်းအဝေးစားပွဲကြီး၌ နံနက် ၁၀ နာရီခန့် အချိန်တွင် စတင်ကျင်းပရာ ထိပ်စားပွဲ အလယ်၌ ဗိုလ်ချုပ်အောင်ဆန်းထိုင်သည်...
နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် လူသတ်သမားများရောက်လာချိန်၌ ၀န်ကြီးများ အစည်းအဝေးတွင် ရှိနေသော အလှည့်ကျ အစိုးရအတွင်းဝန်မှာ ဦးအုန်းမောင်ဖြစ်သည်..။ ဦးအုန်းမောင် ရောက်လာပြီး သုံး လေး မိနစ်ခန့်အကြာတွင် လူသတ်သမားများ ရောက်လာခြင်းဖြစ်သည်..။ အစည်းအဝေး အစီအစဉ်အရ ထိုအချိန်သည် ဦးအုန်းမောင်၏ အလှည့် မကျရောက်သေး..။ သံအမတ်ဟောင်း(ထိုအချိန်က အတွင်းဝန်) ဦးကြင်၏အလှည့် ဖြစ်သည်...။ ဦးအုန်းမောင်က မိမိတွင် အခြားအရေးကြီးသော ကိစ္စတခု ရှိနေသေးကြောင်း ဦးကြင်အားပြောပြခွင့်ပန်ပြီးလျှ
ထိုနေ့က ကျွန်တော်ထိုင်သော နေရာသည် လူသတ်သမားများ ၀င်လာသောတံခါးကို မျက်နှာမူလျက် ဖြစ်သည်..။ တံခါးစောင့်ရုံးစေကို ဖယ်ရှား၍ တံခါးကိုတွန်းပြီးဝင်လာကြသော စစ်ဝတ်စုံဝတ် လူသုံးလေးယောက်ကိုမြင်ရသောအခါ ကျွန်တော်၏စိတ်၌ 'အရေးတကြီး ကိစ္စတခုအတွက် ဗိုလ်ချုပ်ထံသို့ သတင်းပို့ရန် လာခြင်းဖြစ်မည် ၊ ဒို့လူတွေဟာ နားမလည်ချက် ဆိုးရွားလှသေးသည် ၊ ၀န်ကြီးများ အစည်းအဝေးခန်းထဲ လာတာတောင်သေနတ်တွေ အပြင်မှာမထားခဲ့ဘူး ၊ ဗိုလ်ချုပ်အား သူ့လူတွေ ဤကဲ့သို့ နောက် မလုပ်ရန် ဆုံးမထားပါဟုပြောဦးမည်...' ဟု... စိတ်ကူးနေစဉ် ရှေ့ဆုံးမှဝင်လာသူသည် အစည်းအဝေး စားပွဲကြီး၏ 'ဂ' ငယ်ပုံ အ၀ မှဝင်၍ အလယ်၌ခြေစုံ ရပ်ပြီးလျှင် ဗိုလ်ချုပ်အားစ၍ ပစ်လေတော့သည်..။ ဗိုလ်ချုပ်သည် ထိုင်ရာမှထ၍ လက်ကာပြပြီးလျှင် တခုခု အော်၍ပြောသည်..။ ကောင်းကောင်းနားမလည်လိုက်ပါ...။
___________________________
သေနတ်သံများ စဲသွားပြီးနောက် လူသတ်သမားများထွက်သွား၍ အသံပလံများ ဆိတ်ငြိမ်သွားသောအခါတွင်မူ... ကျွန်ုပ်နှင့် ၀န်ကြီးဦးဘဂျမ်းတို့သည် ၀မ်းလျားမှောက်နေရာမှ ထပြီး စားပွဲပတ်ဝန်းကျင်ကို ကြည့်မိကြသည်...။ ကျွန်ုပ်မှတ်မိသောမြင်ကွင်းကို ဖော်ပြရလျှင် ပေ ၄၀ ခန့်မျှရှိသော ခန်းမကြီးတခုလုံး ဆီးနှင်းများ ကျသကဲ့သို့ယမ်းငွေ့များ တထောင်းထောင်းနှင့် ဖုံးလွှမ်းနေပြီး ကျည်ဆံများကလည်း ကြမ်းပြင်ပေါ်တွင် ပြန့်ကြဲ၍ နေပေသည်...။
ဗိုလ်အောင်ကျော်လမ်း(ထိုစဉ်က စပတ်လမ်း) ဖက်သို့ မျက်နှာပြုထားသော ဂငယ်သဏ္ဍာန် စားပွဲထိပ်နှင့် ခပ်လှမ်းလှမ်းကြမ်းပြင်ပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်းမှာ တုံးလုံးလဲလျက်ငြိမ်သက်နေသည်...
စားပွဲလက်ယာဖက်တွင် မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်းက သူ၏ ကုလားထိုင်ပေါ်တွင်ပင်ထိုင်လျက် စာပွဲပေါ်သို့ ကုန်း၍လက်ထောက်ထားပြီး ပါးစပ်မှ သွေးများ ယိုစီးကျနေသည်..။ စာပွဲလက်ဝဲဖက်တွင် ထိုင်နေကြသောဝန်ကြီး သခင်မြသည် စာပွဲထိပ် လက်ဝဲဖက်ထောင့် စာပွဲအောက်နား၌ မှောက်လျက်လဲနေရာသေဆုံးနေပြီဟု ယူဆရသည်..။ ၀န်ကြီး ဦးရာဇတ် ၊ ၀န်ကြီး ဒီးဒုတ်ဦးဘချို ၊ ၀န်ကြီး ဦးဘ၀င်း နှင့် ၀န်ကြီး မန်းဘခိုင်တို့သည် သူတို့ထိုင်မြဲ ကုလားထိုင်များတွင်ခေါင်းငိုက်စ
တတိယအတွင်းဝန် ဦးအုန်းမောင် မည်သည့်ပုံစံဖြင့် သေဆုံးနေသည်ကိုမူ မမှတ်မိတော့ပါ..။ (-ဦးအောင်ဇံဝေ)
နိုင်ငံတော် လုပ်ကြံမှုကြီး ၊ ပြည်ထောင်စု နှင့် ဦးစော စာအုပ်မှ..
0 comments:
Post a Comment