Related Posts Plugin for WordPress, Blogger...

Monday, July 22, 2013


ယခင် နအဖအစိုးရ အကြီးအကဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟေ
ာင်း
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) တာဝန်ထမ်းဆောင်စဉ်က
၎င်း၏ကိုယ်ရေးအရာရှိအဖြစ် ဆောင်ရွက်ခဲ့သူ ဗိုလ်ချုပ်စိုးရှိန်သည်
ဇူလိုင်လ (၉)ရက်နေ့ က နေပြည်တော် လယ်ဝေးရှိ လယ်ယာလုပ်ကိုင်နေသူ
အချို့ ကို သေနတ်ဖြင့်ခြိမ်းခြောက်ခြင်း၊ အုပ်စုဖြင့် လက်နက်ကိုင်
ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ပြီး ယင်းကိစ္စကို သက်ဆိုင်ရာ
ရဲစခန်းနှင့် တရားရုံးများသို့ တိုင်ကြားခဲ့သော်လည်း အရေးယူမှု မရှိခဲ့ပေ။

နေပြည်တော် လယ်ဝေးမြို့ နယ်မှ လယ်ယာလုပ်ကိုင်သူ ကိုအောင်သန်းဦးက
သူသည် လယ်ယာမြေအတွင်း ပေါင်းပင်များရှင်းလင်းနေစဉ် ဗိုလ်ချုပ်စိုးရှိန်က
လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ မျက်မြင်သက်သေများက
ဗိုလ်ချုပ်စိုးရှိန်သည် ကိုအောင်သန်းဦးကို အလုပ်လုပ်ရာမှ ရပ်တန့် ရန်နှင့်
ချက်ချင်းလယ်မြေမှ ထွက်ခွာသွားရန်၊ ပြောသည့်အတိုင်း မပြုလုပ်ပါက
သေနတ်ဖြင့် ပစ်ခတ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု မြန်မာတိုင်းမ်းကို
ပြောခဲ့သည်။ ဗိုလ်ချုပ်စိုးရှိန်နှင့် ပါလာသောအဖွဲ့ ဝင်က ကိုလှိုင်ဖြိုးဝင်းကို
ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ကြောင်း ပြောခဲ့သည်။ ကိုအောင်သန်းဦးက
သူ့ အနေဖြင့် ဗိုလ်ချုပ်စိုးရှိန် သေနတ်ကို ဆွဲထုတ်လိုက်သည့်အချိန်
ကြောက်ရွံ့ စိုးရိမ်မိကြောင်း ပြောခဲ့သည်။

“ဗိုလ်မှူးချုပ်စိုးရှိန်က သူ့ သေနတ်ကိုဆွဲထုတ်ပြီး ကျွန်တော့်ခေါင်းကိုချိန်ခဲ့တယ်
ပြီးတော့ ကျွန်တော်အလုပ်လုပ်နေတာကို ရပ်ဖို့ ခိုင်းတယ်။ ကျွန်တော်ကြောက်ပြီး
ထွက်ပြေးတယ်။ ဒါပေမယ့် သူအနောက်ကလိုက်လာတယ်။
(အဖော်ငါးယောက်လောက်ပါ) ပြီးတော့ သူတို့ လက်ထဲမှာ ဓားတွေပါတယ်” ဟု
ပြောခဲ့သည်။ ယင်းလယ်တွင် စာရင်းငှားလုပ်ကိုင်နေသူ ကိုဇော်မင်းက နေ့ လယ်
၁၁ နာရီခန့် အချိန်တွင် ဗိုလ်ချုပ်စိုးရှိန်နှင့်အဖွဲ့ သည် အဆိုပါလယ်မြေသို့ 
ယာဉ်နှစ်စီးဖြင့် ရောက်ရှိလာခဲ့ကြောင်းပြောခဲ့သည်

“သူတို့ နှမ်းခင်းတွေနားမှာ ယာဉ်ကိုရပ်လိုက်ပါတယ်။ ပြီးတော့ သူတို့ လယ်ထဲ
ဝင်လာကြတယ်။ ပြီးတော့ ကျွန်တော်တို့ အလုပ်လုပ်နေတာကို ရပ်ဖို့ ပြောတယ်။
ဗိုလ်ချုပ်စိုးရှိန်က သူ့ သေနတ်ကိုဆွဲထုတ်ပြီး သူ့ (ကိုအောင်သန်းဦး)ကို
ချိန်ပြီးတော့ အလုပ်လုပ်တာရပ်ဖို့ ပြောတယ်။ သူကြောက်ပြီးတော့ ရွာဘက်ကို
ထွက်ပြေးတယ်။ ဒါပေမယ့်ဗိုလ်ချုပ်စိုးရှိန်နဲ့ သူ့ အဖော်တွေက သူ့ နောက်ကို
ဓားတွေနဲ့ လိုက်ကြတယ်” ဟုကိုဇော်မင်းက ပြောသည်။

ယင်းဖြစ်စဉ်အပေါ် ဗိုလ်ချုပ်စိုးရှိန်က “သူတို့ တွေကို ဒီလိုမလုပ်ဖို့ 
ကျွန်တော် အမြဲတမ်းသတိပေးခဲ့တာ။ ဥပဒေကြောင်းအရ ဒီလယ်မြေကို
ကျွန်တော်ပိုင်တယ်။ ဒါပေမယ့် သူတို့ က ဒီမှာဆက်နေတုန်းဘဲ။
ဒါ့ကြောင့် သူတို့ ကို ချက်ချင်းထွက်သွားအောင် နည်းနည်းလေးသတိပေး
လိုက်တာပါ” ဟု Myanmar Time တွင် ပြောကြားထားသည်။

ဗိုလ်ချုပ်စိုးရှိန်က ၄င်းကိုယ်တိုင်ဝန်ခံပြောကြားမှုရှိခဲ့သော်လည်း သက်ဆိုင်ရာ
ရဲစခန်းနှင့် တရားရုံးတို့ က အရေးယူမှုမရှိကြောင်း ဒေါ်စန္ဒာမင်း (ဇဗ္ဗူသီရိမြို့ နယ်
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်)က..

“ကျွန်မတို့ ရုံးကိုလာပြီးတော့ မြေယာသိမ်းတဲ့ကိစ္စတွေနဲ့ ပက်သက်ပြီး
လာပြီးတိုင်ကြားပါတယ်။ တိုင်ကြားတဲ့အခါမှာ ကျွန်မကြည့်လိုက်တဲ့အခါ သူတို့ စာလည်းရေးထားတယ်ပေါ့နော်။ ပထမတော့ သူတို့ သက်ဆိုင်ရာနယ်မြေရဲ့ 
လယ်ဝေးရဲစခန်းကို သွားတိုင်တဲ့အခါ လယ်ဝေးရဲစခန်းက အရေးယူမပေးဘူး။
တရားရုံးကို ဦးတိုက်လျှောက်ပါလို့ ပြောတယ်။ တရားရုံးကို ဦးတိုက်လျှောက်တော့
သူတို့ နဲ့ မသက်ဆိုင်ဘူး။ ရဲစခန်းမှာဘဲ အမှုပြန်ဖွင့်ပါလို့ ပြောတော့
သူတို့ အမှတ် (၁) ရဲစခန်းကို အကြောင်းကြားတော့ အရေးယူပေးပါ့မယ်လို့ 
ပြောတယ်။ သူတို့ အမှတ် (၁) ရဲစခန်းကို ရောက်လာတဲ့အခါမှာလည်း အမှတ် (၁)
ရဲစခန်းက အရေးယူမပေးပါဘူး။ ဒီကိစ္စနဲ့ ပက်သက်ပြီး ဘာကိုမှအရေးမယူဘူး” ဟု
ပြောသည်။

ရဲစခန်းမှာ လယ်ယာမြေကိစ္စများကို လွှတ်တော်မှ ဖြေရှင်းပေးနေ၍
လွှတ်တော်တွင်သာ သွားဖြေရှင်းရန်ပြောကြား၍ လယ်သမားများမှ
လယ်ယာမြေရရှိရေး တိုင်ကြားခြင်း မဟုတ်ဘဲ လက်နက်ပြခြိမ်းခြောက်တဲ့အတွက် လာရောက်တိုင်ကြားရခြင်းဖြစ်ကြောင်းကို ဆိုသော်လည်း အရေးယူပေးခြင်းမရှိဟု
ဒေါ်စန္ဒာမင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယခုပြဿနာဖြစ်ပွားနေသော လယ်ယာမြေနှင့်ပက်သက်၍ လယ်သမားများသည်
လွန်ခဲ့သော နှစ်ပေါင်း (၂၀)ကပင် လုပ်ကိုင်နေကြသည်မှာ မှန်သော်လည်း
၎င်းတို့ တွင် ပိုင်ဆိုင်မှုအထောက်အထား မပြသနိုင်ကြောင်းနှင့် ပြဿနာ
ဖြစ်ပွားသော တပ်မတော်အရာရှိကမူ ထိုနေရာတွင် ဧက (၃၀) မျှ ပိုင်ဆိုင်ကြောင်း အထောက်အထား လုပ်ထားနိုင်ကြောင်းနှင့် လွန်ခဲ့သော (၂)နှစ်ကပင်
၎င်းနာမည်ဖြင့် မြေခွန်ဆောင်လျက်ရှိသည်ဟု ဒေါ်စန္ဒာမင်းက ပြောသည်။

လယ်ယာမြေကိစ္စအပေါ် ဗိုလ်ချုပ်စိုးရှိန်သည် လယ်ယာမြေဥပဒေကို ချိုးဖောက်ကာ
လယ်ဝေးမြို့ နယ်အတွင်း လယ်မြေဧက (၅၀၀)ကို ၂၀၁၀ - ၂၀၁၁ ခုနှစ်က
ရယူသွားကြောင်း Myanmar Time တွင် ဖော်ပြထားသည်။

ယခုဖြစ်ရပ်နှင့် ပက်သက်၍ ၀ါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က..

“ဦးသန်းရွှေလို ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ကိုယ်ရေးအရာရှိဖြစ်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်
အနေနဲ့  ဒီလိုဟာမျိုးကို ထိန်းသိမ်းသင့်တယ်လို့ ယူဆတယ်။ ဦးသန်းရွှေရဲ့ 
မြေးတစ်ယောက်က ဟိုတလောက ယာဉ်ထိန်းရဲတစ်ယောက်ကို ပါးရိုက်တာ
ဆိုတာမျိုးတွေ၊ အခု သူနဲ့ ပက်သက်တဲ့လူတစ်ယောက်က ဒီလိုလုပ်တယ်ဆိုတဲ့
အခါကျတော့ တိုင်းပြည်မှာ သူတို့ ရဲ့ ပုံရိပ်က မကောင်းနိုင်ဘူး။ အမှန်တော့
တိုင်းပြည်မှာ သူတို့ ရဲ့ ပုံရိပ်ကလည်း ကောင်းတာလည်း မရှိပါဘူး။
ဒီလိုမကောင်းတဲ့အထဲမှာ ဒီလိုထပ်ပြီးဖြစ်တယ်ဆိုရင်တော့ သူတို့ နဲ့ 
ပက်သက်တဲ့လူတွေ အကုန်လုံးကနေ တားဆီးပြုပြင်မှုလုပ်သင့်တယ်လို့ 
ထင်တယ်..” ဟု ပြောသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U