Related Posts Plugin for WordPress, Blogger...

Saturday, August 24, 2013

လူမင်းနှင့် အမှုဆောင်အဖွဲ့ နုတ်ထွက်ပေးရန် ရုပ်ရှင်လောကသား ၄၀ ဆန္ဒပြမည်ဟုဆို



ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သက်တမ်း နှစ်လကျော်သာ ရှိသေးသော ဦးလူမင်းနှင့် အမှုဆောင်အဖွဲ့ကို အနုပညာ လောကသားများ၏ အကျိုးစီးပွားနှင့် နစ်နာမှုများကို ကာကွယ် စောင့်ရှောက်မှု မပေးနိုင် သဖြင့် နုတ်ထွက်ပေးရန်အတွက် သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမ အနီး ဧမာနွေလ ဘုရားကျောင်းရှေ့ တွင် ရုပ်ရှင် လောကသား ၄၀ ဦးက ဆန္ဒပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း ယင်းဆန္ဒပြပွဲတွင် ပါဝင်သည့် ဆု ဗီဒီယိုထုတ်လုပ်ရေးမှ ဒေါ်စန်းစန်းမော်က The Voice သို့ ပြောကြားသည်။

ယင်းဆန္ဒပြပွဲအတွက် ကျောက်တံတားမြို့နယ် ရဲစခန်းမှ ခွင့်ပြုချက်လည်း ကျထားပြီ ဖြစ်ကြောင်း၊ ဆန္ဒပြပွဲ တွင် အနုပညာ လောကမှ ထုတ်လုပ် ဖြန့်ချိ လုပ်ငန်းရှင်များ၊ စက် အဖွဲ့များ၊ ဒါရိုက်တာများနှင့် သရုပ် ဆောင်များ စသည်ဖြင့် အလွှာစုံမှ အနုပညာ လောကသား ၄၀ ဦး ပါဝင်မည် ဖြစ်ကြောင်း၊ ၎င်းက ထပ်လောင်း ပြောကြားသည်။

“အစည်းအရုံးက နာယက အဖွဲ့ဝင်တွေရော၊ ရှေ့မီနောက်မီ လူကြီးတွေ ကိုရော ကိုယ်မေးကြည့်တယ်။ ဒီလို ဖြစ်ရပ်မျိုးက မြန်မာ့ရုပ်ရှင် သမိုင်းမှာ တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးဘူး။ အခု ရှိလာပြီပေါ့။

နောင်တစ်ချိန်ကျတော့ ဒီအဖြစ်အပျက်က

ရုပ်ရှင် သမိုင်းမှာ စာမျက်နှာတစ်ခု ဖြစ်မှာပေါ့။ ကိုယ့်အနေနဲ့ ကတော့ ထွေထွေထူးထူး ဘာမှ ပြောစရာ မရှိပါဘူး။ ဆန္ဒပြတယ် ဆိုတာကလည်း လုပ်ထုံးလုပ်နည်းအရ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက် တောင်းခံခဲ့တယ်။ ခွင့်ပြုချက်လည်း ကျပြီးမှ ပြတာ ဆိုတော့ ဒါက နိုင်ငံသား တိုင်းရဲ့ အခွင့်အရေး တစ်ခုပါ။ အဲ့ဒီအပေါ်မှာ ကိုယ့်အနေနဲ့ သဘောတူခြင်း၊ ကန့်ကွက်ခြင်း လုံးဝ မရှိပါဘူး။ ဆန္ဒပြချင်ရင် ဆန္ဒ ဖော်ထုတ်ပါစေ” ဟု ယင်းသို့ ဆန္ဒပြတောင်းဆိုမှု ပေါ်ပေါက် လာခြင်းနှင့် ပတ်သက်၍ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ၎င်း၏ သဘောထားကို ဖွင့်ဟသည်။

ဟာသ သရုပ်ဆောင် ငှက်ပျောကြော်ကလည်း “အထူးသဖြင့် ဒီလိုအချိန် ဘယ်သူတွေ ပြမယ်၊ ဘာကြောင့် ပြမယ်ဆိုတာ မသိပါဘူး။ ရုပ်ရှင်လောက သား အချင်းချင်း မသင့်မမြတ်ဖြစ်နေတာကို မကြိုက်ဘူး။ အလုပ် လုပ်ကြတဲ့ သူတွေဆိုတာ အမှား ရှိကြမှာပဲ။ ထစ်ခနဲရှိ အပြစ်ပေးတာမျိုး၊ တုံ့ပြန်ကြတာ မျိုး မလုပ်ကြဘဲ အသိပေးတာမျိုး၊ ညှိနှိုင်းတာမျိုး လုပ်ကြမယ်ဆိုရင် ပိုအဆင်ပြေမှာပါ” ဟု ယင်းဆန္ဒပြပွဲနှင့် ပတ်သက်၍ မှတ်ချက်ပြုသည်။

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဟောင်း ဦးဇင်ဝိုင်းသည် ၎င်း၏ ကျန်းမာရေး အခြေအနေကြောင့် ၂၀၁၃ ခုနစ် ဇွန်လ ၇ ရက်နေ့တွင် တာဝန်မှ အနားယူ ခဲ့သဖြင့် ရုပ်ရှင် အစည်းအရုံး နာယကများ၏ ဆုံးဖြတ်ချက်အရ ဒု ဥက္ကဋ္ဌ ဦးလူမင်းက ဥက္ကဋ္ဌအဖြစ် လွှဲပြောင်း တာဝန်ယူခဲ့ခြင်း ဖြစ်သည်။


Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U